နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ်မှာ သွင်းဂိုး ၅၀ အမြန်ဆုံး ပြည့်သူ ဖြစ်လာတဲ့ ဟာလန်း

ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ မန်စီးတီးက နာပိုလီကို အက်တီဟတ်မှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီးဟာ နာပိုလီကို ပွဲချိန် မိနစ် ၇၀ ကျော်ကြာ တစ်ယောက် အသာနဲ့ ကစားခဲ့ရပြီးတော့ သက်တောင့်သက်သာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၄-၁-၄-၁ အခင်းအကျင်းတွေကို အသုံးပြုခဲ့ကြပြီး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ မန်စီးတီးရဲ့ တိုက်စစ်မှာ အာလင်း ဟာလန်းပဲ ဦးဆောင်လာခဲ့ပြီး ရီအင်ဒါ၊ ဖိုဒန်၊ ဒိုကူ၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဂဗာဒီယိုလ်၊ ဒီးရာ့စ်၊ အိုရွိုင်လီ၊ ကူဆာနော့ဗ်၊ ဒွန်နာရမ်းမား တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အန်တိုနီယို ကွန်တီရဲ့ အသင်း မှာတော့ မန်ချက်စတာ နှစ်သင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ မက်တော်မီနေး၊ ဟွိုက်ဂျ်လန်းနဲ့ ကီဗင် ဒီဘရွန်းနားတို့ ပါဝင်ခဲ့သလို အဓိက ကစားသမား အများစုနဲ့ လူစုံခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၂၁ မိနစ်မှာ အသင်းခေါင်းဆောင် ဖြစ်တဲ့ ညာနောက်ခံလူ ဒီလော်ရန်ဇို အနေနဲ့ အာလင်း ဟာလန်းကို ဥပဒေ ပြင်ပ ဖျက်ထုတ်မိခဲ့တာကြောင့် VAR ပြန်ကြည့်ပြီးနောက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းက စပြီး မန်စီးတီးက ပွဲကို တစ်ဖက်သတ် လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်ချက်တွေလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာပိုလီ ဂိုးသမား ဗန်ဂျာ မီလင်ကိုဗစ် ဆာဗစ်ရဲ့ ကာကွယ်မှုတွေကြောင့် မန်စီးတီးတို့ ဂိုးရဖို့ ခက်ခဲနေခဲ့ရပါတယ်။ 

ဟာလန်း အနေနဲ့ ချန်ပီယံလိဂ်မှာ ၄၉ ပွဲ ကစားပြီးနောက် ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး ဂိုး ၅၀ ပြည့်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ချန်ပီယံလိဂ် ၄၉ ပွဲ ကစားပြီး သွင်းဂိုး ၅၀ ရရှိခဲ့တဲ့ ဟာလန်း

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ် မှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ရိုဒရီ၊ ဖိုဒန်၊ ဟာလန်း ဆက်တိုက် တွဲလုံး ကနေ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဟာလန်း အတွက် ချန်ပီယံလိဂ် မှာ ဂိုး ၅၀ မြောက် သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ဟာလန်း အနေနဲ့ ချန်ပီယံလိဂ် မှာ ၄၉ ပွဲ ကစားပြီးနောက် ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး ဂိုး ၅၀ ပြည့်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ မန်စီးတီး အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ဒိုကူက ပွဲချိန် ၆၅ မိနစ်မှာ နာပိုလီ နောက်ခံလူတွေ အကြားကနေ တစ်ကိုယ်တော် ဖောက်ထွက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒိုကူ အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံနေရမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးကို ပြန်ကြည့်ရင်တော့ ပြိုင်ဘက် နောက်ခံလူ ၄ ဦး ကြားကနေ ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဟာလန်းရဲ့ ဂိုးက အသင်းလိုက် ချိတ်ဆက် ကစားမှု အပေါ် အခြေခံခဲ့သလို ဒိုကုရဲ့ သွင်းဂိုး ကတော့ တစ်ဦးချင်း စွမ်းဆောင်ရည် အပေါ်မှာ အခြေခံကာ နှစ်ဂိုးစလုံးက အဆင့်မြင့်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးက ရမှတ် ၃ မှတ်နဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေခဲ့ပြီး နာပိုလီ ကတော့ အဆင့် ၃၂ ကို ရောက်ရှိသွားခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ ချန်ပီယံလိဂ် ပွဲစဉ် ၂ အဖြစ် မိုနာကိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရပါမယ်။ နာပိုလီ ကတော့ စပို့တင်းလစ္စဘွန်းကို နေပဲလ်မှာ ဧည့်ခံရမှာ ဖြစ်ပြီး အနိုင် ၃ မှတ် စတင်ရရှိဖို့ အတွက် အားစိုက်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်