နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အစ်ကီတီကီရဲ့ မိုက်မဲတဲ့ အနီကတ် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အာနေး ဆလော့တ် | ခရာဘောင်ဖလား

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ညက ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ခရာဘောင်ဖလား ပွဲမှာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ပြစ်တင် ပြောဆိုလိုက်ပါတယ်။ 

ပြင်သစ် တိုက်စစ်မှူးဟာ အဲဒီပွဲမှာ ဒုတိယပိုင်းမှ လူစားဝင် ကစားခဲ့ရပြီး ပွဲချိန် ၈၅ မိနစ်မှာ အသင်း အတွက် အနိုင်ဂိုး သွင်းယူပြီးတဲ့နောက် အင်္ကျီ ချွတ်ကာ အလွန်အကျွံ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ အစ်ကီတစ်ကီဟာ ပွဲချိန် ၅၃ မိနစ်မှာ ပထမ တစ်ကြိမ် အဝါကတ် ပြသခံထားရတာကို မေ့လျော့သွားခဲ့ပုံ ရပြီး အသင်း အနိုင်ဂိုး ရရှိချိန်မှာ အလွန်အမင်း ဝမ်းသားပြီး အင်္ကျီချွတ် အောင်ပွဲခံမိတဲ့ အတွက် ဒုတိယ အဝါကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အစ်ကီတီကီရဲ့ အောင်ပွဲခံပုံ ကိုတော့ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်က မိုက်မဲတဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ 

ဆလော့တ်က “ပထမ တစ်ဝါက မလိုအပ်တဲ့ လုပ်ရပ်ကြောင့် ရခဲ့တာ ဖြစ်ပြီး ဒုတိယ တစ်ဝါ ကတော့ မိုက်မဲတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ တစ်ဖက်နောက်ခံလူက ဘာမှလုပ် မရအောင် တားဆီးထားနိုင်ချိန်မှာ နံပါတ် ၉ တိုက်စစ်မှူး တစ်ယောက် အတွက် ဘယ်လောက် အထိ ခက်ခဲသလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီလိုအနေအထားမှာ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တာ ဆိုရင်တော့ သူ ဒီလိုလုပ်တာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆောက်သမ်တန် ကတော့ ကြိုးစားခဲ့ပေမယ့် ခရာဘောင်ဖလား တတိယအဆင့် ကနေပဲ ထွက်ခွာခဲ့ရပြီး လာမယ့် ပွဲစဉ် အဖြစ် မစ်ဒယ်ဘရော့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် အတွက် ၇ ပွဲ ကစားပြီး ၄ ဂိုး သွင်းထားတဲ့ ဟူဂို အစ်ကီတီကီ

အစ်ကီတီကီ အနေနဲ့ အနီကတ်ကြောင့် ၁ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းတစ်ခုက လစ်ဗာပူးလ်ရဲ့ တိုက်စစ် အင်အား တောင့်တင်းနေတာ ဖြစ်ပြီး ဒီပွဲမှာ အစ်ကီတီကီ ထုတ်ပယ်ခံခဲ့ရပေမယ့် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်က လစ်ဗာပူးလ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုး ရရှိသွားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ချန်ပီယံရှစ် ကလပ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နောက်ကျ သွင်းဂိုးနဲ့ပဲ ခရာဘောင်ဖလား နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ် အနေနဲ့ ဒီနေ့ပွဲမှာ အန်ယိုနီ၊ အန်ဂူမိုဟာ၊ လီယွန်နီ တို့လို လူငယ် ကစားသမားတွေနဲ့ အဓိက အားပြုပြီး ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာတော့ အစ်ကီတီကီ၊ ကာကက်ဇ် တို့ကို လူစားဝင်စေခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ လစ်ဗာပူးလ် ဘက်ကို ဂိုးပေါက် ကန်ချက် ၁၃ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၁၀ ကြိမ်သာ ပြလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စိန့် တို့ဟာ လစ်ဗာပူးလ်ထက် Expected goals (xG)၊ ဒေါင့်ကန်ဘော၊ ဧရိယာအတွင်း ဂိုးကန်ချက်၊ ဧရိယာ ပြင်ပ ဂိုးကန်ချက်၊ Long Ball နဲ့ Cross Ball တွေမှာပါ သာလွန်ခဲ့ပါတယ်။ ဒါပွဲရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် လစ်ဗာပူးလ်ရဲ့ ပထမ ပွဲထွက် ကစားသမားတွေနဲ့ အရန် ကစားသမားတွေရဲ့ ကွာဟချက် မြင့်မားမှုကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ 

လာမယ့် စနေနေ့မှာတော့ လစ်ဗာပူးလ်က ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ကို ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ကာ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ဂါလာတာဆာရေးနဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန် ကတော့ ကြိုးစားခဲ့ပေမယ့် ခရာဘောင်ဖလား တတိယအဆင့် ကနေပဲ ထွက်ခွာခဲ့ရပြီး လာမယ့် ပွဲစဉ် အဖြစ် မစ်ဒယ်ဘရော့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်