နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အုတ်ကလန်းစီးတီး၊ ဘေယန်မြူးနစ်၊ ဘင်ဖီကာ၊ ဘိုကာဂျူနီယာ တို့ ပါဝင်တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု C ကို သုံးသပ်ကြည့်ခြင်း

အခု ဆက်လက်ပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ် C ကို သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ ဒီအုပ်စု ကလည်း မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာနိုင်တဲ့ အခြေအနေပါ။ ဒီအုပ်စုထဲမှာ နယူးဇီယန် ကလပ် အုတ်ကလန်းစီးတီး တစ်သင်းပဲ အိမ်ဖြည့် အနေနဲ့ ပါနေတာ ဖြစ်ပြီးတော့ ဂျာမန် ဘီလူးကြီး ဘေယန်မြူးနစ်၊ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာနဲ့ အာဂျင်တီးနား နာမည်ကျော် ဘိုကာဂျူနီယာ တို့ကတော့ အကြိတ်အနယ် နွှဲရဦးမှာ ဖြစ်ပါတယ်။ 

 

အုတ်ကလန်းစီးတီး အက်ဖ်စီ

အခုနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အားအနည်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီးတော့ အုပ်စု C မှာလည်း အားအနည်းဆုံးပါပဲ။ နယူးဇီလန် နေရှင်နယ်လိဂ်ရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီးတော့ ချန်ပီယံရှစ် မှာတော့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ သမုဒ္ဒရာပိုင်းဇုန်က အသင်း ဖြစ်ပြီး အိမ်ဖြည့် အနေနဲ့ ပါဝင်လာမယ့် ကလပ် ဖြစ်နေတာကြောင့်တော့ အထွေအထူး ပြောစရာ မရှိပါဘူး။ အုပ်စုတွင်း ရမှတ် ၁ မှတ် ရရင်တောင် ကံကောင်းလို့ ပြောရမယ့် အသင်း ဖြစ်ပါတယ်။ သူတို့ အတွက် ဒီပြိုင်ပွဲ ကနေ အကျိုးအမြတ် ရရှိစရာက ကမ္ဘာ့ထိပ်တန်း ကလပ်တွေနဲ့ ကစားခွင့်ရဖို့သာ ဖြစ်ပါလိမ့်မယ်။

အုတ်ကလန်းစီးတီး အက်ဖ်စီ – ဘေယန်မြူးနစ် (ဇွန် ၁၅)

အုတ်ကလန်းစီးတီး အက်ဖ်စီ – ဘင်ဖီကာ (ဇွန် ၂၀)

အုတ်ကလန်းစီးတီး အက်ဖ်စီ – ဘင်ဖီကာ (ဇွန် ၂၅)

 

ဘေယန်မြူးနစ် 

အာဂျင်တီးနားရဲ့ အအောင်မြင်ဆုံး ကလပ် တစ်ခု ဖြစ်တဲ့ ဘိုကာဂျူနီယာ ကတော့ ၂၀၀၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ တက်ခဲ့ဖူးပြီး အေစီမီလန်ကို ရှုံးနိမ့်ကာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရဖူးပါတယ်။
အာဂျင်တီးနားရဲ့ အအောင်မြင်ဆုံး ကလပ် တစ်ခု အဖြစ် ရပ်တည်နေတဲ့ ဘိုကာဂျူနီယာ

ဘေယန်မြူးနစ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပီအက်စ်ဂျီနဲ့ မန်စီးတီး ပြီးရင် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ ချန်ပီယံလိဂ် ၆ ကြိမ်ရ ဂျာမန် ထိပ်သီး ကလပ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲထားဖူးပြီး ၂၀၁၃နဲ့ ၂၀၂၀ ခုနှစ်မှာ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ ဘေယန်မြူးနစ်ဟာ နည်းပြ ဗင်းန်ဆင့် ကွန်ပနီ လက်ထက်မှာ အရင်လို အသင်းတိုင်း ကြောက်ရတဲ့ ပြိုင်ဘက် ဖြစ်မလာသေးပေမယ့် ကောင်းမွန် တောင့်တင်းတဲ့ အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ အဲရစ်ခ် ဒိုင်ယာနဲ့ ဆာနေး ထွက်ခွာသွားပေမယ့် ခံစစ်ပိုင်း အတွက် ကိုတော့ ဂျွန်နသန် တာ့ရ်နဲ့ ပြန်လည် အားဖြည့်ထားပြီး ကိန်း၊ အိုလီဆေး၊ ဂနာဘရီ၊ ကိုမန်၊ ပက်ဗ်လိုဗစ်၊ မူဆီအာလာ၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ စတန်နီဆစ်၊ လိုင်မာ၊ ဂွာရဲရိုး၊ ကင်မင်ဂျေး၊ အူပါမီကာနို၊ နော်အာ တို့ ပါဝင်တဲ့ အစုအဖွဲ့က ဒီပြိုင်ပွဲမှာ ကြိုက်တဲ့ ပြိုင်ဘက်နဲ့ ယှဉ်ရင် မနိမ့်တဲ့ အနေအထားပါ။ ဘေယန်မြူးနစ် အတွက် ဒီအုပ်စုမှာ ထိတ်လန့်စရာ ပြိုင်ဘက် မရှိပါဘူး။ သူတို့လည်းပဲ ကွာတားဖိုင်နယ်လောက်ကို အသာလေး တက်လှမ်းသွားမယ့် အသင်း ဖြစ်ပါတယ်။

