နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၅ ဘယ်လွန်ဒေါ ဆုပေးပွဲ အနှစ်ချုပ်

ညက ကျင်းပသွားခဲ့တဲ့ ဘယ်လွန်ဒေါ ဆုပေးပွဲ အခမ်းအနားမှာ အားလုံး ကြိုတင် မျှော်လင့်ထားတဲ့ ကစားသမားတွေပဲ ဆုတွေကို ရရှိသွားခဲ့ကြပါတယ်။ ဒါ့အပြင် ဆုအများစု ကိုတော့ ပြီးခဲ့တဲ့ ရာသီက ပြည်တွင်းနဲ့ ဥရောပမှာ အောင်မြင်မှုတွေ ရရှိခဲ့ကြတဲ့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ကစားသမား အများစု သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါဆု ကိုတော့ ပီအက်စ်ဂျီက ပြင်သစ် တိုက်စစ် ကစားသမား အူစမန်နီ ဒမ်ဘီလီက ဆွတ်ခူးသွားခဲ့ပါတယ်။ ဒမ်ဘီလီက ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီနဲ့ အတူ ၄၉ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းကာ၊ ၁၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်သားက ပီအက်စ်ဂျီတို့ ပြည်တွင်းဖလာ ၃ လုံးနဲ့ ချန်ပီယံလိဂ် တို့ ရရှိရာမှာ အဓိက နေရာ ကနေ ပါဝင်ခဲ့ပြီး ဘယ်လွန်ဒေါဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဘယ်လွန်ဒေါဆု (Ballon d’Or Fminin) ကိုတော့ စပိန်နဲ့ ဘာစီလိုနာ ကွင်းလယ်လူ အီတာနာ ဘွန်မာတီက ရရှိခဲ့ပြီး ၃ နှစ် ဆက်တိုက် ဒီဆုကို ပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားဆု ဖြစ်တဲ့ Men’s Kopa Trophy ကိုတော့ ဘာစီလိုနာရဲ့ စပိန် တိုက်စစ် ကြယ်ပွင့်လေး လာမင်း ယာမယ်က ရရှိသွားခဲ့ပါတယ်။ ဒီဆုကိုတော့ ယာမယ်ကို ၂ နှစ်ဆက်တိုက် ရရှိခဲ့တာ ဖြစ်ပြီး သူ့အနေနဲ့ ဘယ်လွန်ဒေါဆု အတွက် ရပ်တည်မှု မှာတော့ အဆင့် ၂ နေရာမှာ ရှိခဲ့ပါတယ်။

အမျိုးသမီး လူငယ် ကစားသမားဆု Women’s Kopa Trophy ကိုတော့ ဘာစီလိုနာ တိုက်စစ်မှူး ဗစ်ကီ လိုပက်ဇ်က ရရှိခဲ့ပြီး ဂိုးသွင်း အများဆုံး အမျိုးသမီး ကစားသမားဆု Gerd Mller Trophy (Women) ကိုလည်း ဘာစီလိုနာက ပိုလန်သူ အီဝါပါယောက ရရှိသွားခဲ့ပါတယ်။ အမျိုးသား ဂိုးသွင်းအများဆုံး ကစားသမားဆု ဖြစ်တဲ့ Gerd Mller Trophy (Men) ကိုတော့ စပို့တင်းလစ္စဘွန်း (လက်ရှိ အာဆင်နယ်) တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်က ရရှိခဲ့ပါတယ်။

အမျိုးသမီး ဘယ်လွန်ဒေါဆု (Ballon d'Or Fminin) ကိုတော့ စပိန်နဲ့ ဘာစီလိုနာ ကွင်းလယ်လူ အီတာနာ ဘွန်မာတီက ရရှိခဲ့ပြီး ၃ နှစ် ဆက်တိုက် ဒီဆုကို ပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီကလည်း ဘာစီလိုနာ အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘွန်မာတီ

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု Men’s Yashin Trophy ကိုတော့ ပီအက်စ်ဂျီ (လက်ရှိ မန်စီးတီး) ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားက ရရှိခဲ့ပါတယ်။ အမျိုးသမား ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု ဖြစ်တဲ့ Women’s Yashin Trophy ကိုတော့ ချဲလ်ဆီးက အင်္ဂလန် လက်ရွေးစင် ဂိုးသမာ ဟန်နာ ဟမ်တန်က ရရှိခဲ့ပါတယ်။

Socrates Award ကိုတော့ ပီအက်စ်ဂျီ အတွက် တစ်ရာသီ အတွင်း ဆုဖလား ၄ လုံးနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ စပိန် လူမျိုး နည်းပြ လူးဝစ္စ အန်နရီကေးက ရရှိခဲ့ပါတယ်။ ဒါ့အပြင် အန်နရီကေးက တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဖြစ်တဲ့ Men’s Coach of the Year ကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အန်နရီကေး အနေနဲ့ ဆုပေးပွဲကို တက်ရောက်နိုင်ခြင်း မရှိတာကြောင့် ဗီဒီယိုနဲ့ပဲ ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး နည်းပြဆု Women’s Coach of the Year ကိုတော့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နယ်သာလန် လူမျိုး နည်းပြ ဆာရီနာ ဗိဂ်မန်းက ရရှိသွားခဲ့ပါတယ်။

အသင်းလိုက်ဆုတွေ အဖြစ် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားအသင်းဆု Men’s Club of the Year ကိုတေ့ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီက ရရှိသွားခဲ့သလို တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးအသင်းဆု Women’s Club of the Year ကိုတော့ ဥရောပ (အမျိုးသမီး) ချန်ပီယံ ဖြစ်တဲ့ အာဆင်နယ်က ရရှိသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်