နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးဝမ်းမှာ လက်ရှိချန်ပီယံတွေပဲ ဗိုလ်စွဲနိုင်ခြေ အမြင့်ဆုံး ဖြစ်နေကြောင်း တွက်ချက် ထုတ်ပြန်လိုက်တဲ့ CIES

၂၀၂၅-၂၀၂၆ ရာသီရဲ့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ် ပြိုင်ပွဲ ၁၅ ခုမှာ ဘယ်အသင်းတွေ ဗိုလ်စွဲမလဲ ဆိုတာကို စူပါကွန်ပြူတာက ခန့်မှန်း တွက်ချက်ပေးလိုက်ပြန်ပါတယ်။ ဥရောပရဲ့ ထိပ်တန်း လိဂ် ၅ ခု အတွက် စူပါကွန်ပြူတာရဲ့ တွက်ချက်မှုကို ကြည့်ရင်တော့ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်၊ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်၊ စီးရီးအေမှာ အင်တာမီလန်၊ ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ်နဲ့ လီဂူးဝမ်း မှာတော့ ပီအက်စ်ဂျီ တို့က ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အမြင့်ဆုံး အသင်းတွေ ဖြစ်နေပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် လစ်ဗာပူးလ်၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ကာ လာလီဂါနဲ့ စီးရီးအေ မှာတော့ ချန်ပီယံ အပြောင်းအလဲ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒီစစ်တမ်းကို နှစ်စဉ် နှစ်တိုင်း ဘောလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အပေါ် သုတေသနလုပ်နေတဲ့ ဆွစ်ဇာလန် နိုင်ငံ အခြေစိုက် CIES Football Observatory က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ CIES ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အဆင့်မြင့်လိဂ် ပြိုင်ပွဲ ၂၉ ခုမှာ ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အမြင့်ဆုံး အသင်းတွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ကျွန်တော် တို့ကတော့ ဥရောပလိဂ် ၁၂ ခုမှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်နိုင်ခြေ အများဆုံးလည်း ဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

တွက်ချက်မှု ပုံစံ ကတော့ ကစားသမားသစ် ခေါ်ယူမှု အတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ ဘောလုံး ပေးပို့မှု၊ ကစားသမားတွေရဲ့ ပြီးခဲ့တဲ့ ရာသီက ပွဲကစားချိန် မိနစ်နဲ့ လိဂ်ပြိုင်ပွဲ အဆင့် စတဲ့ အချက်တွေ အပေါ်မှာ အခြေခံထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ်မှာ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကပဲ ၂၈.၉ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲရန် ဖြစ်နိုင်ခြေ အမြင့်ဆုံး ဖြစ်နေပြီး အာဆင်နယ်က ၁၈.၈ ရာခိုင်နှုန်းနဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။ ကမ္ဘာ့ချန်ပီယံ ချလ်ဆီး ကတော့ ၁၆.၂ ရာခိုင်နှုန်းနဲ့ တတိယလိုက်နေပြီး မန်စီးတီးက ၁၄.၄ ရာခိုင်နှုန်းနဲ့ စတုတ္ထ နေရာမှာ ရှိနေပါတယ်။ ထူးခြားတာက မန်ချက်စတာယူနိုက်တက် ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်ခြေ ၂.၆ ရာခိုင်နှုန်းသာ ရှိပြီး အဆင့် ၈ နေရာမှာ သတ်မှတ်ခံထားရပါတယ်။

လာလီဂါ မှာတော့ နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ အတူ ခေတ်သစ်တစ်ခု စတင်ဖို့ ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်က ၄၀.၆ ရာခိုင်နှုန်းနဲ့ တစ်ကျော့ပြန် ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေ အမြင့်ဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိ ချန်ပီယံ ဘာစီလိုနာ ကတော့ ၂၉.၆ ရာခိုင်နှုန်းနဲ့ အဆင့် ၂ အက်တလက်တီကိုမက်ဒရစ် ကတော့ ၂၂.၁ ရာခိုင်နှုန်းနဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။ 

စီးရီးအေ မှာတော့ အင်တာမီလန်က ၂၅.၆ ရာခိုင်နှုန်းနဲ့ တစ်ကျော့ပြန် ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေ အမြင့်ဆုံး ဖြစ်နေပြီး ဂျူဗင်တပ်စ် ကတော့ ၁၈.၂ ရာခိုင်နှုန်းနဲ့ အဆင့် ၂၊ လက်ရှိ ချန်ပီယံ နာပိုလီ ကတော့ ၁၇.၄ ရာခိုင်နှုန်းနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ဘွန်ဒက်စ်လီဂါ မှာတော့ လက်ရှိ ချန်ပီယံ ဘေယန်မြူးနစ် ကပဲ ၆၁.၄ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် ရေပန်းစားနေပြီး လီဂူးဝမ်းမှာ ဆိုရင်လည်း လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ ကဲ ၇၃ ရာခိုင်နှုန်းနဲ့ ချန်ပီယံဆု ထပ်မံ ရယူနိုင်ခြေ အမြင့်ဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ထူးခြားတာက မန်ချက်စတာယူနိုက်တက် ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်ခြေ ၂.၆ ရာခိုင်နှုန်းသာ ရှိပြီး အဆင့် ၈ နေရာမှာ သတ်မှတ်ခံထားရပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ အဆင့် သတ်မှတ်ချက် ၈ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

CIES ရဲ့ ထုတ်ပြန်ချက်အရ ဥရောပ ထိပ်တန်း လိဂ် ၁၅ ခုရဲ့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေကို ဖော်ပြရမယ် ဆိုရင်တော့

၁။ ပရီးမီးယားလိဂ် (အင်္ဂလန်) – လစ်ဗာပူးလ်

၂။ လာလီဂါ (စပိန်) – ရီးရဲလ်မက်ဒရစ်

၃။ စီးရီးအေ (အီတလီ) – အင်တာမီလန် 

၄။ ဘွန်ဒက်စ်လီဂါ (ဂျာမနီ) – ဘေယန်မြူးနစ်

၅။ လီဂူးဝမ်း (ပြင်သစ်) – ပီအက်စ်ဂျီ

၆။ အီရာဒီဗီစီ (နယ်သာလန်) – ဖီယင်နော့ဒ်

၇။ လီဂါ ပေါ်တူဂီ (ပေါ်တူဂီ) – စပို့တင်းလစ္စဘွန်း

၈။ ဘယ်လ်ဂျီယံ ပရိုလိဂ် (ဘယ်လ်ဂျီယံ) – ကလပ် ဘရုဂေး

၉။ စူပါလိဂ် (တူရကီ) – ဂါလာတာဆာရေး

၁၀။ ချန့်စ်လီဂါ (ချက်) – ဆလားဗီးယား ပရက်ဂ်

၁၁။ စူပါလိဂ် ၁ (ဂရိ) – အိုလံပီယာကော့စ်

၁၂။ အက်ခ်စထရာကလပ်ဆာ (ပိုလန်) – လီဂျီရာ ဝါဆော

၁၃။ စူပါလီဂါ (ဒိန်းမတ်) – ကိုပေဟေဂင်

၁၄။ အက်ဒ်မိုင်ရဲလ် ဘွန်ဒက်စ်လီဂါ (ဩစတြီးယား) – ဆဲလ်ဘာ့ဂ်

၁၅။ ဆွစ်စူပါလိဂ် (ဆွစ်ဇာလန်) – ဘေဆဲလ်

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်