ဘာစီလိုနာ – ပီအက်စ်ဂျီ
ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၂ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဒီနှစ်သင်း ကလည်း ဥရောပ ချန်ပီယံလိဂ် စင်မြင့်ထက်မှာ မကြာခဏ တွေ့ဆုံတတ်တာကြောင့် နောက်ထပ် စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲကို ရှုစားကြရဦးမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ ဒီရာသီ လာလီဂါမှာရော၊ ချန်ပီယံလိဂ် မှာပါ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း ချန်ပီယံလိဂ် အဖွင့် ပွဲမှာ ဆိုရင် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပြမှုနဲ့ အနိုင်ရထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားတဲ့ ဘာစီလိုနာက လက်ရှိမှာ ပုံစံကောင်း ပြန်ရနေပြီး လာလီဂါ မှာဆိုရင် အဆင့် ၁ နေရာ ကိုတောင် ပြန်ယူထားနိုင်ပြီ ဖြစ်ပါတယ်။ ယာမယ် တစ်ယောက် ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး ဆိုစီဒက်နဲ့ ပွဲမှာလည်း လူစားဝင်လာပြီး ၆၂ စက္ကန့်အကြာမှာပဲ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာက လက်ရှိမှာ တောင့်တင်းတဲ့ အစုအဖွဲ့နဲ့ အတူ တည်ငြိမ်တဲ့ ခြေစွမ်းပြန်ရနေတာကြောင့် လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာပါ။
လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ ကတော့ ဒီရာသီမှာ မာဆေးလ် တစ်သင်းတည်းကို ရှုံးထားပြီး ကျန်ပွဲ အားလုံးကို အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဆိုရင် အတ္တလန္တာကို ၄-၀ ရလဒ်နဲ့ပါ အနိုင်ယူပြထားပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ တစ်ခု သတိထားမိတာက အန်နရီကေးဟာ ဒီနှစ်မှာ သူ့အသင်းရဲ့ အဓိက ကစားသမား တချို့ ဒဏ်ရာရနေတာကြောင့် ကစားကွက်နဲ့ လိုက်ဖက်မယ့် ကစားသမားတွေကို နေရာ အပြောင်းအလဲ လုပ်ပြီး ပွဲထုတ်နေတာ တွေ့ရပါတယ်။ အခုပွဲကိုလည်း ဘယ်လွန်ဒေါဆုရှင် ဒမ်ဘီလီ အပါအဝင် အဓိက ကစားသမား တော်တော်များများ လွဲချော်ကြဦးမှာပါ။
နှစ်ဖက်အသင်း သတင်းများ
ပီအက်စ်ဂျီ ဘက်မှာတော့ ကာမာရာ ကတော့ နိုင်ငံတကာ ဂျူတီ ရှိပြီး ဖေဘီယန် ရူအစ်ဇ်၊ ယာအို နီးဗက်စ်၊ ခါဗရာစခီလီယာ၊ ဗစ်တင်ညာ တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ မာကွင်ညော့စ်၊ ဒူရေးနဲ့ ဘာကိုလာ တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘာစီလိုနာ – ရှက်ဇီနီ၊ ကွန်ဒေး၊ ကူဘာဆီ၊ အာရူဟို၊ မာတင်၊ ပက်ဒရီ၊ ဒီယောင်၊ ယာမယ်၊ အော်လမို၊ ရက်ရှ်ဖို့ဒ်၊ လီဝမ်ဒေါစကီး
ပီအက်စ်ဂျီ – ချက်ဗာလီယာ၊ ဟာကီမီ၊ ဇဘာညီ၊ ပါချို၊ မန်းဒက်စ်၊ လီ၊ ဗစ်တင်ညာ၊ ဇိုင်း အမ်မရီ၊ အမ်ဘာရီ၊ ရာမို့စ်၊ ဘာကိုလာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၀၂၄ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့ဖူးပြီး အဲဒီအချိန်က ပီအက်စ်ဂျီ ကွင်းမှာ ဘာစီလိုနာက ၂-၃ နဲ့ အနိုင်ရပြီး ဘာစီလိုနာ ကွင်းမှာတော့ ပီအက်စ်ဂျီက ၁-၄ နဲ့ ပြတ်ပြတ်သားသား ပြန်လည် အနိုင်ရခဲ့ပါတယ်။ စုစုပေါင်း ၁၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ဘာစီလိုနာက ၅ ကြိမ်နိုင်၊ ပီအက်စ်ဂျီက ၄ ကြိမ် နိုင်ကာ သရေ ကလည်း ၄ ကြိမ် ရှိခဲ့ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ၁၂ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ဘာစီလိုနာက ၅ ကြိမ်၊ ပီအက်စ်ဂျီက ၄ ကြိမ် အနိုင်ရထားကြကာ ၃ ကြိမ် သရေကျထားပါတယ်။ ဘာစီလိုနာ အိမ်ကွင်းမှာတော့ ၆ ကြိမ် ကစားထားပြီး ဘာစီလိုနာက ၃ ကြိမ်နိုင်၊ ပီအက်စ်ဂျီက ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘာစီလိုနာ နိုင်ရင် ၁.၉၀ ဆ ရမှာ ဖြစ်ပြီး ပီအက်စ်ဂျီ နိုင်ရင်တော့ ၃.၂၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၇၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဘာစီလိုနာက သရေ အရှုံးပေါက်နေပြီး ဂိုးပေါင်း ကလည်း အောက်ထစ် ၃ လုံးက စဖွင့်ပါတယ်။ ပီအက်စ်ဂျီရဲ့ ဒဏ်ရာ ကစားသမား များပြားနေမှု အခြေအနေကြောင့် ဘွတ်ကီတွေ အနေနဲ့ အခုလိုကြေးမျိုး ဖွင့်ပေးထားပုံပါပဲ။ လက်ရှိမှာလည်း ဘာစီလိုနာက အကောင်းဆုံး ပုံစံ ပြန်ရနေတာကြောင့် သူတို့ ဘက်မှာပဲ ရပ်တည်ထားတာက စိတ်ချရပါလိမ့်မယ်။ ဂိုးပြတ် မပြတ် ကတော့ မှန်းဆရခက်ပါတယ်။
ခန့်မှန်းရလဒ်
ဘာစီလိုနာ ၃-၁ ပီအက်စ်ဂျီ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.