နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးကပ်စ် ဗက်ဇ်ကွက်ဇ်ကို ခေါ်ယူမယ့် လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်း လူးကပ်စ် ဗက်ကွက်ဇ် ကတော့ ပြီးခဲ့တဲ့ လက ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာပြီးနောက် သူ့ရဲ့ နောက်ထပ် အပြောင်းအရွှေ့ အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပါတယ်။ စပိန် ညာနောက်ခံလူဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဗက်ဇ်ကွက်ဇ်ဟာ အသက် ၁၆ နှစ် အရွယ်မှာပဲ ရီးရဲလ်မက်ဒရစ်မှာ ကစားသမား ဘဝ စတင်ခဲ့ပြီးတော့ မက်ဒရစ် ကလပ်မှာ ၁၈ နှစ်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ စီနီယာ အသင်းကြီး အတွက်လည်း ပြိုင်ပွဲစုံ ၄၀၂ ပွဲ အပါအဝင် ရီးရဲလ်မက်ဒရစ် C နဲ့ အထက် အဆင့်အားလုံးမှာ ပွဲပေါင်း ၅၀၈ ပွဲ ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန်သားက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာတော့ လော့စ်ဘလန်ကို့စ် ကနေ ထွက်ခွာခဲ့ပါတယ်။

လူးကပ်စ် ဗက်ဇ်ကွက်ဇ်ဟာ ကစားသမား ဘဝ တစ်လျှောက်လုံး လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် မှာပဲ ကစားလာခဲ့သူ ဖြစ်ပြီး အမှတ်ပေးဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၅ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန် စူပါဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၄ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၃ ကြိမ်၊ ကွန်တီနန်တယ်ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။ 

ဗက်ဇ်ကွက်ဇ်ဟာ ရက်သတ္တပတ် အနည်းငယ် အနားယူပြီးနောက် မှာတော့ သူ့ရဲ့ အနာဂတ် အတွက် ရွေးချယ်မှုများကို ချိန်ဆပြီးနောက် လေဗာကူဆင်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ဖာဘရီဇီယို ရိုမီနိုက အတည်ပြုထားပါတယ်။ လူးကပ်စ် ဗက်ဇ်ကွက်ဇ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ဆေးစစ်ပြီးနောက် ၂ နှစ် စာချုပ် ချုပ်ဆိုဖို့ သဘောတူညီထားခဲ့ကြောင်း သိရပါတယ်။

ဗက်ဇ်ကွက်ဇ်ဟာ လာမယ့် ဇူလိုင်လမှာ အသက် ၃၄ နှစ် ပြည့်မှာ ဖြစ်ပြီး သူ့အနေနဲ့ ကစားသမား ဘဝ နေဝင်ချိန်မှာ များပြားတဲ့ လုပ်ခလစာတွေ ရရှိနိုင်မယ့် အရှေ့အလယ်ပိုင်းကို သွားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ကတ်ဆီယာ ကတော့ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟောင်း နာချိုကို ၂၀၂၄ ခုနှစ်မှာ ခေါ်ယူခဲ့သလို ဟိုဆေးလူ ကလည်း ကာတာ ထိပ်သီး ကလပ် အဲလ်ဂါရာဖာ ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗက်ဇ်ကွက်ဇ် ကတော့ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လေဗာကူဆင် နည်းပြဟောင်း ဇာဘီ အလွန်ဆို ကတော့ ဗက်ဇ်ကွက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ပါဝင် ပတ်သတ်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ ဂျာမန် ကလပ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့အစမှာ ဂျရယ်မီ ဖရင်မ်ပေါင်ကို လစ်ဗာပူးလ် အသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ သူ့ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးမှု မပြုလုပ်ရသေးပါဘူး။

လေဗာကူဆင်ဟာ ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ်ကို ခေါ်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း စပိန်သားက ဘွန်ဒက်စ်လီဂါ ကလပ်မှာ တစ်ရာသီသာ ကစားခဲ့ပြီး နောက်ရာသီ မှာတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်