ဘေယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါမှာ ပြီးခဲ့တဲ့ နှစ်ပွဲဆက် ခြေချော်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာက ဒေါ့မန်ကို ၆ မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။ ဒါကြောင့် လိဂ်ကို ဦးဆောင်သူတွေရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဒေါ့မန် အနေနဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းထားဖို့ လိုအပ်ကြောင်း နည်းပြ နီကို ကိုဗက်က ပြောကြားလိုက်ပါတယ်။
ဒေါ့မန် နည်းပြ ကိုဗက်ဟာ ဝုဖ်ဘတ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါ ဇယား ထိပ်က ဘေယန်မြူးနစ်ကို ဖိအားပေးနိုင်ဖို့ အတွက် “ငါတို့ရဲ့ ကံကြမ္မာကို ငါတို့ကိုယ်တိုင် ဖန်တီးချင်တယ်” လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ နောက်ဆုံး ၂ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားသလို၊ တစ်ဖက် မှာလည်း ဒေါ့မန်က လိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပါတယ်။
ဒါ့အပြင် ဒေါ့မန်က လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ မှတ်တမ်း (၉ ပွဲနိုင်၊ ၄ ပွဲသရေ) နဲ့ အရှိန်အဟုန် ကောင်းတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒေါ့မန် ဗဟိုခံစစ်မှူး နီကို ရှလော့တ်တာဘတ်ခ်က သူတို့ အသင်းဟာ ချန်ပီယံဆုကို မျှော်မှန်းထားကြောင်းလည်း ဖွင့်ဟထားပါတယ်။ နည်းပြ ကိုဗက် ကတော့ အဆင့် ရပ်တည်မှု အပေါ် ကျေနပ်ပေမယ့် နောက်က လိုက်လာတဲ့ အသင်းတွေနဲ့ အလှမ်းဝေးနေစေဖို့ အာရုံစိုက်နေပါတယ်။
ကိုဗက်က “ဇယားအဆင့် ကတော့ ကြည့်ကောင်းပါတယ်။ ကျွန်တော်တို့ ကျေနပ်လို့ ရပါတယ်။ ဒါပေမယ့် နောက်က အသင်းတွေ ကလည်း ကျွန်တော် တို့ကို လိုက်မှီဖို့ အစွမ်းကုန် ကြိုးစားကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်ရမယ်။ ရရှိထားတဲ့ အောင်မြင်မှုလေး အပေါ်မှာ သာယာနေလို့ မရဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးပြီး တခြားအသင်းတွေ ကျွန်တော်တို့ကို လိုက်မမှီအောင် လုပ်ဆောင်ရမယ်။” လို့ ဆိုပါတယ်။

ဒေါ့မန်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီ နောက်ပိုင်း ၇ နှစ် အတွင်း အကောင်းဆုံးရာသီကို ဖြတ်သန်းနေပြီး ပွဲ ၂၀ ကစား အပြီးမှာ ရမှတ် ၄၅ မှတ် အထိ ရရှိထားပါတယ်။ (၁၃ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁ ပွဲရှုံး)။ တစ်ဖက်မှာလည်း ဒေါ့မန်နဲ့ ရင်ဆိုင်ရမယ့် ဝုဖ်ဘတ်က အဆင့် ၁၄ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။ ဝုဖ်ဘတ်ဟာ နောက်ဆုံး ဘွန်ဒက်စ်လီဂါ ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။
ကိုဗက်ဟာ ၂၀၂၄ ခုနှစ်၊ မေလမှာ သူ့ကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ အသင်းဟောင်း ဝုဖ်ဘတ်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝုဖ်ဘတ်ရဲ့ လက်ရှိ ရမှတ် ၁၉ မှတ်ဟာ အသင်းရဲ့ အရည်အသွေးအစစ်အမှန် မဟုတ်နိုင်ကြောင်း ကိုဗက်က ယုံကြည်နေပါတယ်။
ဝုဖ်ဘတ်ဟာ ဒေါ့မန်နဲ့ တွေ့ဆုံတဲ့ နောက်ဆုံး ၂၂ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၉ ပွဲမှာ ၁၃ ပွဲ အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အခု တွေ့ဆုံမှု မှာလည်း ဒေါ့မန်ကပဲ အနိုင်ရသွားဖို့ များနေပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်က အခုတပတ်မှာ နိုင်ပွဲတွေ ဆက်နေပြီး အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဟော့ဖန်ဟိမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဒေါ့မန်သာ အခွင့်ကောင်းယူနိုင်ရင် ရမှတ် ကွာဟချက်ကို အခုထက် ပိုပြီး လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


