နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်တို့ ပြင်သစ်မြေမှာမထင်မှတ်တာတွေလုပ်ပြနိုင်မလားစောင့်ကြည့်ရမယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – အာဆင်နယ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ မှာတော့ ပီအက်စ်ဂျီကအာဆင်နယ်ကိုအိမ်ကွင်း Parc des Princesမှာဧည့်ခံရင်ဆိုင်ရမှာဖြစ်ပါတယ်။ပထမအကျော့ အမ်းမရိတ်စ်မှာဒမ်ဘီလီရဲ့ တစ်လုံးသောသွင်းဂိုးနဲ့ အာဆင်နယ်ကိုအနိုင်ရပြီးဗိုလ်လုပွဲတက်ရေးအားသာချက် ရှိထားတဲ့ ပီအက်စ်ဂျီတို့ အိမ်ကွင်းအားသာချက်ကိုထပ်မံအသုံးချသွားနိုင်မလား။ ဒါမှမဟုတ် အာဆင်နယ် ကပဲရလဒ်ကိုပြောင်းပြန်လှန်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပထမအကျော့ ရလဒ်အရချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်ခွင့်က ပီအက်စ်ဂျီဘက်မှာ ၆၀ ရာခိုင်နှုန်းလောက် အလေးသာသွားပါတယ်။ အများစုကဒီပွဲမှာလည်းပီအက်စ်ဂျီပဲအသာရမယ်လို့ တွက်ဆထားကြပေမယ့် ကျွန်တော် ကတော့ အာဆင်နယ်ကို လျှော့မတွက်စေချင်ပါဘူး။မီခဲလ် အာတေးတားရဲ့ အသင်းကချန်ပီယံလိဂ်ကိုအာရုံစိုက်ဖို့ ပရီးမီးယားလိဂ်ကိုလုံးဝလက်လွှတ်ထားခဲ့တာသိသာပါတယ်။ နောက်ပြီးအာဆင်နယ်ဟာရီးရဲလ်မက်ဒရစ်လိုအသင်းကိုတော့ ဘာနေဗျူးမှာအနိုင်ကစားထားတဲ့ အခြေအနေတွေလည်းရှိပါသေးတယ်။ ဒါပေမယ့် တစ်ခုရှိတာကပီအက်စ်ဂျီဟာရီးရဲလ်မက်ဒရစ်နဲ့ ပုံစံမတူတဲ့ အသင်းပါ။ လီဂူးဝမ်းကလပ်ကနည်းပြ လူးဝစ္စအန်နရီကေးလက်ထက်မှာတစ်ပွဲထက် တစ်ပွဲပိုတည်ငြိမ်လာပြီးသူတို့ရဲ့ အားသာချက်ကဗစ်တင်ညာ၊ ယာအိုနီးဗက်စ်နဲ့ ရူအစ်ဇ် တို့ရဲ့ ကွင်းလယ် ဖြစ်ပါတယ်။

အာဆင်နယ်မှာပထမအကျော့ကလွဲချော်ခဲ့တဲ့ သောမက်စ် ပါတေးပြန်ပါလာပြီးပါတေး၊ ရိုက်စ်၊ အိုဒီဂတ် ဆိုပြီးလူပြန်စုံနေဖို့ ရှိပြီးမာရင်နိုလည်းတိုက်စစ်မှာပြန်ကစားဖို့ များပါတယ်။အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ ပထမအကျော့နဲ့ ဘုန်းမောက်ကိုရှုံးခဲ့တဲ့ ပွဲတွေကိုပြန်ကြည့်ရင် ဆာကာရဲ့ ညာခြင်းက Work Load တော်တော်ပိနေတာတွေ့ရပါတယ်။ ဒီအခြေအနေကိုမီခဲလ် အာတေးတားအနေနဲ့ ဖြေရှင်းဖို့ ပြင်ဆင်ထားပြီးပြီလို့ ယုံကြည်ရပါတယ်။ သတင်းတွေအရဆိုရင်တော့ ပထမအကျော့ အနိုင်ဂိုးရှင် အူစမန်နီဒမ်ဘီလီတံကောက်ကြောဒဏ်ရာကြောင့် အခုပွဲကိုလွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အမှန်တကယ်သာလွဲချော်မယ် ဆိုရင်တော့ အာဆင်နယ် အတွက် သတင်းကောင်းလို့ပဲဆိုရမှာပါ။ ဒီလိုပြောလို့ တခြားသောတိုက်စစ်မှူးတွေကိုလျော့တွက်ထားလို့ မရပါဘူး။ ဒူရေး၊ ခါဗရာစခီလီယာနဲ့ ဂွန်ကာလိုရာမို့စ် တို့ကလည်းအာဆင်နယ် အတွက် Danger တွေပါ။

