ပြီးခဲ့တဲ့ ရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ၀ါရင့် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ အခုဆိုရင် အသင်းသစ် ရှာတွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒိန်းမတ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရက်က ဘွန်ဒက်စ်လီဂါ ကလပ် ဝုဖ်ဘတ်ထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲရစ်ခ်ဆင် ကတော့ မန်ချက်စတာယူနိုက်ကတ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဆွီဒင် ကလပ် မဲလ်မိုအက်ဖ်စီမှာ သွားရောက် လေ့ကျင့်နေခဲ့တာပါ။ အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားပြီ ဖြစ်ပေမယ့်လည်း အဲရစ်ခ်ဆင်က စာချုပ်လက်မဲ့ ကစားသမား ဖြစ်တာကြောင့် အသင်း ပြောင်းရွှေ့ခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။ အဲရစ်ခ်ဆင်ဟာ ဝုဖ်ဘတ်နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တဲ့ အပြင် စာချုပ်ထဲမှာ တစ်နှစ် ထပ်ပြီး သက်တမ်း တိုးမြှင့်နိုင်တဲ့ သဘောတူညီချက်လည်း ထည့်သွင်းထားကြောင်း သိရပါတယ်။
ဝုဖ်ဘတ် ကစားသမား ဖြစ်လာတဲ့ အဲရစ်ခ်ဆင်က အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူး မှာတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် အတွက် ကတော့ ဝုဖ်ဘတ်က ဘွန်ဒက်စ်လီဂါမှာ ကျွန်တော့်ရဲ့ ပထမဦးဆုံးသော အတွေ့အကြုံ ဖြစ်ပါတယ်။ ဒီစွန့်စားမှု အသစ်ကို ကျွန်တော် တကယ်ကို စောင့်မျှော်နေပါတယ်။ ဝုဖ်ဘတ်မှာ အတူတူ တစ်ခုခုကို အောင်မြင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အသင်းမှာ ဒိန်းမတ် လက်ရွေးစင် ထဲက ရင်းနှီးပြီးသား ကစားသမား များစွာ ရှိတာကြောင့် ဝုဖ်ဘတ်က ကျွန်တော့်ကို အထူး ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။” လို့ အဲရစ်ခ်ဆင်က ဆိုပါတယ်။

ဝုဖ်ဘတ်ရဲ့ အားကစား ဒါရိုက်တာ ဆဘက်ရှန် ချင်ဇိုင်လော့ဇ် ကတော့ အဲရစ်ခ်ဆင်ရဲ့ အပြောင်းအရွှေ့ အပေါ် အခုလို မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ဦးကို ပိုင်ဆိုင်လိုက်ရပါပြီ။ ခရစ္စတီယန် အဲရစ်ခ်ဆင်နဲ့ အတူ၊ အမြင့်ဆုံး အဆင့်ကို ရောက်ရှိဖို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေက ကျွန်တော် တို့ရဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ ကျွန်တော် တို့ရဲ့ အတွေ့အကြုံ ရှိတဲ့ အသင်းခေါင်းဆောင် မက်စ် အာနိုးလ်နဲ့ အတူ ခရစ္စတီယန်က ကျွန်တော်တို့ အဖွဲ့ အတွက် ပြီးပြည့်စုံတဲ့ နောက်ထပ် ခေါင်းဆောင် တစ်ယောက် ဖြစ်လာပြီး ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ကွဲပြားအောင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အဲရစ်ခ်ဆင်ဟာ အေဂျက်စ်၊ တော့တင်ဟမ်ဟော့စပါး၊ အင်တာမီလန် စတဲ့ အသင်းတွေမှာ ကစားခဲ့ပြီးတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းတွင်း လဲကျခဲ့ပြီးနောက် ဘရန့်ဖိုဒ်နဲ့ မန်ချက်စတာယူနိုက်တက် တို့မှာ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ အဲရစ်ခ်ဆင်ဟာ သူပြောင်းရွှေ့ခဲ့တဲ့ အသင်းတိုင်း အတွက် တနည်းမဟုတ် တနည်းနဲ့ အကျိုးပြုခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း ဘွန်ဒက်စ်လီဂါမှာ အလယ်အလတ် အသင်း အဖြစ် ရပ်တည်နေတဲ့ ဝုဖ်ဘတ်ကို ဘယ်လောက် အထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဝုဖ်ဘတ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၈ ဦး ခေါ်ယူ အားဖြည့်ထားပြီး အဲရစ်ခ်ဆင် ကတော့ နိုင်ငံတူ ကစားသမားတွေ ဖြစ်တဲ့ စကော့ဗ် အိုလ်ဆင်၊ ရိုဝါဆလက်ဗ် တို့နဲ့ တွဲဖက်ကစားရတော့မှာ ဖြစ်ပါတယ်။ ဝုဖ်ဘတ်ဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ အပြီး ၁ ပွဲနိုင်၊ ၁ ပွဲ သရေ ရမှတ် ၄ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.