ဘေယန်မြူးနစ် ကတော့ ဒီရာသီ ဂျာမန် ပိုကယ်ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ပုံမှန်ထက် ပိုပြီး ဆာလောင်နေကြောင်း ဗင်းန်ဆင့် ကွန်ပနီက ပြောကြားခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ ဂျာမန် ပိုကယ်ဖလားကို ၂၀၁၉-၂၀၂၀ ခုနှစ်မှာ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပြီးတော့ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ အမြင့်ဆုံး အနေနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ပြီး ဖရိုင်းဘက်ကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီ မှာတော့ ဘေယန်မြူးနစ်က ၁၆ သင်း အဆင့်မှာ ဘေယာ လေဗာကူဆင်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် နည်းပြ ဗင်းန်ဆင့် ကွန်ပနီက ဒီရာသီ မှာတော့ ဂျာမန် ပိုကယ်ဖလားကို အရယူဖို့ ပိုမို စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဂျာမန် ပိုကယ်ဖလားမှာ ချန်ပီယံ အကြိမ် ၂၀ ဖြစ်ထားပြီးတော့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပေမယ့် ဒီဆုဖလားနဲ့ ဝေးကွာနေတာ ၅ ရာသီ အထိ ရှိနေပြီလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဘေယန်မြူးနစ်ဟာ ဒုတိယအဆင့် ကနေ ၃ ကြိမ် ထွက်ခွာခဲ့ရပြီး အဲဒီထဲက နှစ်ကြိမ်က အောက် အသင်းတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဒီကနေ့ ညမှာတော့ ဘွန်ဒက်စ်လီဂါ ၃ ကလပ် ဝီဟန် ဝိုင်စ်ဘာဒန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ကွန်ပနီ အနေနဲ့ သူ့ရဲ့ အသင်း စွမ်းဆောင်ရည်ကို အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်။

ကွန်ပနီက “ဒါဟာ အရင်လို မဟုတ်တော့ပါဘူး။ နောက်ဆုံး တစ်ကြိမ် ဖလား ရပြီးချိန်က စပြီး ကျွန်တော်တို့ ပိုပြီး ဆာလောင်လာခဲ့ပါတယ်။ [ဗုဒ္ဓဟူးနေ့] က ပထမဆုံး ဖိုင်နယ်ပါ။ အဲဒါက အရေးကြီးဆုံးပါပဲ။ အရည်အသွေးအရ ဂျာမနီမှာ အကောင်းဆုံး အသင်း ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် မလုံလောက်ပါဘူး။”
“ဂျာမန် ပိုကယ်ဖလား မှာတော့ တခြားအရာတွေထက် ဒီဟာကို ပိုလိုချင်ပါတယ်။ စိတ်ဓာတ် တက်ကြွမှုဟာ လိဂ်အောက် အသင်းတွေနဲ့ ကစားရရင်တောင် အမြဲတမ်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခြေချော်လဲခြင်းကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။” လို့ ကွန်ပနီက ပြောကြားသွားခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဖွင့် ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို ၆-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဒီပွဲ အတွက် ကိုတော့ အပြောင်းအလဲ ပြုလုပ်ဖို့ အစီအစဉ် မရှိကြောင်း ကွန်ပနီက အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်နဲ့ ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရခဲ့တဲ့ လီယွန် ဂိုရက်ဇ်ကာ ကတော့ ဒီပွဲကို ပါဝင်ကစားဖို့ မသေချာသေးကြောင်း သိရပါတယ်။ ကွန်ပနီက “လီယွန် ဂိုရက်ဇ်ကာ အနေနဲ့ လေ့ကျင့်ရေး နောက်ဆုံး အစီအစဉ်ကို လာနိုင်မယ် ဆိုရင် ဒီပွဲမှာ ပုံမှန်အတိုင်းပဲ ပါဝင်မှာပါ။ ပြီးခဲ့တဲ့ ပွဲမှာ ပွဲထွက်ခွင့် ရခဲ့သူတိုင်း ဒီပွဲမှာလည်း ပါဝင်လာပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။ ကွန်ပနီဟာ လိုက်ပ်ဇစ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နော်အာ၊ စတန်နီဆစ်၊ တာ့ရ်၊ အူပါမီကာနို၊ လိုင်မာ၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ လူးဝစ္စ ဒီးယက်ဇ်၊ ဂနာဘရီ၊ အိုလစ်ဆီ၊ ဟယ်ရီကိန်း တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ သေချာတာက ကွန်ပနီ အနေနဲ့ ဒီရာသီမှာ အထက်ပါ ကစားသမားတွေ ကိုပဲ ပထမ လူစာရင်းမှာ အသုံးပြုဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.