ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထအကျော့ မှာတော့ ပီအက်စ်ဂျီက အာဆင်နယ်ကို အမ်းမရိတ်စ်မှာ အူစမန်နီ ဒမ်ဘီလီရဲ့ အစောပိုင်း သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ် အတွက် သောမက်စ် ပါတေး မပါတဲ့ ကွင်းလယ်က အဓိက အားနည်းချက် ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီ အတွက် ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ အားသာချက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်က ဒီနေ့ပွဲမှာ ပွဲပယ် ပြစ်ဒဏ်ထိထားတဲ့ ပါတေး မပါပဲ ကစားခဲ့ရပြီး ကွင်းလယ်ပိုင်းက လုံးဝ အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် တစ်ယောက် ခြေစွမ်း ပျောက်ဆုံးနေခဲ့ပြီး အသင်းကို ဦးဆောင်နိုင်စွမ်းလည်း မရှိခဲ့ပါဘူး။ ဘောလုံးကို ရှေ့ရောက်အောင် ပေးဖို့ထက် ဘေးတိုက်ပေးနေရုံသာ ရှိခဲ့သလို နော်ဝေသားကို ကြည့်ရတာ အရင်လို မဟုတ်ပဲ ရှောင်ပြေးနေတယ်လို့တောင် ထင်ခဲ့ရပါတယ်။ ရိုက်စ်၊ ဆာကာ၊ ရာယာ၊ မာရင်နို၊ လီဝစ် စကယ်လီ၊ ဆလီဘာ တို့ကတော့ အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲမှာ ကစားရမယ့် ပုံစံ အတိုင်း ကစားနိုင်ခဲ့ကြပြီး မာတင်နယ်လီနဲ့ ထရော့ဆက်ဒ် တို့ရဲ့ အဆုံးသတ် အားနည်းမှုတွေ ကလည်း အာဆင်နယ် အတွက် နှမြောစရာကောင်းခဲ့ပါတယ်။ သူတို့ နှစ်ဦးရဲ့ သွင်းဂိုးတွေကို ကာကွယ်နိုင်ခဲ့တဲ့ ဒွန်နာရမ်းမား ကိုလည်း ချီးကျူးရမှာ ဖြစ်ပြီး တခြား ဂိုးသမားသာ ဆိုရင် အာဆင်နယ် အတွက် သွင်းဂိုးတွေ ဖြစ်ခဲ့မှာပါ။ ဒါ့အပြင် မာရင်နိုရဲ့ ခေါင်းတိုက် သွင်းဂိုး ကလည်း လူကျွံနေတာက အာဆင်နယ် အတွက် နစ်နာခဲ့တယ်လို့ပဲ ဆိုရပါမယ်။

သတိထားမိတဲ့ နောက်တစ်ချက်က ဆာကာရဲ့ ညာခြမ်း ဖြစ်ပြီး အိုဒီဂတ် ဆီက Creative ဖြစ်တဲ့ ပေးပို့မှုတွေ မရှိခဲ့ခြင်းက ဆာကာကို အလုပ်တာဝန် ပိုပိသွားစေတာ ဖြစ်ပါတယ်။ တင်ဘာ အနေနဲ့လည်း ခံစစ်ရော၊ တိုက်စစ်ပါ လိုက်ပါခဲ့ရချိန်မှာတော့ လိုအပ်တာထက် ပိုရုန်းခဲ့ရပြီး ပွဲပန်းသွားစေပါတယ်။ သေချာတာ တစ်ခု ကတော့ အာဆင်နယ် အတွက် ဆာကာရဲ့ ညာခြမ်းက အလွန်အရေးပါပြီး ဒါကို ကောင်းကောင်း အသုံးချနိုင်မှပဲ ဒုတိယအကျော့မှာ ပြန်လာနိုင်မှာပါ။ အိုဒီဂတ်လည်း ခြေမမှန်လိုက်၊ ဒဏ်ရာ ပြန်မရအောင် ရှောင်ကစားလိုက် လုပ်နေတဲ့ ပုံစံမျိုးက ပြုပြင်သင့်ပြီလို့ ထင်ပါတယ်။
တစ်ဖက်မှာ ပီအက်စ်ဂျီ ကတော့ သူတို့ရဲ့ အားကောင်းတဲ့ ရူအစ်ဇ်၊ ဗစ်တင်ဟာ၊ ယာအို နီးဗက်စ် တို့ရဲ့ ကွင်းလယ်က ဒီပွဲ မှာလည်း အာဆင်နယ်ရဲ့ ကွင်းလယ်ကို အသာစီးယူကာ ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ အာဆင်နယ်ကို ကောင်းမွန်တဲ့ Play Style နဲ့ ရင်ဆိုင်သွားခဲ့သလို အာဆင်နယ်ရဲ့ လုပ်နိုင်စွမ်းကို လျှော့ချပစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီရဲ့ ကန်ချက် ၂ ကြိမ် တိုင်ထိထွက်ခဲ့တာ ကလည်း အာဆင်နယ် အတွက် ကံကောင်းသွားစေခဲ့ပါတယ်။ သေချာတာက အာဆင်နယ်ဟာ သမားရိုးကျ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တစ်ပွဲထက် တစ်ပွဲ ကစားပုံ ကောင်းလာတဲ့ လူးဝစ္စ အင်းနရစ်ခ်ရဲ့ အသင်း ကိုတော့ အသာရဖို့ ဘယ်လိုမှ မလွယ်ကူခဲ့ပါဘူး။ အာဆင်နယ် အနေနဲ့ ဒုတိယအကျော့ ပါတေး ပြန်လည် ပါဝင်လာမှုကိုပဲ မျှော်လင့်ရတော့မှာ ဖြစ်ပြီး ဒီပွဲက အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုအပ်ပါတယ်။ ပီအက်စ်ဂျီ အတွက် စိုးရိမ်စရာက အနိုင်ဂိုးရှင် ဒမ်ဘီလီ တံကောက်ကြော ဒဏ်ရာရသွားတာ ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ပွဲမပြီးသေးကြောင်း၊ ပထမပိုင်းသာ ရှိသေးပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေး ရှိနေသေးကြောင်း၊ ဗိုလ်လုပွဲကို တက်လှမ်းချင်ရင်တော့ တစ်ခုခု ထူးခြားတာ လုပ်ပြဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.