နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ သမိုင်းမှာ ဂိုးပါဝင် ပတ်သက်မှု ၁၀၀ အမြန်ဆုံး ပြည့်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟယ်ရီကိန်း

ဘေယန်မြူးနစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ပွဲစဉ်မှာ ဟိုင်ဒမ်ဟိမ်းကို ၀-၄ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ဟယ်ရီကိန်း အနေနဲ့ ဘွန်ဒက်စ်လီဂါ မှတ်တမ်းသစ် တစ်ခု ထပ်မံ စိုက်ထူနိုင်ခဲ့ပြီး အသင်း ကလည်း ဇယား ထိပ်ကနေ ၉ မှတ် အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘေယန်မြူးနစ် အတွက် ဂိုးတွေ ကိုတော့ စတန်နီဆစ်၊ အိုလစ်ဆီ၊ လူးဝစ္စ ဒီးယက်ဇ်နဲ့ ဟယ်ရီကိန်း တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဟိုင်ဒမ်ဟိမ်းကို ဘောလုံး ပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်ချက် ၂၃ ကြိမ်၊ ဂိုးပေါက် တည့်မှု ၁၁ ကြိမ် အပါအဝင် အဘက်ဘက်က အသာစီးနဲ့ ကစားပြီး အနိုင်ရခဲ့တာပါ။ ဘေယန် အတွက် ၉၀+၂ မိနစ်မှာ စတုတ္ထမြောက်ဂိုး သွင်းယူပေးခဲ့တဲ့ ကိန်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ သမိုင်းမှာ ဂိုးပါဝင် ပတ်သက်မှု ၁၀၀ အမြန်ဆုံး ပြည့်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့် ဘေယန်မြူးနစ် အနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ၂၀၂၅ ခုနှစ်အတွင်း အဝေးကွင်း ရှုံးပွဲ မရှိအောင် ဖြတ်သန်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
၂၀၂၅ ခုနှစ် အတွင်း သွင်းဂိုး ၆၀ ရရှိထားတဲ့ ဟယ်ရီကိန်း

ဟယ်ရီ ကိန်းဟာ ဘွန်ဒက်စ်လီဂါမှာ ၈၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၉ ကြိမ်ကို ၇၈ ပွဲ ကစားပြီး ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ၁၁၉ ပွဲ ကစားပြီး ဂိုးပါဝင် ပတ်သက်မှု ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဘေယန်မြူးနစ် ကစားသမားဟောင်း အာဂျန် ရော်ဘင်ရဲ့ စံချိန်ကို ချိုးဖျက်ပြီး မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ ဟိုင်ဒမ်ဟိမ်းနဲ့ ပွဲက ဟယ်ရီ ကိန်း အတွက် ၂၀၂၅ အတွင်း ကစားရတဲ့ နောက်ဆုံးပွဲ ဖြစ်ပြီး ကလပ်နဲ့ လက်ရွေးစင် နှစ်ခုပေါင်း ဂိုး သွင်းဂိုး ၆၀ အထိလည်း ရရှိခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ကတော့ ပွဲစဉ် ၁၅ ပြီးဆုံးချိန်မှာ ဆောင်းရာသီ နားရက် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်တာကြောင့် လာမယ့် ပွဲစဉ် ၁၆ ကိုတော့ ဇန်နဝါရီ ၉ ရက်နေ့မှ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် အနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ၂၀၂၅ ခုနှစ်အတွင်း အဝေးကွင်း ရှုံးပွဲ မရှိအောင် ဖြတ်သန်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ၁၉၈၆ နဲ့ ၂၀၁၃ ခုနှစ်တွေ မှာလည်း အဝေးကွင်း ရှုံးပွဲ မရှိ ရလဒ် ရရှိခဲ့ဖူးတာကြောင့် ဒါဟာ ဘေယန်မြူးနစ် အတွက် သမိုင်းတလျှောက် တတိယအကြိမ်မြောက် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘေယန်မြူးနစ်က ဒီရာသီ ဘွန်ဒက်စ်လီဂါ ၁၅ ပွဲ ကစားပြီးချိန်မှာ ၁၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရှုံးပွဲ လုံးဝ မရှိသလို သွင်းဂိုး ၅၅ ဂိုး ပေးဂိုး ၁၁ ဂိုး၊ ဂိုးကွာခြားချက် ၄၄ ဂိုးနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပါတယ်။ ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် မှာလည်း အာဆင်နယ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ အမှားအယွင်း ကင်းကင်းနဲ့ ကစားထားနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်း အနေနဲ့ လာမယ့် ရာသီဝက် မှာရော အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ဆက်လက် မြင်တွေ့ရဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်