ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘွန်ဒက်စ်လီဂါရဲ့ အဖွင့် ပွဲစဉ် မှာတော့ ဘေယန်မြူးနစ်က လိုက်ပ်ဇစ်ကို ၆-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး တာထွက်လှသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က လိုက်ပ်ဇစ်ထက် ခေါင်းတစ်လုံးသာတဲ့ ခြေစွမ်းနဲ့ ကစားခဲ့ပြီး ထိပ်တိုက် တွေ့ဆုံမှု တစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘေယန်မြူးနစ်က ဟယ်ရီကိန်း ဦးဆောင်တဲ့ တိုက်စစ်နဲ့ အိုလစ်ဆီနဲ့ လူးဝစ္စ ဒီးယက်ဇ်ကို အထောင်ထားပြီး ဂါနာဘရီ၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ အူပါမီကာနို၊ တာ့ရ်၊ စတန်နီဆစ်၊ လိုင်မာ၊ နော်အာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လိုက်ပ်ဇစ် ကလည်း အိုပန်ဒါ၊ ဇာဗီ ဆိုင်မွန်စ်၊ ဘာကာယိုကို တိုက်စစ် အတွဲနဲ့ ဒိုင်အိုမန်ဒီ၊ လု့ခ်ကီဘာ၊ အော်ဘန်၊ ရမ်း၊ ဂူလက်ရှီ တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ လိုက်ပ်ဇစ်ကို ခေါင်းမဖော်နိုင်အောင် ကစားသွားခဲ့ပြီး မိုက်ကယ် အိုလစ်ဆီ၊ လူးဝစ္စ ဒီးယက်ဇ် တို့ရဲ့ စွမ်းဆောင်ရည်တွေက ဗင်းန်ဆင့် ကွန်ပနီကို ကျေနပ်စရာ အပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ် အတွက် ဂိုးတွေ ကိုတော့ မိုက်ကယ် အိုလစ်ဆီက ပွဲချိန် ၂၇ မိနစ်နဲ့ ၄၂ မိနစ်၊ လူးဝစ္စ ဒီးယက်ဇ်က ၃၂ မိနစ်နဲ့ ဟယ်ရီကိန်း ကတော့ ၆၄၊ ၇၄ နဲ့ ၇၈ မိနစ်တွေမှာ ဟက်ထရစ် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ကစားသမားသစ် လူးဝစ္စ ဒီးယက်ဇ်ဟာ ကိုယ်တိုင် ၁ ဂိုး သွင်းခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကိန်းရဲ့ သွင်းဂိုး ၂ ဂိုးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာ ၁၄ ရာသီ ဆက်တိုက် ဘွန်ဒက်လီဂါ အဖွင့် ပွဲစဉ်မှာ ရှုံးပွဲ မရှိမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အရှိန်အဟုန်နဲ့ ပြန်လည် စတင်နိုင်ခြ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် တောင်ပံကစားသမားဟောင်း လူးဝစ္စ ဒီးယက်ဇ် ကတော့ ဘေယန်မြူးနစ်ရဲ့ နိုင်ပွဲ အတွက် အဓိက သော့ချက် ဖြစ်ခဲ့ပါတယ်။ အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် ကိုလံဘီယာသားဟာ အခွင့်အရေး ဖန်တီးမှု ၄ ကြိမ်၊ အောင်မြင်တဲ့ ဘောလုံး ဆွဲပြေးမှု ၄ ကြိမ်နဲ့ Final Third မှာ ဘောလုံး ပေးပို့မှု ၂၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်း ကတော့ ဘွန်ဒက်စ်လီဂါမှာ ၈ ကြိမ်မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပေမယ့် ဂတ်မူလာ တင်ထားတဲ့ ဟက်ထရစ် ၃၂ ကြိမ် ရတဲ့ စံချိန်ကို လိုက်မှီဖို့တော့ ဝေးကွာနေပါသေးတယ်။ ဒီနေ့ပွဲမှာ နောက်ထပ် ချီးကျူးရမယ့် ကစားသမားက အင်္ဂလန် တောင်ပံ ကစားသမား မိုက်ကယ် အိုလစ်ဆီ ဖြစ်ပြီး သူ့ရဲ့ နောက်ဆုံး လိဂ် ပွဲ ၆ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၁၀ ကြိမ် (၅ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီး) အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာ ဝီဟန် ဝိုင်စ်ဘာဒန်နဲ့ ပိုကယ်ဖလား ပွဲစဉ် ကစားရဖို့ ရှိပြီး စနေနေ့မှာ အော့စ်ဘက်ဂ်နဲ့ အမှတ်ပေး ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ အဖွင့်မှာ ရုပ်ပျက်ဆင်းပျက် ရှုံးခဲ့တဲ့ လိုက်ပ်ဇစ် ကတော့ နောက်တစ်ပတ် စနေနေ့မှာ ဟိုင်ဒန်ဟိမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.