နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စံချိန်သစ်တွေနဲ့အတူ ရပ်တန့်လို့ မရသေးတဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

ဟယ်ရီကိန်း ကတော့ ဝါဒါဘရီမင်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဘေယန်မြူးနစ် အတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီးနောက် စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။ ကိန်းဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အာလင်း ဟာလန်းတို ပူးတွဲ ပိုင်ဆိုင်ထားတဲ့ စံချိန် တစ်ခုကို ကျော်ဖြတ်ကာ သမိုင်းသစ် ရေးထိုးလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါး ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၁၀၄ ပွဲ ကစားပြီး သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။ ဒါဟာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုရဲ့ သမိုင်းတလျှောက် ကစားသမား တစ်ဦးက ကလပ် အသင်း တစ်သင်းတည်း အတွက် ဂိုး ၁၀၀ အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ စံချိန်သစ်လည်း ဖြစ်ပါတယ်။

ယခင် စံချိန်ဟောင်းတွေ ကိုတော့ ရီးရဲလ်မက်ဒရစ် အတွက် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မန်စီးတီး အတွက် အာလင်း ဟာလန်း တို့က ၁၀၅ ပွဲစီနဲ့ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဟယ်ရီကိန်း အနေနဲ့ ရော်နယ်ဒို၊ ဟာလန်း တို့ထက် သာလွန်တဲ့ စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ပျမ်းမျှ ၈၅.၇ မိနစ်တိုင်းမှာ တစ်ဂိုး သွင်းယူနိုင်ပြီး ညာခြေနဲ့ ၆၆ ဂိုး ဘယ်ခြေနဲ့ ၁၅ ဂိုး၊ ခေါင်းတိုက်ဂိုး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်မှာ ပွဲ ၁၀၀ ကျော်သာ ကစားပြီး ဟက်ထရစ် ၁၀ ကြိမ် အထိ ရရှိထားပါသေးတယ်။
ဘေယန်မြူးနစ်မှာ စံချိန်သစ်တွေ ရရှိနေတဲ့ ဟယ်ရီကိန်း

ဒါ့အပြင် အင်္ဂလန်သားရဲ့ သွင်းဂိုးတွေ ထဲမှာ ပင်နယ်တီ ဧရိယာ အတွင်း ကနေ သွင်းယူခဲ့တဲ့ ဂိုး ၉၂ ဂိုး ဧရိယာ ပြင်ပ ကနေ သွင်းယူခဲ့တဲ့ ဂိုး ၈ ဂိုးနဲ့ ပင်နယ်တီ ကနေ ကန်သွင်းခဲ့တဲ့ ဂိုး ၂၇ ဂိုး ပါဝင်ခဲ့ပါတယ်။ အချက်အလက်တွေအရ ဟယ်ရီကိန်းရဲ့ ဂိုးကန်သွင်းမှု အောင်မြင်မှုနှုန်း ကလည်း ၂၅.၆ ရာခိုင်နှုန်း အထိ ရှိတာ တွေ့ရပါတယ်။ ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်မှာ ပွဲ ၁၀၀ ကျော်သာ ကစားပြီး ဟက်ထရစ် ၁၀ ကြိမ် အထိ ရရှိထားပါသေးတယ်။ ဒါ့အပြင် တစ်ပွဲတည်း ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ ပွဲအရေအတွက် ကလည်း ၁၇ ကြိမ် အထိ ရှိထားပါတယ်။

ဒါ့အပြင် ကိန်းက ဒီရာသီ မှာလည်း အသက်အရွယ်နဲ့ မလိုက်အောင် ဂိုးမြူးနေဆဲ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၁၈ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးထားပါတယ်။ ဒါကြောင့် ကိန်းက ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ ဂိုးသွင်း အများဆုံးနဲ့ ဂိုးပါဝင် ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ကိန်း ဟာ ဘေယန်မြူးနစ် အတွက် ဘွန်ဒက်စ်လီဂါ မှာ ၇၂ ဂိုး သွင်းယူ ပေးထားပြီး ဂျာမန်မြေကို ရောက်ရှိခဲ့တဲ့ ပထမဆုံး နှစ်ရာသီ ဆက်တိုက် ဂိုးသွင်း အများဆုံးဆုကို ရရှိတဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒီပုံ အတိုင်းဆိုရင်တော့ ဟယ်ရီကိန်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီကထက်တောင် ဂိုးတွေ ပိုရနိုင်သလို စံချိန်သစ် များစွာလည်း ထပ်တင်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ဟယ်ရီကိန်းက လာမယ့် ၂၀၂၆ မှာ စာချုပ်ဖျက်သိမ်းကြေး ၆၅ သန်းနဲ့ အသင်းပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကောလာဟလတွေ အရ ဆိုရင် ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ် ဘာစီလိုနာ ကလည်း ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာ အတွက် ဟယ်ရီ ကိန်းနဲ့ အစားထိုးချင်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်