နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းဟောင်း ချဲလ်ဆီးနဲ့ တွေ့ဆုံချိန်မှာ အနိုင်ရလိုကြောင်း ပြောကြားလိုက်တဲ့ မော်ရင်ညို | ချန်ပီယံလိဂ်

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာ ကတော့ စပယ်ရှယ်ဝမ်း နည်းပြကြီး ဟိုဆေး မော်ရင်ညိုနဲ့ ရင်ဆိုင်ရခြင်းက အခွင့်ထူး တစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်က မော်ရင်ညို ကတော့ သူဟာ လက်ရှိမှာ အပြာရောင် မဟုတ်တော့ကြောင်း၊ အနီရောင် ဖြစ်ကြောင်း၊ ပြီးတော့ အနိုင်ရလိုကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ဘင်ဖီကာ တို့ကတော့ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် စတန်းဖိုဒ်ဘရစ်ချ်မှာ ဒီကနေ့ည ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ရုန်းကန်နေရတာကြောင့် နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ အနေနဲ့ ဘင်ဖီကာနဲ့ ပွဲမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာတွေ့ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ ဘေယန်မြူးနစ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ပြည်တွင်း မှာလည်း ခြေစွမ်း မတည်ငြိမ်ဘဲ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။

ဟိုဆေး မော်ရင်ညို အနေနဲ့ ချဲလ်ဆီးနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသရေ၊ ၄ ပွဲ ရှုံးပြီး နိုင်ပွဲ လုံးဝ မရထားပါဘူး။ ဒါ့အပြင် မော်ရင်ညိုဟာ ချဲလ်ဆီးနဲ့ ပြန်လည် တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံမှာ ၁၄ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲ သရေ၊ ၇ ပွဲ ရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြကြီးဟာ ချဲလ်ဆီးကို ၂ဝဝ၄ ကနေ ၂၀ဝ၇ နဲ့ ၂၀၁၃ ကနေ ၂၀၁၅ မှာ နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ ဘေယန်မြူးနစ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သလို ပြည်တွင်း မှာလည်း ခြေစွမ်း မတည်ငြိမ်ဘဲ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။
ချဲလ်ဆီးနဲ့ ပြန်လည် တွေ့ဆုံချိန်တိုင်း ရလဒ်မကောင်းတတ်တဲ့ မော်ရင်ညို

ဒီလို နည်းပြကြီးနဲ့ ပြန်လည် ဆုံတွေ့ရမယ့် အခြေအနေ အပေါ် အန်ဇို မာရက်စကာက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “မနက်ဖြန်မှာ ဟိုဆေးနဲ့ ရင်ဆိုင်ရမှာက အခွင့်ထူးတစ်ခုပါပဲ။ သူက ဒီ ကလပ် အတွက် ဂန္ထဝင် တစ်ယောက်ပါ။ ဒီကလပ် တစ်ခုတည်း အတွက် မဟုတ်ဘဲ တခြား ကလပ် အသင်းတွေ အတွက်ပါ ဂန္ထဝင် တစ်ယောက်ပါ။ ကျွန်တော့် အတွက်တော့ ပထမဦးဆုံးအနေနဲ့ ဒီကလပ်ကို ချန်ပီယံလိဂ်မှာ ကိုယ်စားပြုခွင့်ရတာက အခွင့်ထူးတစ်ခုပါ။ သေချာတာ ကတော့ မနက်ဖြန်မှာ ဟိုဆေးလို အံ့မခန်း နည်းပြ တစ်ဦးနဲ့ ရင်ဆိုင်ရမှာ ကလည်း အခွင့်ထူး တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ညို ကတော့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ “ကျွန်တော် အိမ်ပြန်ရသလို ခံစားရတယ်။ ကျွန်တော် ဒီမှာ စပါး၊ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန် တို့နဲ့ ကစားဖူးပါတယ်။ ဒါပေမယ့် အခု ကျွန်တော်က အပြာရောင် မဟုတ်တော့ဘူး။ ကျွန်တော် အနီရောင် ဖြစ်နေပါပြီ။ ကျွန်တော် အနိုင်ရချင်ပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက် “ကျွန်တော် သိတာ ကတော့ နှစ်သင်းစလုံးက အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ အထူးသဖြင့် ပထမပွဲမှာ ဘေယန်ကို ရှုံးထားတဲ့ ချဲလ်ဆီးက အနိုင်ရဖို့သာ ဦးတည် ကစားသွားမှာပါ။ ကျွန်တော် တို့ရဲ့ နည်းဗျူဟာ ကတော့ ပွဲကို ကြိုးစားပြီး အနိုင်ရဖို့ပါပဲ။ ကျွန်တော် တို့ဟာ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ နယူးကာဆယ် တို့နဲ့ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲတွေ အားလုံးက ခက်ခဲပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ အမှတ်တွေကို လိုက်ရှာရမယ်။ ကျွန်တော် တို့ရဲ့ ချန်ပီယံလိဂ် ပွဲတွေက ချဲလ်ဆီး ကစားရမယ့် ပွဲတွေထက် ပိုခက်ခဲပါတယ်။” လို့ မော်ရင်ညိုက ပြောကြားသွားခဲ့ပါတယ်။ ဘင်ဖီကာ ကတော့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ အဇာဘိုင်ဂျန် ကလပ် ကွာရာဘက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားကာ လိဂ်အဆင့် အဆင့် ၂၄ နေရာမှာ ရှိနေပါတယ်။ ချဲလ်ဆီး ကတော့ ဘေယန်မြူးနစ်ကို ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် လိဂ်အဆင့် အဆင့် ၂၈ နေရာ အထိ ရောက်ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်