 

နှစ်ဖက်အသင်းသတင်းများ

ဒီနှစ်ချန်ပီယံလိဂ်မှာအာဆင်နယ်ကပီအက်စ်ဂျီနဲ့၂ကြိမ်တွေ့ဆုံထားပြီးလိဂ်အဆင့်မှာတုန်းက၂-၀နဲ့အနိုင်ရပြီးဒီဆီမီးဖိုင်နယ်မှာတော့၀-၁ရလဒ်နဲ့ပြန်ရှုံးထားပါတယ်။
ပထမအကျော့ ရလဒ်ကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ချေနည်းနေတဲ့ အာဆင်နယ်

အခုပွဲကိုတော့ပီအက်စ်ဂျီဘက်ကကမ်ဘမ်ပီလွဲချော်မှာဖြစ်ပြီးဒမ်ဘီလီကလည်းပါဝင်လာဖို့ မသေချာသေးပါဘူး။

အာဆင်နယ် ဘက်မှာတော့ သောမက်စ် ပါတေးနဲ့ တင်ဘာပြန်ပါလာဖို့ ရှိပြီးဂါဘရီရယ်၊ ဂျေဇုစ်၊ ဂျော်ဂျင်ဟို၊ ဟာဗက်ဇ်၊ ကာလာဖီအိုရီနဲ့ တိုမီယာဆုတို့ လွဲချော်ကြမှာဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ်လူစာရင်း

ပီအက်စ်ဂျီ -ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ရူအစ်ဇ်၊ ဗစ်တင်ညာ၊ နီးဗက်စ်၊ ဒူရေး၊ ရာမို့စ်၊ ခါဗရာစခီလီယာ

အာဆင်နယ်-ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ခီဗီယော၊ လီဝစ်-စကယ်လီ၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်စ်၊ ဆာကာ၊ မာရင်နို၊ မာတင်နယ်လီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်

ဒီနှစ်သင်းက၅ကြိမ် တွေ့ဆုံခဲ့ရာမှာအာဆင်နယ်က ၂ ကြိမ်နိုင်၊ ပီအက်စ်ဂျီက ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ဒီနှစ် ချန်ပီယံလိဂ်မှာအာဆင်နယ်ကပီအက်စ်ဂျီနဲ့ ၂ ကြိမ် တွေ့ဆုံထားပြီးလိဂ် အဆင့် မှာတုန်းက ၂-၀ နဲ့ အနိုင်ရပြီးဒီဆီမီးဖိုင်နယ် မှာတော့ ၀-၁ ရလဒ်နဲ့ ပြန်ရှုံးထားပါတယ်။ ၂၀၁၆ ခုနှစ်ကပီအက်စ်ဂျီအိမ်ကွင်းမှာကစားခဲ့ဖူးပြီးအဲဒီအချိန်တုန်းက ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်

SBOTOPရဲ့ 1X2 မှာပီအက်စ်ဂျီနိုင်ရင်၂.၁၃ဆ၊အာဆင်နယ်နိုင်ရင်တော့၃.၀၀ဆ၊သရေဆိုရင်တော့၃.၃၄ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့ပီအက်စ်ဂျီကသရေတစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံးတစ်ဝက်စားကြေးတွေပေးထားပြီးဂိုးပေါင်းကလည်း ၃ လုံးဆိုအပြည့်ပျော်လို့ ရပါပြီ။ အားလုံးကပီအက်စ်ဂျီဘက်မှာပဲရှိနေချိန် ကျွန်တော် ကတော့ အာဆင်နယ်တို့ တစ်ခုခုလုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကဖောင်ဖျက် ကစားလာမှာဖြစ်ပြီးဗိုလ်လုပွဲတက်ဖို့ ဘာမဆိုလုပ်ပါလိမ့်မယ်။ သာမန် ပွဲချိန် အတွင်းအာဆင်နယ်တို့ ၀-၁ လောက်နဲ့ အနိုင်ရပြီးအချိန်ပိုအထိရောက်သွားမယ် ထင်ပါတယ်။

 

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ၀-၁အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်