နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်တို့ ဒုတိယအကျော့မှာ အကောင်းဆုံး ပြန်လာနိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ထားတဲ့ ဗီအဲရာ | ချန်ပီယံလိဂ်

အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီကို Comeback လုပ်ပြီး ပြန်လည် အနိုင်ယူပြလိမ့်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ဂန္တဝင် ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာက ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပီအက်စ်ဂျီကို အမ်းမရိတ်စ် ကွင်းမှာပဲ ဒမ်ဘီလီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အများစုက ပြင်သစ်မြေမှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီတို့ အသာရနေပြီး နောက်တစ်ဆင့် တက်သွားမယ်လို့ သုံးသပ်လျက် ရှိနေပါတယ်။ အာဆင်နယ်က နက်ဖြန် မနက် အစောပိုင်းမှာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်း Parc des Princes မှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ပထမအကျော့ အရှုံးကို ပြန်လည် ချေပဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း သူတို့ အတွက် ကြီးမားတဲ့ မျှော်လင့်ချက် အတွက် ဒီပွဲကို ဖောင်ဖျက် ကစားရမှာ ဖြစ်ကာ ဒီပွဲစဉ် မတိုင်ခင် ကလပ်ရဲ့ ဂန္တဝင် ကစားသမားကြီး ပက်ထရစ် ဗီအဲရာက မီခဲလ် အာတေးတားရဲ့ အသင်းက ပြန်လည် အနိုင်ယူပြနိုင်လိမ့်မယ်လို အသင်းဟောင်း ဘက်ကနေ ထောက်ခံ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီအဲရာက လက်ရှိ အာဆင်နယ်ရဲ့ လက်ရှိ ကစားသမား အစုအဖွဲဟာ ဂန်းနား တို့ရဲ့ သမိုင်းတလျှောက် အထင်ရှားဆုံး ဖြစ်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်က ရှုံးပွဲမရှိ (Invincibles) အသင်းရဲ့ အဆင့်အတန်းနဲ့ နီးစပ်နေပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပီအက်စ်ဂျီကို အမ်းမရိတ်စ် ကွင်းမှာပဲ ဒမ်ဘီလီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းကို အဝေးကွင်းမှာ ကျော်ဖြတ်ရမယ့် အာဆင်နယ်

The Telegraphနဲ့ အင်တာဗျူးမှာ ဗီအဲရာက “ရိုးရိုးသားသား ပြောရရင် သူတို့ (အာဆင်နယ်) Comeback လုပ်ပြီး ပြန်လာနိုင်လိမ့်မယ်လို ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ ပြီးတော့ ကစားသမား အုပ်စုနဲ့ နည်းပြ ကလည်း သူတို့ ပြန်လာနိုင်တယ် ဆိုတာကို သိနေကြတယ် ဆိုတာ ကျွန်တော် တစ်ရာ ရာခိုင်နှုန်း သေချာပါတယ်။ အဲ့ဒီ အပေါ်မှာ လုံးဝ သံသယ မရှိပါဘူး။ သူတို့ အဝေးကွင်းမှာ အမှားအယွင်း မရှိ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲကို ကစားပြရပါလိမ့်မယ်။ သူတို့ အရင် ကလည်း ဒီလို လုပ်ပြခဲ့ဖူးပါတယ်။ ပြီးတော့ သူတို့မှာ ဒီလိုလုပ်ပြနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ သူတို့မှာ အခွင့်အရေးကောင်းတွေ ရှိနေတုန်းပဲ။ သူတို့မှာ မျှော်လင့်ချက်တွေ ရှင်သန်နေတုန်းပဲ။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဗီအဲရာက “အာဆင်နယ်က ချန်ပီယံလိဂ် ဖလားကို ဘယ်နှစ်ကြိမ်တောင် ဆွတ်ခူးနိုင်ခဲ့ဖူးလို့လဲ။ ဒါကြောင့် လက်ရှိ ကစားသမား အုပ်စုသာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင်တော့ သူတို့ဟာ ရှုံးပွဲ မရှိ အသင်းလောက်ကို အမှတ်ရနေကြမှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့က ကလပ် အတွက် တကယ်ကို အထူးခြားဆုံး အရာ တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့လို့ပါပဲ။ ကျွန်တော့် အတွက်တော့ သူတို့ဟာ ရှုံးပွဲ မရှိ အသင်းလောက် အရေးပါပြီး ကြီးကျယ် ခမ်းနားတဲ့ အသင်း တစ်သင်း ဖြစ်လာပါလိမ့်မယ်။” လို့ အသင်းဟောင်း အပေါ် ယုံကြည်မှု ရှိရှိ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ ၂ ကြိမ် တွေ့ဆုံထားခဲ့ပြီး လိဂ် အဆင့်တုန်းက အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ ၀-၁ ရလဒ်နဲ့ ပြန်ရှုံးထားပါတယ်။ သတင်းတွေ အရ ဆိုရင် အခု ဒုတိယအကျော့ ပွဲစဉ်ကိုတော့ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်