နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နယူးကာဆယ်နဲ့ ပွဲကို လွဲချော်ဖို့ သေချာသွားတဲ့ ယာမယ် | ချန်ပီယံလိဂ်

ဘာစီလိုနာရဲ့ အဓိက တောင်ပံ ကစားသမား လာမင်း ယာမယ် ကတော့ တင်ပါးဆုံ ဒဏ်ရာကြောင့် ရက်သတ္တပတ် တချို့ အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲကို လာမင်း ယာမယ် မပါပဲ ကစားရဖို့ သေချာသွားလည်း ဖြစ်ပါတယ်။ 

တကယ်တော့ ယာမယ်ဟာ နိုင်ငံတကာ ရက်သတ္တပတ်မှာ ဒဏ်ရာနဲ့ စပိန် လက်ရွေးစင် အသင်း အတွက် ကစားပေးခဲ့တာပါ။ ဒီလိုမျိုး ဒဏ်ရာရှိနေရဲ့သားနဲ့ နိုင်ငံ့ လက်ရွေးစင် အသင်း အတွက် ပွဲကစားခိုင်းခဲ့တာကြောင့်လည်း ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် ဘာစီလိုနာက ယာမယ်ရဲ့ ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်ပြီး စပိန် ဘောလုံးအဖွဲချုပ် (RFEF)နဲ့ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဘာစီလိုနာဟာ ယာမယ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ပေါ့ဆစွာ ကိုင်တွယ်ခဲ့တဲ့ စပိန် ဘောလုံးအဖွဲချုပ်နဲ့ လက်တလော ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို လျော့ချဖို့ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။ MARCA ရဲ့ ဖော်ပြ ချက်အရ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုဟာ RFEF ရဲ့ နည်းစနစ်ပိုင်း ဒါရိုက်တာ အိုင်တော ကာရန်ကာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ယာမယ်ဟာ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း ဘူလ်ဂေးရီးယား၊ တူရကီ တို့နဲ့ ပွဲစဉ် နှစ်ပွဲစလုံးမှာ ဝင်ရောက် ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ စပိန် ကြယ်ပွင့်လေးက ဘူလ်ဂေးရီးယားနဲ့ ပွဲမှာ ၇၉ မိနစ်၊ တူရကီနဲ့ ပွဲမှာ ၇၃ မိနစ် ဝင်ရောက် ကစားခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် အများအပြား ပါဝင်ကစားခဲ့ပြီးနောက် မှာတော့ ယာမယ်က စက်တင်ဘာလကုန်ပိုင်းလောက် အထိ အနားယူရမယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေးရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ယာမယ်နဲ့ ဘာစီလိုနာ တို့ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားလျက် ရှိကြောင်း မကြာသေးခင်ကပဲ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ

ဖလစ်ခ်က “လာမင်းက (ယာမယ်) နိုင်ငံ အသင်းဆီကို နာကျင်မှုနဲ့ အတူ သွားခဲ့ရတာပါ။ သူက အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီး နာကျင်နေတဲ့ ကြားကပဲ ကစားပေးခဲ့ရတယ်။ သူ့မှာ ဒဏ်ရာ ပြဿနာ ရှိနေရက်နဲ့ ၇၉ မိနစ်နဲ့ ၇၃ မိနစ် အထိ ကစားခဲ့ရတယ်။ ဒါက ကစားသမားတွေကို ဂရုစိုက်တာ မဟုတ်ဘူး။ စပိန် နိုင်ငံ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က ပရော်ဖက်ရှင်နယ်တွေကို ဂရုစိုက်သင့်တယ်လေ။ အထူးသဖြင့် လူငယ်တွေကိုပေါ့။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် အရွယ် ကစားသမားလေး ကတော့ အရင်က ပေါင်ခြံ ဒဏ်ရာ ရှိခဲ့ဖူးပြီး လက်ရှိမှာတော့ ပိုမို ဆိုးရွားလာခဲ့ကာ နောက်ကျော ဘက်ခြမ်းမှာလည်း ပြဿနာ ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ယာမယ်ဟာ ဘာစီလိုနာက ဗလင်စီယာကို ၆-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရသလို မနေ့က အထိလည်း ဘာစီလိုနာရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် စပိန်သားလေး အနေနဲ့ အသင်းရဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်တော့မှာ ဖြစ်ပါတယ်။ယာမယ်ဟာ ဘာစီလိုနာ အတွက် ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၅၅ ပွဲ အထိ ကစားပေးခဲ့ပြီး ၁၈ ဂိုး သွင်းကာ၊ ၂၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် သူက ဘာစီလိုနာတို့ ပြည်တွင်း ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့ခြင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ယာမယ်နဲ့ ဘာစီလိုနာ တို့ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ပစ်မှတ်ထားလျက် ရှိကြောင်း မကြာသေးခင်ကပဲ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်