ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲစဉ် အဖြစ် ကိုပင်ဟေဂင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဘာစီလိုနာတို့ အနိုင်ရရှိခဲ့ရင် အဆင့် (၈) နေရာ အတွင်း ဝင်ရောက်ကာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။
ဘေယန်မြူးနစ် နည်းပြဟောင်းနဲ့ လက်ရှိ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က သူ့ရဲ့ ကစားသမားတွေကို အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ပြစေလိုပြီး ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ရှုံးထွက်ပွဲစဉ်တွေဆီ တိုက်ရိုက် တက်လှမ်းနိုင်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ရမှတ် ၁၃ မှတ်နဲ့ တခြား ပြိုင်ဘက် များစွာနဲ့ ရမှတ်တူကာ အဆင့် (၉) မှာ ရပ်တည်နေတာ ဖြစ်လို့ ဒီပွဲက သူတို့ အတွက် အဆုံးအဖြတ် ဖြစ်နေပါတယ်။
ဒါကြောင့် ဖလစ်ခ်က ကိုပေဟေဂင်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော့် အသင်း အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေဖို့ မျှော်လင့်ပါတယ်။ ကိုပင်ဟေဂင် ကိုလည်း ကျွန်တော်တို့ လေးစားရပါမယ်။ အရေးကြီးဆုံးက ကျွန်တော် တို့ရဲ့ အလုပ်ကို ကျွန်တော်တို့ ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ လွယ်ကူတဲ့ ပွဲတော့ မဟုတ်ပါဘူး။ ကျွန်တော် တို့ရဲ့ ပန်းတိုင် ကတော့ ထိပ်ဆုံး (၈) သင်း အတွင်း ဝင်နိုင်ဖို့ပါပဲ။”

ဒီပွဲမှာ ဘာစီလိုနာက အမာခံ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဖရန်ကီ ဒီယောင် (ပွဲပယ်) နဲ့ ပတ်ဒရီ (ဒဏ်ရာ) တို့ကို လက်လွှတ်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖလစ်ခ် ကတော့ သူ့ အသင်းရဲ့ ကစားဟန် အပေါ်မှာ အခုလိုပဲ ယုံကြည်မှု အပြည့် ရှိနေပါတယ်။ “ကျွန်တော်တို့က ကျွန်တော် တို့ရဲ့ ကစားဟန်ကို ယုံကြည်ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် ဖြစ်တဲ့ အတွက် ကိုယ့်မှာ ရှိတဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝကို ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ဖလစ်ခ်က ဆိုပါတယ်။
လက်ရှိ ဘာစီလိုနာမှာ လူငယ် ကြယ်ပွင့်လေး ဖာမင်း လိုပက်ဇ် တစ်ဝေယာက် အကောင်းဆုံးပုံစံ ရရှိနေပြီး ဒီရာသီ ချန်ပီယံလိဂ် ၆ ပွဲမှာ ၅ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ဒါဟာ ဘာစီလိုနာ သမိုင်းတလျှောက် ချန်ပီယံလိဂ် တစ်ရာသီ အတွင်း စပိန် ကစားသမား တစ်ဦး အနေနဲ့ သူ့ထက် ပိုပြီး ဂိုးသွင်းနိုင်ခဲ့သူဆိုလို့ ၁၉၉၉-၂၀၀၀ ရာသီက ၆ ဂိုးသွင်းခဲ့တဲ့ လူးဝစ္စ အန်နရီကေး (လက်ရှိ ပီအက်စ်ဂျီ နည်းပြ) တစ်ဦးသာ ရှိပါတယ်။
ဖာမင်း လိုပက်ဇ်နဲ့ ပတ်သက်ပြီးတော့ ဖလစ်ခ်က “သူဟာ နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားကောင်း တစ်ယောက်ပါ။ သူ့ရဲ့ စိတ်ဓာတ်ပိုင်း ကလည်း တကယ့်ကို အံ့မခန်းပါပဲ။ လာမာစီယာ ကနေ ပထမအသင်းကို တက်လာတဲ့ ကစားသမားတွေ အောင်မြင်တာကို မြင်ရတာ တကယ့်ကို ပြည့်စုံတဲ့ အခြေအနေပါပဲ။” လို့ ချီးကျူးခဲ့ပါတယ်။ဘာစီလိုနာဟာ ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ တော်တော်လေး ကောင်းမွန်တဲ့ ဂိုးသွင်းနှုန်း မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဖလစ်ခ်ရဲ့ ဘာစီလိုနာက ချန်ပီယံလိဂ် ၂၁ ပွဲမှာ ၆၁ ဂိုး သွင်းယူထားပြီး တစ်ပွဲ ပျမ်းမျှ ၂.၉ ဂိုး အထိ ရှိထားပါတယ်။ အခုထက် သာလွန်တဲ့ တစ်ပွဲ ပျမ်းမျှ ဂိုးသွင်းနှုန်း (အနည်းဆုံး ၁၀ ပွဲကိုင်တွယ်ဖူးသူတွေ အနက်) ဆိုလို့ သူကိုယ်တိုင် ဘေယန်မြူးနစ်ကို ကိုင်တွယ်ခဲ့စဉ်က ရရှိခဲ့တဲ့ ၃.၂ ဂိုး (၁၈ ပွဲမှာ ၅၇ ဂိုး) သာ ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


