နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ချဲလ်ဆီး | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

မန်ချက်စတာစီးတီးတို့ ပြိုင်ပွဲ ကနေ ထွက်ခွာသွားရပြီးနောက် ချဲလ်ဆီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်နိုင်ခြေ ၂၆.၄၄ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှဦ ရှိနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ ဘရာဇီးလ် ကလပ် ဖလာမင်ဂို၊ တူနီးရှား ကလပ် အက်စ်ပီရန်စီ ကျူးနစ်၊ မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဖွင့်ပွဲမှာ အဲလ်အေအက်ဖ်စီကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးက ဒုတိယပွဲမှာတော့ ဖလာမင်ဂိုကို မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် အုပ်စု နောက်ဆုံး ပွဲမှာ ကျူးနစ်ကို အနိုင်ယူပြီး ရှုံးထွက်တက်နိုင်ခဲ့တဲ့ ချဲလ်ဆီးက ၁၆ သင်း အဆင့် မှာတော့ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာကို အကြိတ်အနယ် ကစားပြီး အချိန်ပိုရောက်မှ ဂိုးပြတ်သွင်းကာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်နိုင်ခြေ ၂၆.၄၄ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှဦ ရှိနေတာ ဖြစ်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ လမ်းကြောင်း ချောင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးက ကွာတားဖိုင်နယ် မှာတော့ နောက်ထပ် ဘရာဇီးလ် ကလပ် တစ်ခု ဖြစ်တဲ့ ပါလ်မီးရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကလပ်တွေဟာ သူတို့ကို အမြဲတမ်းလိုလို ဒုက္ခပေးလေ့ရှိတတ်တာကြောင့် ပေါ့ဆလို့ မရတဲ့ အခြေအနေပါတယ်။ ချဲလ်ဆီးဟာ သမိုင်းတစ်လျှောက် ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် ကလပ်တွေနဲ့ စုစုပေါင်း ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၁ ကြိမ်နိုင်ကာ၊ ၂ ကြိမ် ရှုံးခဲ့ပါတယ်။ ၂၀၁၂ ဗိုလ်လုပွဲမှာ ကိုရင်သီယန်ကို ၁-၀၊ ၂၀၂၅ အုပ်စု အဆင့်မှာ ဖလာမင်ဂိုကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးက ၂၀၂၁ ဗိုလ်လုပွဲမှာတော့ အခုတွေ့ဆုံရမယ့် ပါလ်မီးရက်စ်ကို ၁-၂ ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ အစဉ်အလာတွေ ရှိထားပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးက ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင်တော့ ဖလူမီးနန့်စ်-အဲလ်ဟီလာ ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဗိုလ်လုပွဲကို တက်လှမ်းဖို့ လမ်းကြောင်းချောင်နေတယ်လို့ ပြောလို့ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပွဲစဉ် ရေးဆွဲမှုအရ တခြားတစ်ဖက် မှာတော့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မန်တို့ ထိပ်တိုက် တွေ့ဆုံနေပြီး ဒီ ၃ သင်းထဲက ၁ သင်းသာ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်လို့ပါ။

Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ ချဲလ်ဆီး ပြီးရင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးက ပီအက်စ်ဂျီ ဖြစ်ပြီး ၂၅.၄၅ ရာခိုင်နှုန်း ရှိနေပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ်က ၁၆.၅၉ ရာခိုင်နှုန်း၊ ဘေယန်မြူးနစ်က ၁၄.၇၈ ရာခိုင်နှုန်း၊ ဒေါ့မန်က ၇.၈၈ ရာခိုင်နှုန်း၊ အဲလ်ဟီလာက ၄.၃၇ ရာခိုင်နှုန်း၊ ပါလ်မီးရက်စ်က ၂.၉၃ ရာခိုင်နှုန်းနဲ့ ဖလူမီးနန့်စ်က ၁.၅၆ ရာခိုင်နှုန်းနဲ့ ဗိုလ်စွဲဖို့ ခန့်မှန်းမှုမှာ အစဉ်အလိုက် ရပ်တည်နေကြပါတယ်။ ဒါက စူပါကွန်ပြူတာရဲ့ တွက်ချက်မှု ဖြစ်ပြီးတော့ ဘောလုံး ကျွမ်းကျင်သူတွေ ကတော့ ချဲလ်ဆီးတို့ ချန်ပီယံ ဖြစ်ဖို့ မလွယ်ကူနိုင်ကြောင်း သုံးသပ်လျက် ရှိနေပါတယ်။ အဓိက ကတော့ ဖလာမင်ဂိုနဲ့ ပွဲက အခြေအနေတွေကြောင့် ဖြစ်သလို ချဲလ်ဆီးက လက်ရှိမှာ ခြေစွမ်းပိုင်းအရ မှန်းဆရ ခက်နေတဲ့ အသင်း အဖြစ် သတ်မှတ်ထားကြလို့ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်