နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နည်းစနစ် အားပြိုင်ပွဲမှာ ကွန်တီကို အနိုင်ရခဲ့တဲ့ မော်ရင်ညို | ချန်ပီယံလိဂ်

ဒီကနေ့ မနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ဟိုဆေး မော်ရင်ညိုရဲ့ ဘင်ဖီကာက အန်တိုနီယို ကွန်တီရဲ့ နာပိုလီကို ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုထက် နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း ပြိုင်ဆိုင်မှုက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းခဲ့ပြီး စပယ်ရှယ်ဝမ်းကြီးက အသာရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဘင်ဖီကာ ဘက်က အော့တာမန်ဒီ၊ အာရူဟို၊ ဒီဒစ်၊ ဘာရီယို၊ ဘာရန်နက်ချီယာ၊ အားနက်စ် တို့နဲ့ လူစုံခဲ့သလို နာပိုလီ ဘက်မှာတော့ အဓိက ကစားသမား တော်တော်များများ လွဲချော်ခဲ့ပါတယ်။ နာပိုလီက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ဘင်ဖီကာ ကတော့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်ပြီး ပွဲကို အသာရခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘင်ဖီကာက ဂိုးပေါက် ကန်သွင်းမှု ၁၃ ကြိမ် ပြုလုပ်ပြီး ဂိုးပေါက် ၅ ကြိမ် တည့်ကာ သွင်းဂိုး ၂ ဂိုး ရခဲ့ပါတယ်။ နာပိုလီ ကတော့ ဂိုးပေါက် ကန်ချက် ၉ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပါတယ်။

ဘင်ဖီကာ အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် မိနစ် ၂၀ မှာ ရီယို့စ်နဲ့ ၄၉ မိနစ်မှာ ဘာရီယိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ နာပိုလီက ပွဲကို တစ်ဖက်သတ် ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲအပြီးမှာ ဘင်ဖီကာက ရမှတ် ၆ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၂၅ နေရာမှာ ရှိနေခဲ့ပြီး နာပိုလီ ကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၂၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေခဲ့တဲ့ ဘင်ဖီကာနဲ့ နာပိုလီ

ဒီပွဲရလဒ်က အထက်မှာ ပြောခဲ့သလိုပဲ နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှု အပေါ်မှာ မူတည်ခဲ့သလို နာပိုလီ ဘက်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာ ကလည်း အကြောင်းပြချက် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနည်းပြ နှစ်ဦးစလုံးက အီတလီမြေပေါ်မှာပဲ အောင်မြင်မှုတွေ ရဖူးကြသူတွေ ဖြစ်သလို၊ အသင်းဟောင်းတွေ ဖြစ်ကြတဲ့ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်ခဲ့ကြတာချင်းလည်း တူညီကြပါတယ်။ နောက်ပြီး စပါးမှာ ကျရှုံးခဲ့တာ ကလည်း တူကြပါတယ်။ ပွဲတစ်ပွဲကို ချဉ်းကပ်ပုံနဲ့ နည်းစနစ်ပိုင်းနဲ့ ဘောလုံးဒဿနတွေ မှာလည်း နီးစပ်ကြသူတွေ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း ဒီတစ်ကြိမ် အားပြိုင်မှု မှာတော့ စပယ်ရှယ်ဝမ်းကြီးက အီတလီ ထိပ်တန်း နည်းပြကြီးကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဘင်ဖီကာ အနေနဲ့ နည်းပြဟောင်းနဲ့ တစ်ပွဲမှာကော၊ မော်ရင်ဟို လက်ထက် ချန်ပီယံလိဂ် နှစ်ပွဲဆက် ရှုံးပွဲဆက်နေခဲ့တဲ့ အနေအထား ကနေ၊ နောက်ဆုံး နှစ်ပွဲမှာ အေဂျက်စ်နဲ့ နာပိုလီ တို့ကို အနိုင်ရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဘင်ဖီကာက ချန်ပီယံလိဂ်မှာ နောက်တဆင့်ကို တက်ရောက်ခွင့် ရဖို မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပါတယ်။ ကွန်တီရဲ့ နာပိုလီ အနေနဲ့တော့ ဒီရာသီ ချန်ပီယံလိဂ် အဝေးကွင်း ၃ ပွဲစလုံး ရှုံးထားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ လက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။

ပွဲအပြီးမှာ ဘင်ဖီကာက ရမှတ် ၆ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၂၅ နေရာမှာ ရှိနေခဲ့ပြီး နာပိုလီ ကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၂၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဘင်ဖီကာ ကတော့ လာမယ့် ပွဲစဉ်မှာ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး နာပိုလီ ကတော့ ကိုပေဟေဂင်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်