နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လေဗာကူဆင်က သူ့ကို အပြန်အလှန် ယုံကြည်မှု မပေးခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ တန်ဟက်ဂ် | ဘွန်ဒက်စ်လီဂါ

အဲရစ်ခ် တန်ဟက်ဂ်ဟာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ အပြီးမှာ လေဗာကူဆင် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရပြီးနောက် မကျေနပ်ချက်တွေကို ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ တန်ဟက်ဂ်က သူ့ အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အပေါ် လုံးဝ အံ့အားသင့်မိသလို လေဗာကူဆင်ဟာ သူ့ကို အပြန်အလှန် ယုံကြည်မှု မပေးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ကာ ဝေဖန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ဒီကနေ့ မနက် လေဗာကူဆင် စီမံခန့်ခွဲရေး အဖွဲရဲ့ ဆုံးဖြတ်ချက်က ကျွန်တော့် အတွက် လုံးဝကို အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ လိဂ် ပွဲစဉ် နှစ်ပွဲ အပြီးမှာ နည်းပြ တစ်ယောက်နဲ့ လမ်းခွဲတယ် ဆိုတာ သမိုင်းတလျှောက် တစ်ခါမှ မဖြစ်ဖူးတဲ့ ကိစ္စပါပဲ။ ဒီနွေရာသီမှာ အသင်းရဲ့ အဓိက ကစားသမားကောင်းတွေ အများကြီး ထွက်ခွာသွားခဲ့ပါတယ်။ စည်းလုံး ညီညွတ်တဲ့ အသင်း တစ်သင်းကို တည်ဆောက်ဖို့ ဆိုတာက အချိန်နဲ့ ယုံကြည်မှု လိုအပ်တဲ့ သိမ်မွေ့တဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ နည်းပြသစ် တစ်ယောက်ဟာ သူ့ရဲ့ အမြင်ကို အကောင်အထည်ဖော်ဖို့ စံနှုန်းတွေ သတ်မှတ်ဖို့ လူစာရင်းကို ပုံဖော်ဖို့နဲ့ ကစားဟန် အပေါ် သူ့ရဲ့ လုပ်ငန်းစဉ် အပေါ် အချိန်ပေးဖို့ လိုအပ်ပါတယ်။”

“ကျွန်တော့် အနေနဲ့ ဒီအလုပ်ကို ယုံကြည်မှု အပြည့် စွမ်းအင် အပြည့်နဲ့ စတင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အသင်းရဲ့ အုပ်ချုပ်ရေး အပိုင်းက ကျွန်တော် လိုအပ်တဲ့ အချိန်နဲ့ ယုံကြည်မှုကို ပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒီဆက်ဆံရေးက ဘယ်တုန်းကမှ အပြန်အလှန် ယုံကြည်မှု အပေါ်မှာ အခြေမခံခဲ့ဘူးလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝ တစ်လျှောက်လုံးမှာ ကျွန်တော် ရာသီကုန် အထိ ကိုင်တွယ်ခွင့်ရခဲ့တဲ့ ကလပ်တိုင်းက အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ကျွန်တော့်ကို ယုံကြည်မှု ပေးခဲ့တဲ့ ကလပ်တွေက အောင်မြင်မှုနဲ့ ဆုဖလားတွေနဲ့ ပြန်လည် အောင်ပွဲခံခဲ့ရပါတယ်။”လို့ တန်ဟက်ဂ်က ယုံကြည်မှု ရှိစွာပဲ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း တန်ဟက်ဂ်က လေဗာကူဆင်ကို ပိုကယ်ဖလား (အနိုင်) နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ ပွဲ (၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး) သာ အသင်း ကိုင်တွယ်ခဲ့ရပြီး စာချုပ် ဖျက်သိမ်းခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
လေဗာကူဆင် ကနေ ထုတ်ပယ်ခံလိုက်ရလို့ ထုတ်ပြန်ချက် ထုတ်ပြီး ရှင်းလင်းခဲ့တဲ့ တန်ဟက်ဂ်

တန်ဟက်ဂ်ကို ထုတ်ပယ်မှုဟာ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက်မှာ နည်းပြ တစ်ဦးကို အမြန်ဆုံး ထုတ်ပယ်ခဲ့တဲ့ စံချိန်သစ် တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ နယ်သာလန် လူမျိုး နည်းပြဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ မန်ချက်စတာယူနိုက်တက် ကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက် တန်ဟက်ဂ်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ လေဗာကူဆင်ကို ၂ နှစ် စာချုပ်နဲ့ စတင် ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ်က လေဗာကူဆင်ကို ပိုကယ်ဖလား (အနိုင်) နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ ပွဲ (၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး) သာ  အသင်း ကိုင်တွယ်ခဲ့ရပြီး စာချုပ် ဖျက်သိမ်းခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ 

တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ လေဗာကူဆင်ရဲ့ အားကစား မန်နေဂျင်း ဒါရိုက်တာ ဆိုင်မွန် ရိုးလ်ဖက်စ် ကတော့ “ဘယ်သူကမှ ဒီလို အခြေအနေမျိုး မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိ ကလပ်ရဲ့ ဖွဲစည်းပုံနဲ့ အောင်မြင်တဲ့ အသင်း တစ်သင်းကို တည်ဆောက်ဖို့ လက်တွေ့ မဖြစ်နိုင်ဘူး ဆိုတာ ပြီးခဲ့တဲ့ သီတင်း အပတ်တွေမှာ သက်သေပြခဲ့ပါတယ်။” လို့ ပြန်လည် တုန့်ပြန်ထားပါတယ်။ 

ဒါ့အပြင် တန်ဟက်ဂ်ဟာ ဒီတစ်ပတ် အတွင်းမှာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရတဲ့ တတိယမြောက် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းလည်း ဖြစ်လာခဲ့ပါတယ်။ တန်ဟက်ဂ် မတိုင်ခင်မှာ အိုလီဂန်နာ ဆိုးလ်ရှားဟာ ဘက်ဆစ်တပ်စ် ကနေ ထုတ်ပယ်ခံခဲ့ရပြီး ဟိုဆေး မော်ရင်ညို ကလည်း တူရကီ ကလပ်ပဲ ဖြစ်တဲ့ ဖီနာဘာချီ ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လေဗာကူဆင် ကတော့ လက်ရှိမှာ တန်ဟက်ဂ်ရဲ့ နေရာကို ပြန်လည် အစားထိုးဖို့ အတွက် နည်းပြ တစ်ဦး ခပ်မြန်မြန် ရှာဖွေ ရတော့မှာ ဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်နဲ့ ဂျာမန်မြေမှာ ကျင်လည်နေတဲ့ မာကို ရို့စ်နဲ့ ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ် တို့က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒီထဲကမှ ဇာဗီ ဟာနန်ဒက်ဇ် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ ရာထူးကို ငြင်းပယ်သွားဖို့ များနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်