လစ်ဗာပူးလ် ကတော့ ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီးတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လစ်ဗာပူးလ်ဟာ နှစ်ကျော့စလုံးမှာ လီဂူးဝမ်း ထိပ်သီး ကလပ်ကို ခြေစွမ်းပိုင်း မယှဉ်နိုင်ခဲ့ပဲ ၁-၁ (ပင်နယ်တီ ၁-၄) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ အဝေးကွင်းမှာ ပီအက်စ်ဂျီကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် အန်ဖီးလ်က ဒုတိယအကျော့မှာ သရေ ကစားရုံနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း လစ်ဗာပူးလ်က ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပဲ ဒုတိယအကျော့ ပွဲချိန် အစောပိုင်း မှာတင်ပဲ အူစမန်နီ ဒမ်ဘီလီရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ၁-၁ ရလဒ်နဲ့ သရေကျနေခဲ့တဲ့ အတွက် အချိန်ပို ဆက်ကစားခဲ့ရပြီး အနိုင်အရှုံး အဖြေမပေါ်တဲ့ အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ပီအက်စ်ဂျီက ၄-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီမှာ ပီအက်စ်ဂျီ ဘက်က ဗစ်တင်ဟာ၊ ဂွန်ကာလို ရာမို့စ်၊ အူစမန်နီ ဒမ်ဘီလီနဲ့ ဒူရေး တို့ အားလုံး ဂိုးဝင်ခဲ့ပြီး လစ်ဗာပူးလ် ဘက်ကတော့ မိုဟာမက် ဆာလာ ဂိုးဝင်ခဲ့ပေမယ့် ဒါဝင် နူညက်ဇ်နဲ့ ကာတစ် ဂျုံးစ် တို့ရဲ့ ကန်ချက်တွေကို ဒွန်နာရမ်းမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်က သူတို့ အသင်းဟာ ပထမအကျော့တုန်းကလိုမျိုး ကံမကောင်းခဲ့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ အာနေး ဆလော့တ်က “အမှတ်ပေးဇယားမှာ အဆင့် ၁ ရပြီးမှ ပီအက်စ်ဂျီနဲ့ ဒီအဆင့်မှာ ဆုံတွေ့ရတာ မတရားပါဘူးဗျာ။ ဒါပေမယ့် ဘောလုံး ဆိုတာကလည်း ဒီလိုမျိုးပါပဲ။ ဒီပွဲကို စောင့်ကြည့်ကြတဲ့ ကမ္ဘာအနှံက ပရိသတ်တွေ ကျေနပ်ကြမှာပါ။ ဂိုးရလဒ်တွေက ကျဉ်းမြောင်းပြီး ဒီလိုပွဲမျိုးမှာ အနိုင်ရဖို ကံကောင်းဖို့လည်း လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ကံကောင်းခဲ့ပေမယ့် ဒီနေ့ မှာတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာနေး ဆလော့တ်က ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဟာ သူ့ရဲ့ နည်းပြ ဘဝမှာ အကောင်းဆုံးပွဲ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဆလော့တ်က “ကျွန်တော့်ရဲ့ ဘဝမှာ အကောင်းဆုံး ပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့ ကစားတာ ပြီးခဲ့တဲ့ တစ်ပတ်နဲ့ ယှဉ်ရင်တော့ အရမ်းကောင်းပါတယ်။ ပထမပိုင်း မိနစ် ၂၀၊ ၂၅ မိနစ်လောက်မှာ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီက ဂိုးစရသွားပါတယ်။ ဂိုးမသွင်းနိုင်တာက လွဲပြီး ကျွန်တော်တို့ အနေနဲ့ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း ကျွန်တော်တို့ သရေရခဲ့သင့်တာပါ။ ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး။” လို့ ဆိုပါတယ်။
လစ်ဗာပူးလ်ဟာ ဒီရာသီ အတွက် အဓိက ပြိုင်ပွဲကြီး ၄ ခုမှာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံစိုက်နိုင်တော့မှာ ဖြစ်ပေမယ့် အမှတ်ပေးဇယား ဒုတိယ နေရာက အာဆင်နယ်ကို ၁၅ မှတ် အထိ ဖြတ်တောက်ထားနိုင်ပြီ ဖြစ်တာကြောင့် ဖိအားတော့ သိပ်မရှိပါဘူး။ ဒါ့အပြင် လစ်ဗာပူးလ်က ခရာဘောင်ဖလား မှာလည်း ဗိုလ်လုပွဲကို ရောက်ရှိနေပြီး နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.