မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဂါလာတာဆာရေးကို ၂-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီချန်ပီယံလိဂ် နိုင်ပွဲနဲ့ အတူ နည်းပြ ပပ် ဂွါဒီယိုလာ တစ်ယောက် မန်ချက်စတာစီးတီး နည်းပြဘဝ သက်တမ်း တစ်လျှောက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ နိုင်ပွဲပေါင်း ၄၀၀ ပြည့်မြောက်ခဲ့ပြီး နောက်ထပ် မှတ်တိုင်သစ် တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။=
အီတီဟတ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာ အာလင်း ဟာလန်းနဲ့ ရေယန် ချာကီ တို့က ပွဲစပြီး မိနစ် ၃၀ အတွင်း မှာတင် ဂိုးတွေ သွင်းယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦးနဲ့ သိပ်ပြီး မစိမ်းတဲ့ စံချိန်များ
ဂွါဒီယိုလာဟာ မန်စီးတီး သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြ အဖြစ် စံချိန်တင်ထားပြီးသား ဖြစ်ကာ အရင် နည်းပြတွေထက် နိုင်ပွဲ အရေအတွက်လည်း သိသိသာသာ ပိုမို များပြားနေခဲ့ပါတယ်။ အခုနောက်ဆုံး နိုင်ပွဲကြောင့် ဂွါဒီယိုလာဟာ မန်စီးတီးမှာ ဒုတိယမြောက် နိုင်ပွဲ အများဆုံး ရရှိထားတဲ့ နည်းပြ လတ်စ် မက်ဒိုဝေါလ် (၁၉၅၀ ကနေ ၁၉၆၃ ထိ) ထက် နိုင်ပွဲ ၁၈၀ ပိုများနေခဲ့ပြီ ဖြစ်ပါတယ်။
အချက်အလက်တွေအရ ဆိုရင်တော့ ဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ ၃၆၅ ပွဲ ကိုင်တွယ်ရာမှာ ပွဲ ၂၆၀ အနိုင်ရပြီး နိုင်ပွဲ ၇၁.၂ ရာခိုင်နှုန်း၊ ချန်ပီယံလိဂ်မှာ ၁၀၃ ပွဲ ကိုင်တွယ်ရာမှာ ၆၄ ပွဲ အနိုင်ရပြီး နိုင်ပွဲ ၆၂.၁ ရာခိုင်နှုန်း ရရှိထားပါတယ်။ တခြားသော ပြိုင်ပွဲတွေ ဖြစ်တဲ့ အက်ဖ်အေဖလား မှာတော့ ၄၉ ပွဲ ကိုင်တွယ်ပြီး ၄၁ ပွဲနိုင်၊ ခရာဘောင်ဖလားမှာ ၃၇ ပွဲ ကိုင်တွယ်ရာမှာ ၂၇ ပွဲနိုင်၊ ကွန်မြူနတီဒိုင်းမှာ ၆ ပွဲ ကိုင်တွယ်ပြီး ၁ ပွဲနိုင်၊ ကလပ် ကမ္ဘာ့ဖလားမှာ ၄ ပွဲ ကိုင်တွယ်ပြီး ၃ ပွဲနိုင်၊ အင်တာကွန်တီနန်တယ်မှာ ၂ ပွဲ ကိုင်တွယ်ရာမှာ ၂ ပွဲနိုင်၊ ယူအီးအက်ဖ်အေ စူပါဖလား မှာတော့ ၁ ပွဲ ကိုင်တွယ်ပြီး နိုင်ပွဲ မရထားပါဘူး။ ဒါကြောင့် ဂွါဒီယိုလာက မန်စီးတီးမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၅၆၉ ပွဲ ကိုင်တွယ်ကာ ပွဲပေါင်း ၄၀၀ အထိ အနိုင်ရပြီး နိုင်ပွဲ ရာခိုင်နှုန်း ၇၀.၃ ရာခိုင်နှုန်း ရရှိထားပြီလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် မှတ်တမ်းကောင်းများ

