နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုလစ်ဆီဟာ တစ်ချိန်မှာ ဒီဘရွန်းနားလို ဖြစ်လာနိုင်တယ်လို့ ချီးကျူးလိုက်တဲ့ ကွန်ပနီ | ဘွန်ဒက်စ်လီဂါ

ညက ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကတော့ သူ့ အသင်းရဲ့ ပြင်သစ် ကွင်းလယ် တိုက်စစ် ကစားသမား မိုက်ကယ် အိုလစ်ဆီဟာ တချိန်မှာ မန်စီးတီး အသင်းဖော် ကီဗင် ဒီဘရွန်းနားလို ဖြစ်လာနိုင်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အိုလစ်ဆီဟာ ပြီးခဲ့တဲ့ ရာသီက ခရစ္စတယ်ပဲလေ့စ် ကနေ ဘွန်ဒက်စ်လီဂါ ကလပ်ကို ယူရို သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ပြင်သစ်သားဟာ အဲဒီရာသီက ဘေယန်မြူးနစ်ရဲ့ တန်ဖိုး အကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့သလို ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၅၀ အထိ ကစားကာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ကွန်ပနီက မန်စီးတီးရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ဒီဘရွန်းနား လိုပဲ အိုလစ်ဆီကို ဘေယန်မြူးနစ် အတွက် ကာလရှည်ကြာ အားထားရမယ့်သူ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကွန်ပနီက “သူ့ရဲ့ ကိန်းဂဏန်းတွေက အဓိကမကျပါဘူး။ ဒါပေမယ့် သူပိုကောင်းလာပြီး ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ တိုးတက် ဖြစ်ထွန်းမှုကို မြင်တွေ့ရတာ ဒီဘရိုင်းနားနဲ့ နှိုင်းယှဉ်ချင်စရာ ကောင်းနေပါတယ်။ ဘေယန် ပရိသတ်တွေ အနေနဲ့ သူ့ဆီကနေ ပျော်ရွှင်ခြင်းတွေကို အချိန်အကြာကြီး ရရှိသွားမှာပါ။” လို့ ကွန်ပနီက  ပြောကြားခဲ့ပါတယ်။

ကီဗင် ဒီဘရွန်းနား ကတော့ ၂၀၁၅ ခုနှစ် ကနေ ၂၀၂၅ အထိ မန်ချက်စတာစီးတီးမှာ ပြိုင်ပွဲစုံ ၄၂၂ ပွဲ ကစားပြီး ၁၀၈ ဂိုး သွင်းယူကာ ဂိုး ၁၇၀ ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ အိုလစ်ဆီက ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ၁၇ ဂိုး သွင်းယူပြီး ၁၈ ဂိုး ဖန်တီးခဲ့သလို ဒီရာသီလည်း ၇ ပွဲ ကစားပြီးချိန်မှာ ၅ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးထားပြီး ဖြစ်ပါတယ်။ တကယ်တော့ နည်းပြ ကွန်ပနီဟာ သူ ဘေယန်မြူးနစ်ကို စတင် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ရာသီမှာပဲ ရည်မှန်းချက် ကြီးမားစွာနဲ့ အိုလစ်ဆီကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ်ဟာ ရာသီ အဖွင့်ပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါ အဓိက ပြိုင်ဘက် လိုက်ပ်ဇစ်ကို ၆-၀ ရလဒ်နဲ့ အနိုင်ယူထားပြီး အဲဒီပွဲမှာ အိုလစ်ဆီက ၂ ဂိုး သွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဘေယန်မြူးနစ် အတွက် ၁၇ ဂိုး သွင်းယူပြီး ၁၈ ဂိုး ဖန်တီးပေးခဲ့တဲ့ မိုက်ကယ် အိုလစ်ဆီ

ဆက်လက်ပြီး ကွန်ပနီက “အရေးကြီးတာက လေ့ကျင့်ရေးမှာ သူတို့ နေ့တိုင်း လုပ်ဆောင်နေတာပါ။ သူ့မှာ လုံးဝ တည်ငြိမ်နေတာကို ကျွန်တော် မြင်ပါတယ်။ အခု သူအောင်မြင်နေပြီး ဖြစ်ပေမယ့် သူ ဆက်လက် လုပ်ဆောင်ရမှာတွေ ရှိနေပါသေးတယ်။ သူဒီထက် တိုးတက်လာဖို့ မျှော်လင့်ပြီး ဘေယန် ပရိသတ်တွေ အတွက် အချိန်အကြာကြီး ပျော်ရွှင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ ဒီညမှာတော့ ဂျာမန် ပိုကယ်ဖလား ပထမအဆင့် ပွဲစဉ် အဖြစ် ဝီဟန် ဝိုင်စ်ဘာဒန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘေယန်ဟာ ဂျာမန် ပိုကယ်ဖလားမှာ အောင်မြင်မှုနဲ့ ဝေးကွာနေတာ ၅ နှစ် ရှိပြီ ဖြစ်ပြီး ကွန်ပနီ ကိုယ်တိုင် ကလည်း ဒီပြိုင်ပွဲမှာ အောင်မြင်မှု ပြန်လည် ရရှိဖို့ မျှော်လင့်နေပါတယ်။ 

ဘေယန်မြူးနစ်ဟာ ရာသီ အဖွင့်ပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါ အဓိက ပြိုင်ဘက် လိုက်ပ်ဇစ်ကို ၆-၀ ရလဒ်နဲ့ အနိုင်ယူထားပြီး အဲဒီပွဲမှာ အိုလစ်ဆီက ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ မြင်တွေ့နေရပြီး ဆုဖလား အောင်မြင်မှုတွေ အတွက် အဆင်သင့် ဖြစ်နေကြောင်း ကိုလည်း ပြသထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်