နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပါလ်မီးရက်စ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်သွားတဲ့ ချဲလ်ဆီး | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ နောက်ထပ် ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ပါလ်မီးရက်စ်နဲ့ ချဲလ်ဆီးတို့ ဖီလာဒယ်ဖီးရားမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပထမပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ချဲလ်ဆီးက ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးတော့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ပါလ်မီးရက်စ်က ဒီနေ့ပွဲမှာ ၄-၂-၃-၁ အခင်းအကျင်းကို အသုံးပြုခဲ့ပြီးတော့ ဝီဗာတန်၊ ဂီယေ၊ ဖု့ချ်၊ မိုက်ကယ်၊ ဗန်ဒါလန်၊ ရီယို့စ်၊ မာတီနက်ဇ်၊ အယ်လန်၊ အက်စတီဗာအို၊ တောရက်စ်၊ ရုတ်ခ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီး ကလည်း ၄-၂-၃-၁ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီးတော့ ဆန်းချက်ဇ်၊ ကူကာရယ်လာ၊ ကိုးလ်ဝဲလ်၊ ချာလိုဘာ၊ ဂူစတို၊ ဖာနန်ဒက်ဇ်၊ ဆန်းတို့စ်၊ အန်ကွန်ကူ၊ ပါးလ်မား၊ နီတို၊ ဒီလက်ပ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ပထမပိုင်း ကစားပုံဟာ တော်တော်လေး ကောင်းမွန်ခဲ့တယ်လို့ ပြောနိုင်ပြီး ပြိုင်ဘက် နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက ပထမပိုင်းမှာ ဂိုးပေါက် ကန်ချက် ၉ ကြိမ်၊ ဂိုးပေါက် တည့်မှု ၄ ကြိမ် ရှိခဲ့သည့် တိုင်အောင် သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပါတယ်။ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ကိုတော့ ထုံးစံ အတိုင်း ချဲလ်ဆီးတို့ လိုအပ်ချိန်တိုင်း အမြဲ ရှိပေးတတ်တဲ့ ကိုးလ်ပါးလ်မားက ချာလိုဘာ့ရဲ့ ပေးပို့မှု ကနေ ဆွဲပြေးပြီး ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို ပါးပါးနပ်နပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပါလ်မီးရက်စ်တို့ အခွင့်အရေး တစ်ကြိမ် ရခဲ့တာက လွဲရင် ချဲလ်ဆီး တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဒီတော့ အန်ဇို မာရက်စ်ကာရဲ့ အသင်း အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် မှာလည်း နောက်ထပ် ဘရာဇီးလ် ထိပ်သီး ကလပ် တစ်ခုနဲ့ ခြေစွမ်း အစမ်းသပ်ခံရဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
ပါလ်မီးရက်စ်ကို တူညီတဲ့ ရလဒ်နဲ့ ထပ်မံ အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ ပါလ်မီးရက်စ်က ပိုကောင်းတဲ့ ကစားဟန်နဲ့ အတူ လိုအပ်နေတဲ့ ချေပဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဒီပြိုင်ပွဲ အပြီးမှာ ချဲလ်ဆီးနဲ့ ပူးပေါင်းတော့မယ့် လူငယ် ကစားသမားလေး အက်စတီဗိုက အားပါးပြင်းထန်တဲ့ ကန်ချက်နဲ့ ထောင်ဖြတ် သွင်းယူခဲ့တာ ဖြစ်ပြီး ဆန်းချက်ဇ်လည်း ဘာမှမတတ်နိုင်ပဲ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ကြာလာတာနဲ့ အမျှ ချဲလ်ဆီး ကပဲ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ပါလ်မီးရက်စ် ခံစစ်ကို ဖြိုဖျက်ဖို ကြိုးစားခဲ့ပါတယ်။ ပွဲချိန် ၈၃ မိနစ် မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုး ရရှိခဲ့ပြီး ဂူစတိုရဲ့ ကန်ချက်ကို ဝီဗာတန် ပေါ့ပေါ့ဆဆ ကာကွယ်မိခဲ့လို့ ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး မာဒူခေးရဲ့ ကန်ချက် တိုင်ထိခဲ့သလို ယာအို ပက်ဒရိုရဲ့ ကန်ချက်ကို ဝီဗာတန် ကာကွယ်နိုင်ခဲ့တာတွေကြောင့်လည်း ပါလ်မီးရက်စ်တို့ သက်သာရာရခဲ့ပြီး ဂိုးပြတ် မရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး နောက်ထပ် ဘရာဇီးလ် ကလပ် တစ်ခု ဖြစ်တဲ့ ဖလူမီးနန့်စ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဘရာဇီးလ် ကလပ်တွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်ပေမယ့် ၂၀၂၁ ဗိုလ်လုပွဲတုန်းက တွေ့ဆုံခဲ့တဲ့ ပါလ်မီးရက်စ်ကို တူညီတဲ့ ရလဒ်နဲ့ပဲ ထပ်မံ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ အန်ဇို မာရက်စ်ကာရဲ့ အသင်း အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် မှာလည်း နောက်ထပ် ဘရာဇီးလ် ထိပ်သီး ကလပ် တစ်ခုနဲ့ ခြေစွမ်း အစမ်းသပ်ခံရဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။ သေချာတာ ကတော့ ဒီအဆင့်ကို ထပ်မံ ကျော်ဖြတ်နိုင်ရင်တော့ တစ်ဖက် လမ်းကြောင်းက တက်လာတဲ့ ရီးရဲလ်၊ ဘေယန်၊ ဒေါ့မန်၊ ပီအက်စ်ဂျီ တို့လို အသင်းကြီး တစ်သင်းသင်းနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Opta ရဲ့ စူပါကွန်ပြူတာရဲ့ တွက်ချက်မှု အတိုင်း ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချဲလ်ဆီးတို့ ဗိုလ်စွဲသွားနိုင်မလား ဆိုတာ ကတော့…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်