ဂါလာတာဆာရေးကို အနိုင်ရခဲ့တာက ပပ် ဂွါဒီယိုလာ အတွက် မန်စီးတီးနဲ့ အတူ ချန်ပီယံလိဂ်မှာ ရရှိတဲ့ ၆၄ ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာက ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာ အသင်း တစ်သင်းတည်းနဲ့ နိုင်ပွဲ အများဆုံး ရရှိတဲ့ နည်းပြ စာရင်းမှာ ယူနိုက်တက် နည်းပြဟောင်း အဲလက်စ် ဖာဂူဆန် (၁၀၂ ပွဲ) နဲ့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး (၈၃ ပွဲ)တို့ ပြီးနောက် တတိယ အများဆုံး အဖြစ် ရပ်တည်နေပါတယ်။
ဒါ့အပြင် နည်းပြဘဝ တစ်လျှောက်လုံးရဲ့ ချန်ပီယံလိဂ် စုစုပေါင်း နိုင်ပွဲ ကတော့ ၁၁၇ ပွဲ ရှိလာပြီ ဖြစ်တာကြောင့် လက်ရှိစံချိန်ရှင် ကာလို အန်ဆယ်လော့တီရဲ့ ၁၂၄ ပွဲ စံချိန်ကို ကျော်ဖြတ်ဖို့ ၇ ပွဲသာ လိုပါတော့တယ်။
အင်္ဂလန် ဘောလုံးလောကမှာ အမြန်ဆုံး စံချိန်တင်ခြင်း
ဂွါဒီယိုလာဟာ အင်္ဂလန် ထိပ်တန်း ကလပ် အသင်း တစ်သင်းကို ကိုင်တွယ်ရင်း ပြိုင်ပွဲအရပ်ရပ်မှာ နိုင်ပွဲ ၄၀၀ အမြန်ဆုံး ပြည့်တဲ့ နည်းပြ အဖြစ်လည်း စံချိန်သစ်တင်လိုက်ပါတယ်။ အာစင်ဝင်းဂါးဟာ နိုင်ပွဲ ၄၀၀ ရဖို့ ၆၉၆ ပွဲ ကစားခဲ့ရပေမယ့် ဂွါဒီယိုလာ ကတော့ ဝင်းဂါးထက် ၁၂၇ ပွဲ ပိုမြန်မြန်နဲ့ ဒီမှတ်တိုင်ကို ရောက်ရှိခဲ့တာပါ။
ရှုံးနိမ့်ခြင်း မရှိသေးတဲ့ ပြိုင်ဘက်တွေနဲ့ ဂွါဒီယိုလာ
ဂါလာတာဆာရေးဟာ ၂၀၁၆ ခုနှစ်မှာ ပပ် ဂွါဒီယိုလာ စတင်တာဝန်ယူပြီးနောက်ပိုင်း မန်စီးတီးကို အရှုံးပေးခဲ့ရတဲ့ ၈၇ သင်းမြောက် အသင်း ဖြစ်လာပါတယ်။ ဂွါဒီယိုလာဟာ ဝက်စ်ဟမ်းနဲ့ ဘန်လေ တို့ကို ၁၈ ကြိမ်စီနဲ့ အများဆုံး အနိုင်ရရှိထားပါတယ်။ ထူးခြားချက် အနေနဲ့ သူ မန်စီးတီး နည်းပြ ဘဝမှာ တစ်ကြိမ်မှ အနိုင်မရရှိဖူးသေးတဲ့ အသင်း ၆ သင်း ရှိနေပါတယ်။ ဒီအသင်းတွေ ကတော့ လိုင်ယွန် (၃ ပွဲ ကစား – အနိုင်မရ)၊ ဆဲလ်တစ် (၂ ပွဲ ကစား – အနိုင်မရ)၊ အဲလ်ဟီလာ၊ လေဗာကူဆင်၊ ဝီဂန်၊ ဘိုဒို/ဂလင့်မ် တို့ပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