 

ဘင်ဖီကာ 

ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာ ကတော့ ဘေယန်မြူးနစ် ပြီးရင် အုပ်စု C ရဲ့ အတောင့်တင်းဆုံး ကလပ် ဖြစ်ပါတယ်။ ဘိုကာဂျူနီယာ နဲ့တော့ ခြေစွမ်းအဆင့်အတန်းခြင်း သိပ်မကွာပေမယ့် ဥရောပ ကလပ် ကတော့ ဥရောပ ကလပ်ပဲ ဖြစ်နေဦးမှာပါ။ ဒါပေမယ့်လည်း ဘင်ဖီကာက ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ အောင်မြင်မှု မရခဲ့ဖူးသလို အတွေ့အကြုံလည်း မရှိပါဘူး။ ဘရူနို လာဂါရဲ့ အသင်းက ထရူဘင်၊ အဲလ်ဗားရိုး ကားရီးရက်စ်၊ ကော့ချ်ကူ၊ ရီနာတို ဆန်းချက်စ်၊ ပက်ဗ်လီဒစ်၊ အက်ခ်တာကိုဂလူ တို့ အပြင် ဘယ်လော့တီလို တိုက်စစ်မှူးကောင်း တစ်ဦးလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အုပ်စုတွင်းမှာတော့ ဘေယန်မြူးနစ်ကို ယှဉ်နိုင်ဖို့ မရှိပဲ နောက်တစ်ဆင့် တက်ရောက်ချင်ရင်တော့ ဘိုကာဂျူနီယာနဲ့ အုတ်ကလန်းစီးတီး တို့နဲ့ ပွဲတွေမှာတော့ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ်။

ဘင်ဖီကာ – ဘိုကာဂျူနီယာ (ဇွန် ၁၇)

ဘင်ဖီကာ – အုတ်ကလန်းစီးတီး အက်ဖ်စီ (ဇွန် ၂၀)

ဘင်ဖီကာ – ဘေယန်မြူးနစ် (ဇွန် ၂၅)

 

ဘိုကာဂျူနီယာ

အာဂျင်တီးနားရဲ့ အအောင်မြင်ဆုံး ကလပ် တစ်ခု ဖြစ်တဲ့ ဘိုကာဂျူနီယာ ကတော့ ၂၀၀၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ တက်ခဲ့ဖူးပြီး အေစီမီလန်ကို ရှုံးနိမ့်ကာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရဖူးပါတယ်။ ဘိုကာဂျူနီယာဟာ ကိုပါလစ်ဘာတာဒိုရက်စ်မှာ ချန်ပီယံ ၆ ကြိမ် ဖြစ်ထားပြီး ၂၀၀၇ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားလို့ နိုင်ငံတကာ အောင်မြင်မှုနဲ့တော့ ဝေးကွာနေတာ ကြာပါပြီ။ ဒါပေမယ့်လည်း ဘိုကာဂျူနီယာဟာ တောင်အမေရိကရဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်တာကြောင့်တော့ လျှော့တွက်လို့ မရပါဘူး။ အုပ်စုတွင်းမှာ သူတို့ ရှိန်ရမယ့် အသင်းဆိုလို့ ဘေယန်မြူးနစ်ပဲ ရှိမှာ ဖြစ်ပြီး ဘင်ဖီကာ ကိုတော့ ခြေရည်တူ ကစားနိုင်စွမ်း ရှိပါတယ်။ တကယ်တမ်းလည်း ဘိုကာဂျူနီယာတို့ အုပ်စု ကနေ တက်ဖို့ ဆိုရင် ဘင်ဖီကာနဲ့ အဖွင့်ပွဲက အရေးပါဆုံး ဖြစ်သွားနိုင်ပါတယ်။ 

ဘိုကာဂျူနီယာ – ဘင်ဖီကာ (ဇွန် ၁၇)

ဘိုကာဂျူနီယာ – ဘေယန်မြူးနစ် (ဇွန် ၂၁)

ဘိုကာဂျူနီယာ – အုတ်ကလန်းစီးတီး (ဇွန် ၂၅)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်