လေဗာကူဆင် ကတော့ အာဆင်နယ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်ကို ရလဒ်တူ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ကက်စ်ပါ ဟူးလ်မန်း ကတော့ သူ့အသင်းရဲ့ အခွင့်အရေး အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်။
ပထမအကျော့ ပွဲစဉ်မှာ လေဗာကူဆင် အတွက် ရောဘတ် အန်းဒရစ်ချ်က ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၉ မိနစ်မှာ ကိုင် ဟာဗက်ဇ်က ပင်နယ်တီ ကနေ ချေပဂိုး ပြန်သွင်းခဲ့လို့ ၁-၁ ရလဒ်နဲ့ သရေကျထားတာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘွန်ဒက်စ်လီဂါ ဇယားထိပ်က ဘေယန်မြူးနစ် ကိုလည်း သရေ ကစားထားနိုင်ခဲ့လို့ ယုံကြည်မှု အပြည့် ရှိနေပါတယ်။ ဒါပေမယ့် သူတို့ အတွက် အာဆင်နယ်လို အသင်းမျိုးကို အမ်းမရိတ်စ်မှာ ရင်ဆိုင်ဖို့က စိန်ခေါ်မှုတွေ ကြီးမားလွန်းနေပါတယ်။
မှတ်တမ်းတွေ အရ ဆိုရင် လေဗာကူဆင်ဟာ ချန်ပီယံလိဂ်မှာ အင်္ဂလန် ကလပ်တွေနဲ့ အဝေးကွင်း ၁၁ ကြိမ် တွေ့ဆုံရာမှာ ၈ ကြိမ် အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ Opta ရဲ့ စူပါကွန်ပျူတာ တွက်ချက်မှု အရလည်း လေဗာကူဆင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးဟာ ၂၁ ရာခိုင်နှုန်းသာ ရှိနေပြီး ဒါဟာ ကျန်ရှိနေတဲ့ ၁၆ သင်းထဲမှာ ဆဋ္ဌမမြောက် အခွင့်အရေး အနည်းဆုံးလည်း ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ ကတ်စ်ပါ ဟူးလ်မန်း ကတော့ “ပထမအကျော့မှာ သူတို့ကို အခွင့်အရေး သိပ်မပေးခဲ့ပါဘူး။ ဒုတိယအကျော့ မှာလည်း အဲ့ဒီ အတိုင်းပဲ ပွဲကို ထိန်းချုပ်ကစားဖို့ ကြိုးစားသွားမှာပါ။ အာဆင်နယ်ဟာ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ကျွန်တော်တို့ ဒီမှာ အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ဘင်ဖီကာ တို့ကို အဝေးကွင်းမှာ အနိုင်ယူထားနိုင်တဲ့ မှတ်တမ်းကောင်းတွေလည်း ရှိထားပါတယ်။ လေဗာကူဆင်ဟာ ပထမအကျော့တုန်းက အာဆင်နယ် အားသာတဲ့ Set Piece တွေ ကနေ အခွင့်အရေး မပေးရအောင် ကစားပြနိုင်ခဲ့ပြီး ဂန်းနားတွေကို လုပ်ကိုင်ရခက်စေခဲ့ပါတယ်။ အခု ဒုတိယအကျော့ မှာလည်း ဟူးလ်မန်းရဲ့ အသင်းက အာဆင်နယ်ရဲ့ အားသာချက်တွေကို တားဆီး ဖြိုဖျက်ဖို့ အတွက် ကြိုးစားလာဦးမှာ သေချာပါတယ်။

လေဗာကူဆင် ကွင်းလယ်လူ အက်ဆီကွီရဲလ် ပါလာစီယို့စ် ကလည်း “ဒီပွဲက ပထမအကျော့နဲ့ ကွဲပြားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ကစားဟန် အပေါ် ကျွန်တော်တို့ ယုံကြည်မှု အပြည့် ရှိပါတယ်။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
အာဆင်နယ်က ဥရောပအဆင့် နှစ်ကျော့ ကစားရတဲ့ ရှုံးထွက် ပွဲစဉ် ၂၀ မှာ ၁၇ ကြိမ် အထိ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ရှိထားပါတယ်။ နည်းပြ မီခဲလ် အာတေးတားရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် အိမ်ကွင်း ၁၆ ပွဲ ကစားရာမှာ ၁၃ ပွဲ အထိ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလက ပီအက်စ်ဂျီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တစ်ပွဲတည်းသာ အာဆင်နယ်တို့ အိမ်ကွင်း ရှုံးပွဲ ရှိထားတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ကြားရက်မှာ ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း အဲဗာတန်ကို လူငယ် ကစားသမားလေး မက်စ် ဒေါင်းမန်းရဲ့ တောက်ပမှုတွေနဲ့ အနိုင်ရထားပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်ကာ တစ်လှမ်းချင်းစီ လျှောက်လှမ်းနေနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ဂန်းနားတွေ အနေနဲ့ လေဗာကူဆင်ကို အများစု မျှော်လင့်ထားတဲ့ အတိုင်း အကောင်းဆုံး ကျော်ဖြတ်ပြသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


