နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်ရဲ့ အရှိန်အဝါကို ဖောက်ထွက်ဖို့ ခက်ခဲလိမ့်ဦးမယ့် အက်တလက်တီကိုမက်ဒရစ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – အက်တလက်တီကိုမက်ဒရစ်

လစ်ဗာပူးလ် ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် အဖွင့် ပွဲစဉ် အဖြစ် လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ်ကို အန်ဖီးလ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ရှုံးပွဲ မရှိသေးတဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ကိုရော ရလဒ်ကောင်း တစ်ခုနဲ့ စတင်ဖွင့်လှစ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ အားရစရာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ရှုံးပွဲလည်း မရှိသေးပါဘူး။ လစ်ဗာပူးလ်က ဒီရာသီ ရည်မှန်းချက်က ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းဖို့ ဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း ၇ ကြိမ်မြောက် ဗိုလ်စွဲဖို့ ဖြစ်ပါတယ်။ ခန့်မှန်း တွက်ချက်မှုတွေ အရလည်း လစ်ဗာပူးလ်က ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် လစ်ဗာပူးလ်က အကောင်းဆုံး ပုံစံမှာ ရှိမနေသေးပဲ ခေါ်ယူထားတဲ့ ကစားသမားတွေ ကလည်း အသင်းနဲ့ အသားကျဖို့ အချိန်ယူရဦးမယ့် ပုံပါပဲ။ ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ဆိုရင် လစ်ဗာပူးလ်ရဲ့ တိုက်စစ်က ဂိုးရဖို့ ခက်ခဲခဲ့ပြီး ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့်သာ အဖိုးတန် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ အက်တလက်တီကိုမက်ဒရစ်လို ကျစ်ကျစ်လျစ်လျစ် မာမာထန်ထန် ကစားတဲ့ အသင်းနဲ့ အတွေ့မှာ လစ်ဗာပူးလ်တို့ သွင်းဂိုးတွေ ဘယ်လိုမျိုး ရှာဖွေမလဲ ဆိုတာက အာနေး ဆလော့တ် ဖြေရှင်းရမယ့် အဓိက ပြသနာ တစ်ခု ဖြစ်နေပါလိမ့်မယ်။

ဒီယေဂို ဆီမြွန်နီရဲ့ အသင်း ကတော့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ၄ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားပါသေးတယ်။ ဒါက နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ရာသီသစ်မှာ နိုင်ပွဲ စတင်တွေ့ရှိသွားတာကြောင့်တော့ တီကိုတို့ ယုံကြည်မှု အနည်းငယ် ပြန်ရသွားမှာ သေချာပါတယ်။ တစ်ခု ရှိတာက တီကိုက ဒီရာသီမှာ တိုက်စစ်က တစ်ပွဲ ၁ ဂိုးနှုန်းလောက်သာ ရထားသလို ခံစစ် ကလည်း ၁ ပွဲ ၁ ဂိုးနှုန်းလောက် ပြန်ပေးထားရတာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး မရှိတဲ့ ပွဲက ၁ ပွဲသာ ရှိထားပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ် ဘက်မှာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အလက်ဇန္တား အိဆက်ခ် ပါဝင်ကစားဖို့ မသေချာသေးသလို မာ့ခ် အယ်လစ္စတာ၊ ကာတစ် ဂျုံးစ်၊ ဘက်ဂျ်စီတစ် တို့လည်း လွဲချော်ဖွယ် ရှိနေပါတယ်။ အက်တလက်တီကိုမက်ဒရစ် ဘက်မှာတော့ အဲလက်စ် ဘေနာ၊ ကာဒိုဆို၊ ဟင်မီနက်ဇ်၊ ဟူလီယန် အဲလ်ဗာရက်ဇ်၊ အဲလ်မာဒါ တို့လို အဓိက ကစားသမား တော်တော်များများ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

၀၂၁ ခုနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားပြီး နှစ်ကျော့စလုံးမှာ လစ်ဗာပူးလ်ပဲ အနိုင်ရထားပါတယ်။
လစ်ဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အရေးနိမ့်ထားတဲ့ အက်တလက်တီကိုမက်ဒရစ်

လစ်ဗာပူးလ် – အလီဆွန်၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ဂျ်၊ ဆိုဘို့ဇ်လိုင်း၊ ဆာလာ၊ ဝစ်ဇ်၊ ဂက်ခ်ပို၊ အစ်ကီတီကီ

အက်တလက်တီကိုမက်ဒရစ် – အိုဘလက်ခ်၊ လီနော်မက်ဒ်၊ လန်းဂ်လတ်၊ ရူဂါရီ၊ ဆီမြွန်နီ၊ ဘာရီရို့စ်၊ ကိုကီ၊ ဂယ်လာဟာ၊ ဂရစ်ဇ်မန်း၊ ဆောလော့သ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၄ ကြိမ် တွေ့ဆုံထားပြီး ၂ ကြိမ်စီ အနိုင်ရထားလို့ ထိပ်တိုက်တွေ့ဆုံမှုအရ ကွာဟချက် သိပ်မရှိတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားပြီး နှစ်ကျော့စလုံးမှာ လစ်ဗာပူးလ်ပဲ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၄၆ ဆ ရမှာ ဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ် နိုင်ရင်တော့ ၅.၆၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၁၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က တစ်လုံး သွင်းရင်တောင် တစ်ဝက်ရှုံးမယ့် ကြေးမျိုး ပေါက်နေပြီး ဘွတ်ကီတွေ အနေနဲ့ လစ်ဗာပူးလ် ကျိန်းသေ အနိုင်လို့ တွက်ဆထားပုံပါပဲ။ တီကိုဟာ အရင်လို ခံစစ်က မတောင့်တင်းတော့သလို အခုပွဲကို အဓိက ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိနေတာ ကလည်း အားနည်းချက် ဖြစ်နေပါတယ်။ အန်ဖီးလ်ရဲ့ အရှိန်အဝါကလည်း ရှိနေသေးတော့ တီကို အတွက် ဘယ်လိုမှ မလွယ်ကူနိုင်တဲ့ ပွဲပါ။ လစ်ဗာပူးလ် အနိုင်သေချာပါတယ်။ ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရပါမယ်။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၁-၀ အက်တလက်တီကိုမက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်