နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သူနဲ့ အန်မီချာတို့ ဒေါ့မန်မှာ အများကြီး ပိုတိုးတက်လာနိုင်သေးတယ်လို့ ယုံကြည်နေတဲ့ ဂျူပ်ဘ် ဘယ်လင်ဟမ် | ဘွန်ဒက်စ်လီဂါ

ဂျူပ်ဘ် ဘယ်လင်ဟမ်နဲ့ ဖီးလစ် အန်မီချာ တို့ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ရဲ့ အလားအလာ ရှိတဲ့ ကွင်းလယ်လူ နှစ်ဦး အဖြစ် သတ်မှတ်ခံထားရသူတွေပါ။ ဒီအချိန်မှာ ဂျုပ်ဘ် ဘယ်လင်ဟမ်က သူတို့ နှစ်ဦးရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေကြောင်း ဖွင့်ဟ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျူပ်ဘ် ဘယ်လင်ဂမ်ရဲ့ အယူအဆအရ ဆိုရင် သူနဲ့ အန်မီချာ တို့ရဲ့ ကွင်းလယ် အတွဲအဖက်ဟာ ဒေါ့မန် အသင်းမှာ အများကြီး ပိုပြီး တိုးတက်လာနိုင်သေးတယ်လို့ ယုံကြည်နေတာပါ။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ ဒေါ့မန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး (ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ်တွေ မပါဘဲ) ပြိုင်ပွဲစုံ ၄၅ ပွဲ အထိ ပါဝင်ကစားပေးခဲ့ကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း အန်မီချာဟာ ဝုဖ်ဘတ် ကနေ ပြောင်းရွှေ့လာပြီးနောက် ဒေါ့မန်မှာ ၃ ရာသီမြောက် အဖြစ် ပွဲပေါင်း ၄၂ ပွဲ ကစားကာ ၅ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဒေါ့မန် ကွင်းလယ် ကစားသမားတွေ ထဲမှာ အန်မီချာနဲ့ ဘယ်လင်ဟမ် တို့ဟာ အရေးပါတဲ့ မှတ်တမ်း အချက်အလက်တွေမှာ ထိပ်ဆုံး ကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။ အချက်အလက်တွေ အရ ဖန်တီး ပေးပို့မှု အောင်မြင်မှုမှာ အန်မီချာက ၁,၃၉၀ ကြိမ်၊ ဘယ်လင်ဟမ်က ၁,၃၄၈ ကြိမ်၊ ဘောလုံးလုယူမှု အနိုင်ရရှိမှုမှာ အန်မီချာက ၁၆၂ ကြိမ်၊ ဘယ်လင်ဂမ်က ၁၅၉ ကြိမ်၊ ဘောလုံး ဖျက်ထုတ်မှု မှာတော့ ဘယ်လင်ဟမ်က ၄၇ ကြိမ်၊ အန်မီချာက ၃၇ ကြိမ် စွမ်းဆောင်ထားနိုင်ပါတယ်။

ဒါ့အပြင် အန်မီချာနဲ့ ဘယ်လင်ဟမ်တို့ နှစ်ဦးစလုံး ပွဲထွက် လူစာရင်းမှာ အတူတကွ ပါဝင်ခဲ့တဲ့ ပွဲစဉ် ၂၁ ပွဲမှာ ဒေါ့မန် အသင်းရဲ့ အနိုင်ရရှိမှု ရာခိုင်နှုန်းဟာ ၆၁.၉ ရာခိုင်နှုန်း (၁၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး) အထိ ရှိခဲ့ပါတယ်။ သူတို့ နှစ်ဦးထဲက တစ်ဦးဦး ပွဲထွက် လူစာရင်းမှာ မပါဝင်ခဲ့တဲ့ ပွဲစဉ် ၃၁ ပွဲ မှာတော့ အနိုင်ရရှိမှု ရာခိုင်နှုန်းဟာ ၅၄.၈ ရာခိုင်နှုန်း (၁၇ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၇ ပွဲရှုံး) သာ ရှိခဲ့တာကြောင့် သူတို့ အတွဲအဖက်ရဲ့ ထိရောက်မှုကို ပေါ်လွင်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဒေါ့မန် အသင်း အနေနဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ဆုဖလား တစ်လုံးမှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒေါ့မန်ကို ရောက်ရောက်ချင်းမှာ ခြေစွမ်းအပေါ် ဝေဖန်ခံခဲ့ရတဲ့ ဂျုပ်ဘ် ဘယ်လင်ဟမ်

ပြီးခဲ့တဲ့ ရာသီက ဒေါ့မန် အသင်း အနေနဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ဆုဖလား တစ်လုံးမှ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဘယ်လင်ဟမ် ကတော့ အခုလာမယ့် ၂၀၂၆-၂၇ ရာသီမှာ သူနဲ့ အန်မီချာ တို့ဟာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ တွဲဘက် ပါတနာ အဖြစ် အများကြီး ပိုတိုးတက်လာနိုင်သေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း အဆင်ပြေကြပြီး အတူတူ ပိုကစားရလေလေ နားလည်မှုနဲ့ အတွဲအဖက်က ပိုကောင်းလာလေလေပါပဲ။ လာမယ့် ရာသီမှာ ကျွန်တော်တို့ နှစ်ယောက်စလုံးဆီ ကနေ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို မျှော်လင့်ထားလို့ ရပါတယ်။ ကလပ်မှာရော၊ အသင်းမှာရော၊ ဝန်ထမ်းတွေနဲ့ပါ အခုဆို ပိုပြီး အိမ်လိုမျိုး ရင်းနှီး နွေးထွေးမှု ခံစားနေရပါပြီ။ ရာသီသစ်ကို အမှန်တကယ် မျှော်လင့်နေသလို ဖီးလစ်နဲ့ ကျွန်တော် ဒီထဲမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်လာမယ်လို့လည်း တတ်အပ် သေချာ ယုံကြည်ပါတယ်။” လို့ ဘယ်လင်ဟမ်က အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

ဒေါ့မန် အသင်း အတွက် ပထမဆုံး ဆုဖလား မျှော်လင့်ချက် အဖြစ် လာမယ့် ဩဂုတ်လ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ စူပါဖလား ပွဲစဉ်မှာ ဘေယန်မြူးနစ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ရာသီသစ် အဖွင့်ပွဲစဉ် ကိုတော့ နောက်တစ်ပတ်မှာ ဟမ်းဘတ် အသင်းနဲ့ အိမ်ကွင်းမှာ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

တခြား တစ်ဖက် မှာလည်း အန်မီချာဟာ ဂျာမနီ အမျိုးသား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အပါအဝင် ကလပ် အသင်း တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး ပြောင်းရွှေ့ကြေး အများအပြားနဲ့ အသင်း ပြောင်းရွှေ့နိုင်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်