နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖလော်ရီယန် ဝစ်ဇ်ရဲ့ မချော ၃ ယောက် ကိုယ် ၁ ယောက် အပြောင်းအရွှေ့ ဇာတ်လမ်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဂျာမန် ကွင်းလယ် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ အတွက် ဒီရက်ပိုင်း အတွင်းမှာ ခပ်သွက်သွက် လှုပ်ရှားလာခဲ့ပြီ ဖြစ်ပါတယ်။ ဂျာမန် သတင်း ဌာန Bild ရဲ့ ဖော်ပြချက်အရ ဆိုရင် ဝစ်ဇ်နဲ့ သူ့ရဲ့ ဖခင်ဖြစ်သူ တို့ဟာ မန်စီးတီးရဲ့ ကမ်းလှမ်းမှုနဲ့ အနာဂတ် အစီအစဉ်တွေကို နားထောင် စဉ်းစားဖို့ အတွက် မန်ချက်စတာကို ရောက်ရှိနေကြောင်း သိရပါတယ်။

ဝစ်ဇ် ကိုတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်၊ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေကြပြီးတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်း တစ်ပုဒ် ဖြစ်လာဖို့ ရှိနေသူပါ။ မန်စီးတီးဟာ ယခင် ကတည်းက ဝစ်ဇ်ကို စိတ်ဝင်စားနေကြောင်း အရိပ်အမြွက်နဲ့ ဖော်ပြခဲ့တဲ့ အသင်း ဖြစ်သလို လက်ရှိ မှာတော့ ဂျာမန်သားကို စိတ်ဝင်စားကြောင်း ပေါ်ပေါ်ထင်ထင် ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဝစ်ဇ်ကို ခေါ်ယူဖို့ အတွက် တခြား အသင်းတွေထက် လက်ဦးမှု ရယူဖို့ ရည်ရွယ်ထားပုံ ရပြီး ဒိုင်လျှိုလေး အကွက် ရွှေ့နေပုံ ရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ နီကို ဂွန်ဇာလက်ဇ်၊ အိုမာ မာမုရှ်၊ ဗစ်တာ ရိစ်နဲ့ ကူဆာနော့ဗ် တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။
လေဗာကူဆင်နဲ့ အတူ အကောင်းဆုံး တောက်ပလာခဲ့တဲ့ ဝစ်ဇ်

ဒီတော့ အသက် ၂၂ နှစ် အရွယ် ဂျာမန်သား အတွက် ရွေးချယ်နိုင်မယ့် အဓိက ကလပ် ၃ သင်း ရှိနေပြီး ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲ ဆိုတာ ကတော့ ယတိပြတ် ပြောလို့ မရသေးတဲ့ အခြေအနေပါ။ မန်စီးတီးဟာ ကီဗင် ဒီဘရွန်းနားနဲ့ လမ်းခွဲပြီးနောက်မှာ ပြန်လည် အစားထိုးဖို့ အတွက် ဝစ်ဇ်ကို လိုချင်နေပြီး လုပ်ခလစာ အပြင် ဒီအသင်းရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့်ရမယ့် အခြေအနေတွေက ကစားသမား အတွက် မက်လောက်စရာ အခြေအနေတွေ ဖြစ်ပါတယ်။ နောက်တစ်သင်း ကတော့ ဘေယန်မြူးနစ် ဖြစ်ပြီးတော့ ဒီကလပ် ကတော့ နှစ်စဉ် ဆုဖလား အောင်မြင်မှု ရဖို့ သေချာနေတဲ့ အသင်း ဖြစ်သလို ဂျာမန်သား အတွက် အမိမြေမှာပဲ ကစားရမှာ ဖြစ်တာကြောင့်လည်း စဉ်းစားစရာ ဖြစ်ပါတယ်။ နောက်ဆုံး တစ်သင်း ကတော့ ရီးရဲလ်မက်ဒရစ် ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရှိနေသူက ဇာဘီ အလွန်ဆိုပါ။ ဝစ်ဇ်ဟာ ဒီနည်းပြနဲ့ လေဗာကူဆင်မှာ အတွဲညီခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီတော့ သူ့အနေနဲ့ ဆရာဟောင်း ရှိရာ ကလပ်ကို ရွေးချယ်ပြီး ဥရောပရဲ့ အစဉ်အလာ အကြီးမားဆုံး ကလပ်ကို ရွေးချယ်မလား ဆိုတာ ကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ဝစ်ဇ် ဟာ ဒီနှစ်ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၄ ပွဲ ပါဝင် ကစားရာမှာ ၁၆ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားပါတယ်။ ဝစ်ဇ် အနေနဲ့ လေဗာကူဆင်နဲ့ ၂၀၂၇ ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အသင်း တာဝန်ရှိသူတွေ ဘက်ကတော့ တတ်နိုင်သမျှ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။ အကယ်၍ လက်လွှတ်ရမယ် ဆိုရင်လည်း အကောင်းဆုံး ပြောင်းရွှေ့ကြေး ရရှိနိုင်မယ်လို့ တွက်ဆထားပုံရပါတယ်။ လေဗာကူဆင် ဟာ ဝစ်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ အထိ အလိုရှိနေပါတယ်။

လက်ရှိ မှာတော့ မန်စီးတီးက ဝစ်ဇ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးပမ်းမှု စတင်လိုက်ပြီး တစ်ဖက် မှာလည်း ဘေယန်မြူးနစ်က ယူရို သန်း ၁၀၀ (ပေါင် ၈၄.၇ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ ဝစ်ဇ်ကို ဘယ်လို ပုံစံမျိုးနဲ့ စွဲဆောင်သွားမလဲ ဆိုတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ နီကို ဂွန်ဇာလက်ဇ်၊ အိုမာ မာမုရှ်၊ ဗစ်တာ ရိစ်နဲ့ ကူဆာနော့ဗ် တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။ ဒါ့အပြင် စီးတီးက လာမယ့် နွေရာသီမှာလည်း အသင်းရဲ့ လူအင်အားကို ထပ်မံ ဖြည့်တင်းသွားဖို့ အဆင်သင့် ဖြစ်နေပြီး ထုံးစံ အတိုင်း ဂွါဒီယိုလာ စိတ်ကြိုက် ကစားသမားတွေကို ခေါ်ယူပေးသွားဖွယ် ရှိနေပါတယ်။ ဖြစ်နိုင်ချေရှိတာ ကတော့ ဝစ်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ဂွာဒီယိုလာ ကိုယ်တိုင် တိုက်ရိုက် ပါဝင် ပတ်သတ်ပြီး အသင်းကို လာဖို့ ဖျောင်းဖြဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်