စပိန် ချန်ပီယံ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင် ချဲလ်ဆီးဟာ “ ယုံကြည်မှု” ရှိနေပြီ ဖြစ်ကြောင်း အန်ဇို မာရက်စ်ကာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ နိုဝင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ် ပြီးနောက် ကစားခဲ့တဲ့ ပွဲစဉ်မှာ ပက်ဒရို နီတို၊ အန်ဇို ဖာနန်ဒက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘန်လေကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးက ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးပွဲ မရှိမှုကို ဆက်လက် တိုးမြှင့်နိုင်ခဲ့ပါတယ်။ အခုတော့ ချဲလ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ် ကစားပြီး ဖြစ်တာကြောင့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားဖို့ဖို့ အာရုံစိုက်နိုင်ပြီလည်း ဖြစ်ပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၁၄ ဂိုး အထိ သွင်းယူထားတဲ့ ကတ်တလန် ကလပ်တွေ အနေနဲ့ လာမယ့် ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် စတန်းဖို့ဒ်ဘရစ်ချ်ကို သွားရောက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
စပိန် ထိပ်သီး တို့ဟာ ချန်ပီယံလိဂ် ပွဲတွေ ပြန်လည် ကစားချိန်မှာ ချဲလ်ဆီးလို ထိပ်တန်း ကလပ် တစ်ခုနဲ့ အကြီးမားဆုံး စမ်းသပ်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ မာရက်စ်ကာ ကတော့ လာမင်း ယာမယ် ဦးဆောင်တဲ့ ဟန်စီ ဖလစ်ခ်ရဲ့ ကြယ်ပွင့် ကစားသမားတွေနဲ့ ရင်ဆိုင်ဖို့ စိုးရိမ်ပူပန်နေခြင်း မရှိကြောင်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
မာရက်စ်ကာက “ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်နေပါတယ်။” လို့ အီတလီ နည်းပြက စနေနေ့က တက်ဖ်မောမှာ အနိုင်ရရှိပြီးနောက် ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် အနိုင်ရဖို့က အရေးကြီးပါတယ်။ အင်္ဂါနေ့ ပွဲစဉ် အတွက် ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

ခြင်္သေ့ပြာတွေဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ ကစားပြီး ၅ ရက် အကြာ နိုဝင်ဘာလကုန်မှာ အာဆင်နယ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်လာဖို့ ရှိပြီး ချန်ပီယံဆု အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက် ရှိလာနိုင်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ မာရက်စ်ကာက“နောက်လာမယ့် အိမ်ကွင်း ပွဲစဉ် နှစ်ပွဲ အတွက် ပရိသတ်တွေ လိုအပ်ပါတယ်။ [ဘန်လေနဲ့] ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ သူတို့နဲ့ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ခံစားချက်တွေ ရရှိခဲ့ပါတယ်။ သူတို့ အသင်းရဲ့ ရလဒ် အပေါ် ပျော်ရွှင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က ဒုတိယနေရာမှာ ရပ်တည်နေပြီး ဦးဆောင်သူနဲ့ ၆ မှတ် ကွာနေပါတယ်။ ဒီအခိုက်အတန့်တွေကို သူတို့နဲ့ မျှဝေရတာ အရမ်းပဲ ပျော်ပါတယ်။” လို့ ဆိုပါတယ်။
အကယ်၍ ချဲလ်ဆီး အနေနဲ့ အာဆင်နယ်နဲ့ တွေ့ဆုံချိန်မှာ အနိုင်ရခဲ့ရင်တော့ ဆောင်းရာသီ အားလပ်ရက် မတိုင်ခင် ပထမနေရာနဲ့ ပိုမို နီးကပ်လာမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ချဲလ်ဆီးက ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရှိနေပြီး ဘာစီလိုနာကို အသာရခဲ့မယ် ဆိုရင်တော့ ထိပ်ဆုံး ၈ သင်းနဲ့ နီးစပ်လာမှာပါ။
ဒါပေမယ့်လည်း ချဲလ်ဆီးရဲ့ အရေးကြီးတဲ့ ပွဲစဉ်တွေ အတွက် ကိုးလ် ပါးလ်မား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ အိမ်မှာ အနားယူနေစဉ် မတော်တဆမှု တစ်ခုကြောင့် ခြေချောင်း ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး နောက်ထပ် သုံးပတ်လောက် အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


