ဘီလ်ဘာအို – အာဆင်နယ်
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်က ဘီလ်ဘာအိုကို ဆမ်မားမက်စ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ရာသီကြိုကာလ ကမှ ဘီလ်ဘာအိုကို ပူပူနွေးနွေး ဂိုးပြတ် အနိုင်ယူထားတဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ် မှာရော ထပ်ပြီး အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ဒီရာသီ အဓိက ရည်မှန်းချက်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အဆင့်မြင့် ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဆု ရရှိဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ မနှစ်ကလိုပဲ ချန်ပီယံလိဂ်မှာ အာရုံစိုက်သွားဦးမှာ ဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မှု အတွက် ပွဲတိုင်းကို ဂရုတစိုက်ကစားမှာ သေချာပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက လိဂ် အဆင့်မှာ ဘေယန်မြူးနစ် (အိမ်)၊ အင်တာမီလန် (အဝေး)၊ အက်တလက်တီကိုမက်ဒရစ် (အိမ်)၊ ကလပ် ဘရုဂေး (အဝေး)၊ အိုလံပီယာကော့စ် (အိမ်)၊ ဆလားဗီးယား ပရာဟာ (အဝေး)၊ ကိုင်ရတ် အဲလ်မာတီ (အိမ်)၊ ဘီလ်ဘာအို (အဝေး) တို့နဲ့ တွေ့ဆုံနေပါတယ်။ ဒါ့အပြင် အာဆင်နယ်က ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ဒုတိယမြောက် ရေပန်းအစားဆုံး အသင်း အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်က အားရစရာ စုဖွဲ့မှု၊ အားရစရာ ခြေစွမ်းတွေနဲ့ မြင်တွေ့နေရပြီး ပြီးခဲ့တဲ့ ဖောရက်စ်နဲ့ ပွဲက ခြေစွမ်း အတိုင်း ဆိုရင် ဘီလ်ဘာအိုကို အဝေးကွင်းမှာ အနိုင်ယူဖို့ မခက်ခဲပါဘူး။
အာနက်စတို ဗယ်လ်ဗာဒီရဲ့ အသင်းက ရာသီအစမှာ တာထွက်ကောင်းခဲ့ပေမယ့် နောက်ဆုံး ပွဲမှာတော့ ဒီပို့တီဗို အလာဗက်စ်ကို မထင်မှတ်ပဲ အိမ်ကွင်းမှာ ရှုံးထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းနဲ့ စုဖွဲ့မှု အရ ဆိုရင်တော့ မဆိုးဘူးလို့ ပြောလို့ ရပေမယ့် ၂ ပွဲဆက် ရှုံးထားတာကို ကြည့်ခြင်းအားဖြင့်တော့ အားနည်းချက်တွေ ရှိနေတာ သေချာပါတယ်။ နောက်ပြီး ဘီလ်ဘာအို အတွက်က ဒီပွဲမှာ အိမ်ကွင်း အားသာချက် ရှိနေပေမယ့် အာဆင်နယ်ရဲ့ High Pressingနဲ့ ပုံစံ မျိုးစုံနဲ့ ဂိုးရဖို့ ကြိုးပမ်းတာကို ပွဲချိန်ပြည့် တောင်ခံနိုင်ဖို့ ကတော့ မလွယ်ကူပါဘူး။ နောက်ပြီး သူတို့ အတွက် အားကိုးရတဲ့ တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်လည်း ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ် ဘက်မှာတော့ ဘူကာယို ဆာကာ၊ ဂါဘရီရယ် ဂျေဇုစ်၊ ကိုင် ဟာဗက်ဇ်၊ မာတင် အိုဒီဂတ် တို့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပြီး ဆလီဘာ ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘီလ်ဘာအို – ဆီမွန်၊ အာရီဆို၊ ဗီဗီယန်၊ ပါရီဒက်စ်၊ ဘာချီချေ၊ ဗက်စ်ဂါ၊ ဂျော်ရီဂီဇာ၊ အင်နာကီ၊ ဆန်းချက်၊ ဘာရန်ဂူအာ၊ ဆန်နက်ဒီ
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ မော့စ်ကီယာ၊ ဟင်ကပ်ပီ၊ လီဝစ် စကယ်လီ၊ မာရီနို၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ မာဒူခေး၊ ဗစ်တာ ယိုကီးရက်စ်၊ မာတင်နယ်လီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အဓိက ပြိုင်ပွဲကြီး တစ်ခုမှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘီလ်ဘာအို နိုင်ရင် ၃.၇၄ ဆ ရမှာ ဖြစ်ပြီး အာဆင်နယ် နိုင်ရင်တော့ ၁.၉၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၂၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဧည့်သည် အာဆင်နယ် ဘက်ကပဲ ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ဂိုးအနည်းကို ဦးတည်နိုင်တဲ့ အခြေအနေပါ။ အများကြီး တွေးစရာ မရှိပါဘူး။ အာဆင်နယ်ရဲ့ လက်ရှိ Form ကို ဘီလ်ဘာအိုတို့ တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အာဆင်နယ် အနိုင်သေချာပါတယ်။ သွင်းဂိုး အနည်းအများကိုပဲ တစ်ချက် စောင့်ကြည့်ရပါမယ်။
ခန့်မှန်းရလဒ်
ဘီလ်ဘာအို ၀-၂ အာဆင်နယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.