နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါလ်စခိုးလ်နဲ့ နစ်ကီဘတ် တို့ရဲ့ ဝေဖန်မှုတွေကို ပြန်လည် တုန့်ပြန်လိုက်တဲ့ လီဆန်ဒရို မာတီနက်ဇ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ကတော့ ဂန္ထဝင်တွေ ဖြစ်ကြတဲ့ နစ်ကီ ဘတ်နဲ့ ပေါလ် စခိုးလ် တို့ရဲ့ လှောင်ပြောင် ပြောဆိုမှုတွေကို ပြန်လည် တုန့်ပြန်လာခဲ့ပါတယ်။ ယူနိုက်တက် ဂန္ထဝင် နှစ်ဦးက မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် အာဂျင်တီးနား နောက်ခံလူရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ ပတ်သက်ပြီး လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ပွဲမတိုင်ခင် တို့က The Good, The Bad and The Football podcast အစီအစဉ်မှာ ပေါလ်စခိုးလ်က “ မာတီနက်ဇ်က ဟာလန်းကို ရင်ဆိုင်မှာလား။ ဒါဆိုရင်တော့ သူ့ကို ကာကွယ်ပေးဖို့ ဒီလိဂ်နဲ့ မက်ဂွိုင်းယားတို့ လိုအပ်ပါတယ်။” လို့ ပြောဆိုခဲ့ပြီး နစ်ကီဘတ်က “ဟာလန်းဟာ မာတီနက်ဇ်ကို ပွေ့ချီပြီးတော့ အသာလေး ပြေးသွားပါလိမ့်မယ်။ လမ်းလျှောက်တတ်ခါစ ကလေး တစ်ယောက်ကို သူ့အဖေက ကျောင်းကနေ အိမ်အပြန်လမ်းမှာ ပြေးသလို ပုံစံမျိုးပေါ့။” လို့ ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် ပေါလ် စခိုးလ်က “ဟာလန်းဟာ ဂိုးပိုက်ထဲကို ဘောလုံးရော၊ မာတီနက်ဇ် ကိုပါ တစ်ခါတည်း ပစ်ထည့်လိမ့်မယ်။” လို့ ပြင်းပြင်းထန်ထန် လှောင်ပြောင် ပြောဆိုခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ အများစုက ယူနိုက်တက်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မန်စီးတီးကို အသာရသွားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ အားလုံးရဲ့ အမြင်တွေကို လွဲချော်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် အတွင်းမှာ လီဆန်ဒရို မာတီနက်ဇ်က မက်ဂွိုင်းယားနဲ့ အတူ ဟာလန်း ဦးဆောင်တဲ့ မန်စီးတီး တိုက်စစ်ကို အကောင်းဆုံး ထိန်ချုပ်ပြသွားခဲ့ပါတယ်။ အဲဒီ ပွဲမှာ ယူနိုက်တက်ရဲ့ ခံစစ် အတွဲအဖက်ကြောင့် ဟာလန်း တစ်ယောက် တစ်ပွဲလုံးမှ ဘောလုံးထိချက် ၁၄ ကြိမ်သာ ရှိခဲ့ပြီး ဒုတိယပိုင်း မိနစ် ၈၀ မှာ လူစားလဲခံခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ ယူနိုက်တက်က အမ်ဘူမို၊ ဒေါဂူ တို့ရဲ့ သွင်းဂိုးတွေနဲ့ ပရီးမီးယားလိဂ် ခါးသီး ပြိုင်ဘက်ကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာ လီဆန်ဒရို မာတီနက်ဇ်က ပေါလ် စခိုးလ်တို့ရဲ့ လှောင်ပြောင်မှုတွေကို ရည်ရွယ်ပြီးတော့ အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။ မာတီနက်ဇ်က “အမှန်အတိုင်း ပြောရရင် ပေါလ် စခိုးလ် အနေနဲ့ သူပြောချင်တာ ပြောခွင့် ရှိပါတယ်။ သူ ကျွန်တော့်ကို တစ်ခုခု ပြောစရာရှိတယ် ဆိုရင် အချိန်မရွေး အိမ်လာပြီးတော့ လာပြောခွင့် ရှိတယ်လို့ သူ့ကို ကျွန်တော် အသိပေးပြီးသားပါ။ ဘယ်အချိန်ဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး။ သူတို့တွေက ရုပ်သံပေါ်မှာပဲ အာချောင်ရဲတာ ဖြစ်ပြီး မျက်နှာချင်းဆိုင် တွေ့ရင်တော့ ဘာမှမပြောရဲကြပါဘူး။ အဲဒါကြောင့် သူတို့ ဘာပြောပြော ဂရုမစိုက်ဘဲ ကိုယ့်ခြေစွမ်းနဲ့ အသင်းကစားပုံ ကိုပဲ အာရုံစိုက်ထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် မာတီနက်ဇ်က ပရိသတ်တွေကို “ဒါက ချိတ်ဆက်မှုတွေ အကြောင်းပါ။ ကွင်းထဲမှာ သူတို့ကို ဘယ်လို ကိုယ်စားပြုလဲ ဆိုတာနဲ့ ပတ်သက်ပါတယ်။ သူတို့က ကျွန်တော်တို့ အဲဒီလို တိုက်ပွဲဝင်နေတာကို မြင်ပြီး သူတို့က ကျွန်တော်တို့နဲ့ အတူ ရှိနေမှာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံး မဟုတ်ခဲ့ရင်တောင်၊ သူတို့က ကျွန်တော်တို့ ဆီကနေ ကောင်းမွန်တဲ့ သဘောထား၊ ဖျက်ထုတ် ကာကွယ်မှုတွေနဲ့ အတူ ယူနိုက်တက်ရဲ့ DNA ကို မြင်တွေ့ချင်ကြပါတယ်။ ပြီးတော့ တစ်ခါတလေမှာ ‘ကျွန်တော်တို့ ဒီမှာ ဘာလုပ်နေတာလဲ’ ဆိုတဲ့ ခံစားချက်မျိုး ခံစားရတာကို ကျွန်တော် တကယ် နားလည်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ပေါလ် စခိုးလ် ကလည်း သူ့ရဲ့ Instagram Story မှာ ‘ယူနိုက်တက် ကစားသမား တစ်ဦး ကတော့ ဒီပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော်တို့ ဝမ်းသာရပါတယ်။ ကျေးဇူးပြုပြီး လက်ဖက်ရည် တစ်ခွက် ဖျော်ထားပေးပါ။ သကြားမထည့်ပါနဲ့။” လို့ ပြန်လည် နောက်ပြောင် တုန့်ပြန်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးကို အနိုင်ယူပြီးနောက် လာမယ့် တပတ် ပရီးမီးယားလိဂ် မှာတော့ အာဆင်နယ်နဲ့ တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပွဲမှာရော လီဆန်ဒရို မာတီနက်ဇ်နဲ့ မက်ဂွိုင်းယားတို့ ဦးဆောင်တဲ့ ခံစစ်က ခြေစွမ်းပြနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်