ဒီရာသီ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် ၈ ပွဲ အနက် ၅ ပွဲအထိ ပထမအကျော့မှာ အနည်းဆုံး ၃ ဂိုးပြတ် ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ချန်ပီယံလိဂ် နောက်ဆုံး အဆင့်တွေ ရောက်လေ ပွဲတွေက ပိုမိုအကြိတ်အနယ် ရှိလာလေ ဖြစ်ပေမယ့် ၂၀၂၅-၂၆ ရာသီရဲ့ ၁၆ သင်း အဆင့် မှာတော့ မမျှော်လင့်ဘဲ ဂိုးပြတ် ရလဒ်တွေ အများကြီး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ရလဒ်တွေကို ပြန်ကြည့်ရင် စပါးက အက်တလက်တီကို မက်ဒရစ်ကို ၅-၂၊ အတ္တလန္တာက ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၆-၁ (ဥရောပ ပြိုင်ပွဲ သမိုင်းတလျှောက် ရှုံးထွက်အဆင့်ရဲ့ အဆိုးရွားဆုံး ရှုံးနိမ့်မှု)၊ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ ၃-၀ (နည်းပြ ပပ် ဂွါဒီယိုလာ အတွက် ချန်ပီယံလိဂ် အဝေးကွင်း အဆိုးရွားဆုံး ရှုံးနိမ့်မှု မှတ်တမ်း)၊ ချဲလ်ဆီးက ပီအက်စ်ဂျီကို ၅-၂၊ စပို့တင်းလစ္စဘွန်းက ဘိုဒို/ဂလင့်မ်ကို အဝေးကွင်းမှာ ၃-၀ အစရှိသဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
၁။ ဒီပို့တီဗို (၂၀၀၃-၀၄): အေစီမီလန်ကို ပထမအကျော့မှာ ၄-၁ နဲ့ ရှုံးပြီး ဒုတိယအကျော့မှာ ၄-၀ နဲ့ အနိုင်ကာ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။
၂။ ဘာစီလိုနာ (၂၀၁၆-၁၇): ပီအက်စ်ဂျီကို ပထမအကျော့ ၄-၀ နဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆-၁ နဲ့ အနိုင်ယူကာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အလှည့်အပြောင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။
၃။ ရိုးမား (၂၀၁၇-၁၈): ဘာစီလိုနာကို ပထမအကျော့ ၄-၁ နဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၃-၀ နဲ့ အနိုင်ရပြီး အဝေးဂိုး စည်းမျဉ်းနဲ့ နောက်တဆင့် တက်ခဲ့ပါတယ်။
၄။ လစ်ဗာပူးလ် (၂၀၁၈-၁၉): ဘာစီလိုနာကို ပထမအကျော့မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အန်ဖီးလ်မှာ ၄-၀ နဲ့ ပြန်နိုင်ခဲ့ပြီး လစ်ဗာပူးလ်တို့ အန်ဖီးလ်မှာ အံ့ဖွယ်ည တစ်ညကို ဖန်တီးနိုင်ခဲ့ပါတယ်။

Optaရဲ့ တွက်ချက်မှုတွေ အရ ဆိုရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ အရှုံး ကနေ ပြန်လည် အနိုင်ယူနိုင်ခြေ အရှိဆုံး အသင်းက မန်စီးတီး ဖြစ်ပြီး ၁၃.၄ ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။ အဲဒီနောက် စပို့တင်းလစ္စဘွန်းက ၁၃.၁ ရာခိုင်နှုန်း၊ ချဲလ်ဆီးက ၅.၉ ရာခိုင်နှုန်း၊ စပါးက ၄.၁ ရာခိုင်နှုန်း၊ အတ္တလန္တာက ၀.၁ ရာခိုင်နှုန်း တို့က အသီးသီး သတ်မှတ်ခံထားရပါတယ်။
နိဂုံးချုပ် အနေနဲ့ ဆိုရရင်တော့ အတ္တလန္တာ အတွက် ဘေယန်မြူးနစ်ကို ပြန်လည် ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပေမယ့် စပါး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ စပို့တင်းလစ္စဘွန်းတို့ အတွက်တော့ အခွင့်အရေး အနည်းငယ် ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒုတိယအကျော့ ပွဲစဉ်တွေဟာ ခန့်မှန်းထားတဲ့ အတိုင်းပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဘောလုံးသမိုင်းမှာ နောက်ထပ် အံ့ဖွယ်ညတွေကို ထပ်မံ မြင်တွေ့ရမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ သေချာတာ ကတော့ ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်သလို ချန်ပီယံလိဂ်မှာ ဆိုရင်တော့ ပိုလို့တောင် ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


