နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒို ပြီးနောက် ရီးရဲလ်မက်ဒရစ် အတွက် ဂိုး ၅၀ အမြန်ဆုံး သွင်းနိုင်သူ ဖြစ်လာတဲ့ အမ်ဘာပေး | ချန်ပီယံလိဂ်

ဘာစီလိုနာ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး ထပ်မံ ရရှိခဲ့ပြီးနောက် စံချိန်သစ် တစ်ခု ထပ်တင်နိုင်ခဲ့ပါတယ်။ အမ်ဘာပေးဟာ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ပြီးနောက် ရီးရဲလ်မက်ဒရစ် အတွက် ဂိုး ၅၀ အမြန်ဆုံး သွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမ်ဘာပေးဟာ မနေ့ညက ပွဲမှာ မာဆေးလ် ဘက်ကို ပင်နယ်တီ ကနေ တဆင့် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကလည်း ၂-၁ ရလဒ်နဲ့ အနိုင်ရကာ ချန်ပီယံလိဂ် အဖွင့်လှခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုက လာလီဂါ ထိပ်သီးတို့ အတွက် ပွဲပေါင်း ၅၄ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာပဲ သွင်းဂိုး ၅၀ ပြည့်ခဲ့တာ ဖြစ်ပြီး အမ်ဘာပေး ကတော့ ပြိုင်ပွဲစုံ ၆၄ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှ ဂိုး ၅၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေ ကိုတော့ အမ်ဘာပေး အနေနဲ့ လိုက်မှီခြင်း မရှိသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ ချန်ပီယံလိဂ် ပွဲစဉ် ၂ အဖြစ် ကာဇက်စတန် ကလပ် ကိုင်ရတ် အဲလ်မာတီနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုး ၅၀ ပြည့်သွားတဲ့ အမ်ဘာပေး

မနေ့ညက ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ မာဆေးလ် ဘက်ကို တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၂၈ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ကလည်း ၁၅ ကြိမ် အထိ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲချိန် ၂၂ မိနစ်မှာ ပြိုင်ဘက် တောင်ပံ ကစားသမား တင်မိုသီ ဝီယာ့ရ်ရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ်က ၂၉ မိနစ်နဲ့ ၈၁ မိနစ်တွေမှာ ပင်နယ်တီတွေ ရရှိခဲ့ပြီး အမ်ဘာပေးက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာကြောင့် အဖိုးတန် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲ ဒဏ်ရာရသွားခဲ့တဲ့ ထရန့် အလက်ဇန္တား အာနိုးလ် နေရာမှာ လူစားဝင်ခဲ့တဲ့ ဒန်နီ ကာဗာဟယ် ကလည်း ပွဲချိန် ၇၂ မိနစ်မှာ အနီကတ် ပြသကာ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။

ဒီပွဲအတွက် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို အမ်ဘာ‌ပေးက ရရှိခဲ့ပြီး သူ့ အနေနဲ့ နည်းပြ ဇာဘီ အလွန်ဆို လိုချင်တဲ့ ပုံစံအတိုင်း ကစားခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အမ်ဘာပေးက “ဇာဘီက ပွဲကို အနိုင်ရဖို့ ဘောလုံးကို မြန်မြန်ပေးပို့ ကစားစေချင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကလည်း အနိုင်ရချင်တာကြောင့် သူလိုချင်တဲ့ ပုံစံအတိုင်း ကစားခဲ့ပါတယ်။ ဂိုးသွင်းတာနဲ့ ဖြစ်စေ၊ ပြိုင်ဘက်ကို ဖိအားပေးတာနဲ့ ဖြစ်စေ၊ ဂိုးဖန်တီးမှု ပြုလုပ်တာနဲ့ ဖြစ်စေ အသင်းကို ကျွန်တော် ကူညီချင်ပေးချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်က ရမှတ် ၃ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ယာယီ ရပ်တည်နေပြီး မာဆေးလ် ကတော့ အဆင့် ၃၃ နေရာမှာ ရှိပါတယ်။ ဒီကနေ့နဲ့ နက်ဖြန်ည ပွဲစဉ်တွေ အပြီးမှာတော့ အမှတ်ပေးဇယား ရပ်တည်မှုတွေ ပြောင်းလဲဖို့တော့ ရှိနေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ ချန်ပီယံလိဂ် ပွဲစဉ် ၂ အဖြစ် ကာဇက်စတန် ကလပ် ကိုင်ရတ် အဲလ်မာတီနဲ့ ကစားရမှာ ဖြစ်ပါတယ်။ မာဆေးလ် ကတော့ အောက်တိုဘာ ၁ ရက်နေ့မှာ နယ်သာလန် ထိပ်သီး အေဂျက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်