နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ် ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သမိုင်းသစ် ရေးထိုးဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ အတွက် ဆိုရင်တော့ ၁၆ သင်း ရှုံးထွက် အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ လိုအပ်နေပါသေးတယ်။
ဒါကြောင့် နည်းပြ ကယက်တေးလ် ကနတ်ဆန်က စပို့တင်းနဲ့ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုဒို/ဂလင့်မ် အနေနဲ့ အကြောက်တရား မရှိဘဲ ရင်ဆိုင်သွားမှာ ဖြစ်ပြီး သူတို့ရဲ့ အံ့အားသင့်ဖွယ် ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။
နော်ဝေမြေမှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ပွဲစဉ်မှာ ဆွန်ဒရီ ဖတ်၊ အိုလီ ဘလွန်းဘာ့ဂ်နဲ့ ကက်စပါ ဟော့ဂ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘိုဒို/ဂလင့်မ်က ၃-၀ ဆိုတဲ့ ရလဒ်နဲ့ သက်သောင့်သက်သာ အနိုင်ရထားပါတယ်။ ဘိုဒို/ဂလင့်မ်ဟာ ချန်ပီယံလိဂ်မှာ ၅ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခု ပြင်ပက အသင်းတွေထဲမှာ ဒီလို စွမ်းဆောင်နိုင်တဲ့ ၆ သင်းမြောက် အသင်း ဖြစ်လာပါတယ်။ ဒါ့အပြင် ပေါ်တူဂီ ကလပ်တွေနဲ့ တွေ့ဆုံမှု ၃ ကြိမ်စလုံး မှာလည်း ဘိုဒိုက ရာနှုန်းပြည့် အနိုင်ရထားပါတယ်။
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရ ဘိုဒို/ဂလင့်မ် အသင်း ကွာတားဖိုင်နယ် တက်ဖို့ ၈၇ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး ဒီအခြေအနေ အပေါ် နည်းပြ ကနတ်ဆန်က အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ဘာကိုမှ မကြောက်ပါဘူး။ စပို့တင်းက ပွဲစကတည်းက အရှိန်အဟုန် ပြင်းပြင်းနဲ့ ကစားလာမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် မကြောက်ဘူး၊ အဲဒီလိုလည်း မတွေးဘူး။ ကျွန်တော်တို့ အသင့် ဖြစ်နေဖို့ပဲ လိုပါတယ်။ မနက်ဖြန်မှာ အများကြီး ပြေးရပါလိမ့်မယ်။ ကျွန်တော် တို့ဟာ ကြံ့ခိုင်မှု အားကောင်းတဲ့ အသင်း ဖြစ်လို့ ပြိုင်ဘက်ထက် ပိုပြေးနိုင်ဖို့ အမြဲတမ်း ကြိုးစားသွားမှာပါ။” လို့ ဆိုပါတယ်။

ဘိုဒို/ဂလင့်မ်ဟာ ၁၉၉၆-၉၇ ရာသီက ရိုဆင်ဘော့ဂ် အသင်း ပြီးနောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်တဲ့ ဒုတိယမြောက် နော်ဝေ အသင်း ဖြစ်လာဖို့ ရည်မှန်းထားတာပါ။ သူတို့ဟာ အဝေးကွင်းမှာ ရုန်းကန်ရလေ့ ရှိပေမယ့် အက်တလက်တီကိုမက်ဒရစ်ကို အနိုင်ယူပြခဲ့သလို၊ ပြီးခဲ့တဲ့လ ကလည်း အင်တာမီလန်ကို ဆန်စီရိုကွင်းမှာ အနိုင်ယူပြီး သူတို့ရဲ့ ခြေစွမ်းကို သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။
တစ်ဖက် မှာတော့ စပို့တင်းလစ္စဘွန်း အသင်းဟာ ၃ ဂိုးပြတ် နောက်ကနေ လိုက်ကစားရမှာ ဖြစ်ပြီး ဒါဟာ သူတို့ အတွက် သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် အံ့ဖွယ် ပြန်လာနိုင်မှု ဖြစ်အောင် ကြိုးစားရမှာပါ။ စပို့တင်းလစ္စဘွန်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။
စပို့တင်းလစ္စဘွန်း နည်းပြ ရူအီ ဘော့ဂျက်စ် ကတော့ ပြိုင်ဘက်ကို အခုလို အသိအမှတ်ပြုခဲ့ပါတယ်။ “ဘိုဒို ဘာတွေ စွမ်းဆောင်နိုင်လဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့က စပို့တင်း ကိုပဲ နိုင်တာ မဟုတ်ဘူး၊ ချန်ပီယံဆု မျှော်မှန်းထားတဲ့ အသင်းကြီးတွေကိုလည်း နိုင်ထားတာပါ။ ပထမအကျော့မှာ ကျွန်တော်တို့ ဘက်က ပြန်လည် တုန့်ပြန်မှု မလုပ်နိုင်ခဲ့တာကို ပိုအံ့သြမိပါတယ်။ ကျွန်တော်တို့ ပိုပြီး ရည်မှန်းချက်ကြီးရမယ်။ သတ္တိရှိရမယ်။ ရဲရဲဝံ့ဝံ့ ကစားရပါမယ်။” လို့ ဘော့ဂျက်စ်က ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


