နယ်သာလန် လူမျိုး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်း နည်းပြ လောကထဲကို ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးသူ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဲရစ်ခ် တန်ဟက်ဂ်က ရာသီအကုန်မှာ လစ်လပ်တော့မယ့် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် နည်းပြ ရာထူး အတွက် ရေပန်းစားနေပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ကတော့ အသင်းရဲ့ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ လမ်းခွဲခဲ့ပြီး ရာသီ အကုန်မှာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ထိပ်တန်း နည်းပြတွေကို လျာထားစာရင်းထဲ ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင်ရဲ့ နည်းပြ လျာထားစာရင်းထဲ မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ယူနိုက်တက် ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြ ပြန်မလုပ်သေးတဲ့ အဲရစ်ခ် တန်ဟက်ဂ်လည်း ပါဝင်နေတာ ဖြစ်ပါ တယ်။ လက်ရှိမှာတော့ လေဗာကူဆင် အနေနဲ့ အသင်း အတွက် ကိုက်ညီနိုင်မယ့် နည်းပြ အဖြစ် ဘယ်သူ့ကို ရွေးချယ် ကမ်းလှမ်းသွားမလဲ ဆိုတာ ဆုံးဖြတ်ထားရခြင်း မရှိသေးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၃-၂၀၂၄ ရာသီမှာ လေဗာကူဆင် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ဘွန်ဒက်စ်လီဂါ ဖလားကို ရှုံးပွဲမ ရှိ စံချိန်နဲ့ ရယူပေးခဲ့တဲ့ အလွန်ဆိုဟာ လာမယ့် ဘောလုံးရာသီမှာ သူရဲ့ ကစားသမားဘဝ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖို့ သေချာနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လေဗာကူဆင်က အလွန်ဆိုရဲ့ နေရာမှာ နည်းပြ တစ်ဦး ပြီးစလွယ် အစားထိုးလိုခြင်း မရှိပဲ ဝါရင့် နည်းပြ မဟုတ်ရင်တောင် နည်းစနစ်ပိုင်း ပိုင်နိုင်တဲ့ လူငယ် နည်းပြ တစ်ဦးနဲ့ အစားထိုးချင်တယ်လို့ သိရပါတယ်။
တချို့သော သတင်းတွေ မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြလျက် ရှိပါတယ်။ ဒါပေမယ့်လည်း စပိန်သား နည်းပြက လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ အထိ စီးရီးအေ ကလပ် မှာပဲ ဆက်ရှိနေဖို့ များနေတာကြောင့် တန်ဟက်ဂ်ကို ကြိုးပမ်းသွားဖွယ် ရှိကြောင်း သတင်းတွေ ထွက်နေတာပါ။
အေဂျက်စ်နဲ့ ယူနိုက်တက် နည်းပြဟောင်း တန်ဟက်ဂ်ဟာ ၂၀၁၃ ခုနှစ် ကနေ ၂ဝ၁၅ ခုနှစ် အထိ ဘေယန်မြူးနစ် (လူငယ်အသင်း)ကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ဖူးပါတယ်။ တန်ဟက်ဂ်ဟာ ဂွါဒီယိုလာရဲ့ တပည့်လို့တောင် ပြောလို့ ရပြီး ဂျာမနီ ဘောလုံးလောကနဲ့ သိပ်မစိမ်းသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ်က ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ဖို့ထက် သူကျရှုံးခဲ့တဲ့ အင်္ဂလန်မြေကို ပြန်လာဖို့ ပိုမို လိုလားလျက်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အလွန်ဆိုရဲ့ နေရာ အတွက် အဲရစ်ခ် တန်ဟက်ဂ် အပြင် အလွန်ဆိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖြစ်ပြီး ဘာစီလိုနာရဲ့ ဂန္တဝင်ဟောင်းနဲ့ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ် ကိုလည်း ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဇာဗီ ကတော့ ဘာစီလိုနာနဲ့ လမ်းခွဲပြီးနောက် ယူနိုက်တက် နည်းပြ ရာထူး အတွက် သတင်းတွေ ထွက်ခဲ့သေးပေမယ့် လက်ရှိ အချိန်ထိတော့ နည်းပြ လောကထဲ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးသူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.