အီတလီ နာမည်ကျော် နည်းပြကြီး ကာလို အန်ဆယ်လော့တီ ကတော့ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ်ကို မသိရှိရသေးကြောင်း ဝန်ခံ ပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က အာဆင်နယ်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နစ်ကျော့စလုံးမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲ ကနေ စိတ်ပျက်စရာ အခြေအနေ တစ်ခုနဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေက အာဆင်နယ်နဲ့ ဒုတိယအကျော့က နည်းပြကြီးရဲ့ နောက်ဆုံး ချန်ပီယံလိဂ် ပွဲလားလို့ မေးမြန်းမှုကို အန်ဆယ်လော့တီက အခုလိုပဲ တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက “ကျွန်တော် မသိပါဘူး။ ပြောင်းလဲခြင်းတွေ လုပ်ဖို့ ကလပ် ဘက်ကပဲ ဆုံးဖြတ်ရမှာပါ။ ဒီနှစ်လည်း ဖြစ်နိုင်သလို၊ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နောက်နှစ်လည်း ဖြစ်နိုင်ပါတယ်။ ဘာပြဿနာမှတော့ မရှိပါဘူး။ ဒီမှာ ကျွန်တော့် ကဏ္ဍပြီးဆုံးချိန်မှာ ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ကလပ်ကို ကျေးဇူးတင်စကား ဆိုနိုင်တာပါပဲ။ ဒါက မနက်ဖြန်၊ တစ်လ အတွင်း သို့မဟုတ် တစ်နှစ် အတွင်း ဖြစ်နိုင်ပါတယ်။” လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီက ဒီနွေရာသီမှာ ရာထူး ကနေ နုတ်ထွက်ဖို့ မစဉ်းစားထားကြောင်း ဝန်ခံခဲ့ပါတယ်။
အန်ဆယ်လော့တီ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် ဒီရာသီ သူ့ရဲ့ နည်းစနစ်ပိုင်း အမှားအယွင်းတွေနဲ့ အားနည်ချက်တွေကြောင့် ပရိသတ် တော်တော်များများ ကလည်း လမ်းခွဲစေချင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ဒီရာသီ အသင်းလိုက် စွမ်းဆောင်ရည်တွေ အတွက် အန်ဆယ်လော့တီ တစ်ယောက် တော်တော်လေးကို ဝေဖန် ပြစ်တင်ခံနေရပြီးတော့ မဟာပြိုင်ဘက် ဘာစီလိုနာကို နှစ်ပွဲစလုံး ဂိုးပြတ် ရှုံးထားမှု အပါအဝင် အာဆင်နယ်ကို ခြေပြတ် ဂိုးပြတ် ရှုံးခဲ့တာက သူ့အတွက် ပိုပြီး အထိနာစေတဲ့ အကြောင်းအရာတွေလည်း ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ မိန့်ဇ်၊ ဒေါ့မန်၊ လစ်ဗာပူးလ် တို့ရဲ့ နည်းပြဟောင်း ယာဂင် ကလော့ပ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း ဒီရာသီ အတွက် လာလီဂါနဲ့ ကိုပါဒယ်ရေးဖလား တို့မှာ ချန်ပီယံ ဖြစ်ရေး မျှော်လင့်နိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ အမှတ်ပေးဇယား ထိပ်က ဘာစီလိုနာနဲ့ ၄ မှတ် ပြတ်နေသလို ကိုပါဒယ်ရေး မှာလည်း ဒီရာသီမှာ သူတို့ နှစ်ကြိမ်တိုင်တိုင် မရှုမလှ ရှုံးထားတဲ့ ဘာစီလိုနာ နဲ့ပဲ ဗိုလ်လုပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။
လက်ရှိ ခြေစွမ်းအတိုင်း ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ယှဉ်နိုင်ဖို့ မလွယ်ကူပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ Direct Football ကစားတဲ့ အသင်း ဖြစ်တာ မှန်ပေမယ့် တစ်ဦးချင်း ခြေစွမ်းကို အရမ်းမှီခိုလွန်းတာက တစ်ခါတစ်ရံမှာ ဘောလုံးကို စနစ်တကျ ကစားတဲ့ အသင်းတွေနဲ့ တွေ့ဆုံချိန်မှာ ခက်ခဲနေရတာ ဖြစ်ပါတယ်။ ဒါတွေကို ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် နှစ်ကျော့စလုံးကို ပြန်ကြည့်ရင် မြင်တွေ့ရပါလိမ့်မယ်။ နောက်တစ်ချက်က သမားရိုးကျ ဖြတ်တင်ဘောတွေနဲ့ ဂိုးရဖို့ပဲ ကြိုးပမ်းစေခဲ့တဲ့ အန်ဆယ်လော့တီရဲ့ နည်းစနစ်ပိုင်းက မေးခွန်းထုတ်စရာ ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်လို အသင်းကြီး တစ်သင်း အဖို့ အခုထက် ပိုကောင်းတဲ့ ကစားဟန်နဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့သင့်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.