ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီး တို့ရဲ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံချိန်တိုင်း ဒုက္ခပေးတတ်တဲ့ မန်စီးတီး ကတော့ ဒီတစ်ကြိမ် မှာလည်း ဖိအားတွေ များနေတဲ့ အလွန်ဆိုရဲ့ အသင်းကို အပိုင်အခွင့်အရေးတွေ အသုံးချပြီး အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။
လက်တလောမှာ ခြေစွမ်းတွေ ကျဆင်းနေပြီး ဖိအားပေါင်းစုံ အောက်ကို ကျရောက်နေတဲ့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီပွဲမှာ ပြန်လည် ရုန်းထဖို့ လိုအပ်နေခဲ့တာပါ။ ဒါပေမယ့် ဧည့်သည် မန်စီးတီးရဲ့ ခြေစွမ်းပြကြောင့် ဘာနေဗျူးမှာ ဒူးထောက်ခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ရှုံးကြွေးတွေကို အတိုးရော အရင်းပါ ပေါင်းဆပ်နိုင်ခဲ့တယ်လို့ ပြောလို့ ရပြီး အဝေးကွင်းမှာ လာရောက် ကစားရပေမယ့် ပြိုင်ဘက်ထက် အဘက်ဘက်က သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ အလွန်ဆိုက ကီလီယန် အမ်ဘာပေးကို လူစာရင်းမှာတောင် ထည့်သွင်းခဲ့ခြင်း မရှိပဲ ဂွန်ဆာလို ဂါစီယာနဲ့ ဗင်နီးစီးယပ်စ် တို့ကို တိုက်စစ်မှာ ဦးဆောင်စေခဲ့ပါတယ်။ နောက်ပြီး ကွင်းလယ်မှာ ချူအာမန်နီနဲ့ ဆယ်ဘာလော့စ်ကို တွဲဖက်ပေးခဲ့ပြီး ဘယ်လင်ဟမ်၊ ရိုဒရီဂို တို့ကို တောင်ပံ နှစ်ဖက်မှာ ထားကာ ဗယ်လ်ဗာဒီကို ညာခံစစ်မှာ ပွဲထွက်စေခဲ့ပါတယ်။ အလွန်ဆိုရဲ့ ဒီပွဲ အတွက် လူထုတ်ပုံက တော်တော်လေး ထူးဆန်းခဲ့ပြီး ဒီအစုအဖွဲ့က ဟာလန်း၊ ဒိုကု၊ ချာကီ၊ ဖိုဒန် တို့ရဲ့ မွှေနှောက် ထိုးဖောက်မှုတွေကြောင့် တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။

ဘောလုံးပိုင်ဆိုင်မှုမှာ အပိုင်းမှာ ဘယ်အသင်း ကမှ သိသိသာသာ သာလွန်နေတာမျိုး မရှိပေမယ့် ဂိုးပေါက်တည့် ကန်ချက် မှာတော့ မန်စီးတီးက ၈ ကြိမ် အထိ ရှိခဲ့ကာ အိမ်ရှင် အသင်း ကတော့ ၁ ကြိမ်သာ ရှိခဲ့တဲ့ အထိ ဆိုးရွားခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာ ဗင်နီးစီးယက်စ်ရဲ့ သွင်းဂိုး VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရတာ ကလည်း ရီးရဲလ်မက်ဒရစ် အတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ် အတွက် အဖွင့်ဂိုးကို ရိုဒရီဂိုက ပွဲချိန် ၂၈ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပေမယ့် ၇ မိနစ် အကြာမှာ အိုရိုင်လီက မန်စီးတီး အတွက် ပြန်လည် ချေပပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ အိုရွိုင်လီရဲ့ ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်း ၄၃ မိနစ် မှာလည်း အာလင်း ဟာလန်းက ပင်နယ်တီ ကနေ တစ်ဆင့် မန်စီးတီး အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း မိနစ်တွေ မှာတော့ လူစားလဲမှုတွေ ကိုယ်စီပြုလုပ်ကာ ရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် ဂွါဒီယိုလာရဲ့ နည်းစနစ်ကို အလွန်ဆို တစ်ယောက် မဖြည်နိုင်ခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးက ရမှတ် ၁၃ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ အဆင့် ၇ နေရာမှာ ရှိနေခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ အလွန်ဆို ကတော့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူ့အသင်းရဲ့ ကစားပုံ အတွက် စိတ်မပျက်ဘူးလို့ ပြောခဲ့ပါတယ်။ အလွန်ဆိုရဲ့ ရီးရဲလ်က အိမ်ကွင်း ဘာနေဗျူး နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အလွန်ဆိုက ရီးရဲလ် နည်းပြ ဘဝ ပထမဆုံး ၁၄ ပွဲမှာ ၁၃ ပွဲ အထိ အနိုင်ရခဲ့ပြီး မျက်နှာပန်းလှခဲ့ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၄ ရက်မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ပြီးနောက် အဲဒီနောက်ပိုင်းကစားတဲ့ ၈ ပွဲမှာ လာလီဂါ ကလပ်က ၂ ပွဲသာ အနိုင်ရတဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကစားသမားတွေက အလွန်ဆိုရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်နဲ့ Pressing ကစားဟန်ကို သဘောမကျ ဖြစ်နေပြီး အဝတ်လဲခန်း အတွင်း ပြဿနာ များစွာ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲလ်မှာ အလွန်ဆိုကို ထောက်ခံတဲ့ အမ်ဘာပေးတို့ အဖွဲ့နဲ့ အလွန်ဆိုကို ဆန့်ကျင်တဲ့ ဗင်နီးစီးယက်စ်တို့ အဖွဲ့ နှစ်ဖွဲ့ကွဲနေတယ်လို့လည်း သိရပါတယ်။ မန်စီးတီး အသင်းနဲ့ ပွဲအပြီးမှာတော့ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ နည်းပြ အလွန်ဆို ဘက်မှာ ရှိနေကြောင်း အားပေးစကား ပြောခဲ့ပါတယ်။မန်စီးတီးဟာ လာမယ့် ချန်ပီယံလိဂ် ပွဲစဉ် ၇ မှာတော့ ဘိုဒို/ဂလင့်မ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ မိုနာကို,ကို ဘာနေဗျူးမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


