နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ်းလှမ်းမှု အများအပြား လက်ခံရရှိခဲ့ပေမယ့် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင် ကစားမှာ မဟုတ်ကြောင်း အတည်ပြုခဲ့တဲ့ ရော်နယ်ဒို | ကလပ်ကမ္ဘာ့ဖလား

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့အနေနဲ့ ကမ်းလှမ်းမှုတွေ အများအပြား လက်ခံရရှိခဲ့ပေမယ့်လည်း ဒီနွေရာသီ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ကစားမှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ ဒီနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် သူ့ကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း တော်တော်များများက ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိ မှာတော့ ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ် ကနေ ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီးနောက် အဲလ်နာဆာ မှာပဲ သူ့ရဲ့ အနာဂတ် ဆက်လက် ရှင်သန်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ကစားဖို့ အလားအလာ ရှိတဲ့ သတင်းတွေကို ပိတ်ချခဲ့ပြီလည်း ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုက “ကမ်းလှမ်းမှုတွေ အများကြီး ရှိခဲ့ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ အရာ တစ်ချို့ နဲ့ အဆင်မပြေတာတွေလည်း တွေ့ခဲ့ရပါတယ်။ မင်း အနေနဲ့ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်ချင်လို့ မရပါဘူး။ ရေတို၊ အလတ်အလတ်နဲ့ ရေရှည်ကို တွေးရပါမယ်။ ကမ်းလှမ်းမှုတွေ အများကြီး ရထားပေမယ့် ကလပ်ကမ္ဘာ့ဖလားကို သွားဖို့ မဟုတ်ပဲ လက်တွေ့ကျကျပဲ ဆုံးဖြတ်ချက်ချခဲ့တာပါ။” လို့ ဖွင့်ဟလာခဲ့ပါတယ်။

ရော်နယ်ဒို ကိုတော့ အဲလ်နာဆာရဲ့ ဆော်ဒီပရိုလိဂ် ပြိုင်ဘက် အဲလ်ဟီလာက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သေးသလို ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ကလပ်တွေ ကလည်း ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒို အနေနဲ့ အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း မတိုးခင် ကလပ် တချို့ဟာ ဒီနွေရာသီ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပေါ်တူဂီသားကို ကာလတို စာချုပ်နဲ့ ခေါ်ယူနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

ကမ်းလှမ်းမှုတွေ အများကြီး ရထားပေမယ့် ကလပ်ကမ္ဘာ့ဖလားကို သွားဖို့ မဟုတ်ပဲ လက်တွေ့ကျကျပဲ ဆုံးဖြတ်ချက်ချခဲ့တာပါ။” လို့ ဖွင့်ဟလာခဲ့ပါတယ်။
ပေါ်တူဂီနဲ့ အတူ နေးရှင်းလိဂ်မှာ ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားတဲ့ ရော်နယ်ဒို

ဒါပေမယ့်လည်း လက်ရှိ ရော်နယ်ဒိုရဲ့ ရွေးချယ်မှု ကတော့ အဲလ်နာဆာ ဖြစ်ခဲ့ပြီး ဆော်ဒီပရိုလိဂ် ကလပ်နဲ့ သူ့ရဲ့ လတ်တလော အနာဂတ်ကို ဖြေရှင်းဖို့ အပြည့်အဝ အာရုံစိုက်သွားမယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ် ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ ကလပ်အသင်းနဲ့ အချိန်တွေ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာ ကနေ တဆင့် အရိပ်အမြွက် ပြောကြားခဲ့ပေမယ့် အဲလ်နာဆာ ကတော့ ပေါ်တူဂီ တိုက်စစ်မှူးကြီးကို သက်တမ်းတိုးဖို့သာ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိမှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ နေးရှင်းလိဂ်မှာ ဒုတိယ အကြိမ်မြောက် ချန်ပီယံ ဖြစ်ထားပြီး စက်တင်ဘာလမှ ပြန်စမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မတိုင်ခင် အားလပ်ရက်မှာ အနားယူဖို့ ရှိနေပါတယ်။ ရော်နယ်ဒိုဟာ အသက်အရွယ် ရနေပေမယ့် ပေါ်တူဂီ အတွက် ထိထိရောက်ရောက် ကစားပေးနိုင်ခဲ့ပြီးတော့ ချန်ပီယံဆု ကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နေးရှင်းလိဂ် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေမှာ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး‌တော့ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက နိုင်ငံတကာ သွင်းဂိုး ၁၃၈ ဂိုး အထိ ရရှိထားခဲ့သလို ကစားသမားဘဝ သွင်းဂိုး ကတော့ ၉၃၈ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ ပွဲအပြီးမှာလည်း ရော်နယ်ဒိုက ကစားသမား ဘဝ ကနေ အနားယူမယ်လို့ မပြောခဲ့ပေမယ့် သူ့ အတွက် နောက်ဆုံး နေးရှင်းလိဂ် ဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်