နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မထင်မှတ်တဲ့ ရလဒ်တွေနဲ့ အသင်းကြီးတွေကို ဖြုတ်ချပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားကြတဲ့ ဖလူမီးနန့်စ်နဲ့ အဲလ်ဟီလာ | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ မထင်မှတ်တဲ့ ရလဒ်တွေနဲ့ အတူ အင်တာမီလန်နဲ့ မန်ချက်စတာစီးတီးတို့ ပြိုင်ပွဲ ကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ စီးရီးအေ ထိပ်သီး အင်တာမီလန်ဟာ ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ်ကို ၀-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို မန်စီးတီး ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာကို ၃-၄ ရလဒ် ရှုံးနိမ့်ခဲ့ကာ စောစောစီးစီးပဲ လက်ပြ နှုတ်ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။

 

အင်တာမီလန် ၀-၂ ဖလူမီးနန့်စ်

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ အင်တာမီလန်ကို ကြည့်ရတာ အသင်းတွင်း အဆင်မပြေမှုတွေ ရှိနေပုံ ရပါတယ်။ ဒီပွဲမှာ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဟာကန် ချလနေဂလူဟာ ကြက်သား ပြဿနာ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါဝင်ခဲ့ခြင်း မရှိသလို ဒီကိစ္စ ကိုလည်း ပွဲအပြီးမှာ အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်နဲ့ ဥက္ကဌ မာရော့တာ တို့ ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ချလနောဂလူ နေရာမှာ ဝင်ရောက် ကစားခဲ့တဲ့ အဆလာနီ ကလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အင်တာမီလန်ဟာ ပွဲချိန် ၃ မိနစ်မှာတင်ပဲ ပြိုင်ဘက်ကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ အင်တာမီလန်ဟာ ချေပဂိုး ရရှိဖို့ လိုအပ်နေချိန်မှာလည်း ဘောလုံး ကိုင်ထားရုံက လွဲလို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် အင်တာမီလန်ရဲ့ ဒီနေ့ပွဲ ခံစစ် ကစားပုံက လျော့တိလျော့ရဲ ဖြစ်နေခဲ့ပြီး ပေးခဲ့ရတဲ့ နှစ်ဂိုးစလုံးက မဖြစ်သင့်တဲ့ အနေအထားတွေ ကနေ ဖြစ်ပါတယ်။ ဖလူမီးနန့်စ်ရဲ့ နိုင်ပွဲ အတွက် အဓိကကျခဲ့တဲ့ နောက်ထပ် ကစားသမား တစ်ဦးက ဂိုးသမား ဖေဘီယို ဖြစ်ပါတယ်။ ဖေဘီယိုဟာ အင်တာမီလန်ရဲ့ အပိုင် ကန်သွင်းမှု ၄ ကြိမ်ကို ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဖလူမီးနန့်စ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ပြီးတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီး ၃-၄ အဲလ်ဟီလာ

ဒီနေ့ ပွဲစဉ်တွေ အပြီးမှာတော့ ဖလူမီးနန့်စ်နဲ့ အဲလ်ဟီလာတို့ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားနိုင်ခဲ့ပြီးတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
အပြန်အလှန် သွင်းဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ရခဲ့တဲ့ အဲလ်ဟီလာ

ဒီပွဲကလည်း မထင်မှတ်တဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီးတော့ အချိန်ပိုထိ ကစားပြီးမှ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သလို အကြိမ်ကြိမ် အံ့မခန်း ပြန်လာနိုင်မှုတွေနဲ့ ဥရောပရဲ့ ထိပ်သီး မန်စီးတီးကို ဖြုတ်ချနိုင်ခဲ့တဲ့ အဲလ်ဟီလာ အတွက်တော့ ဂုဏ်ယူစရာ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ပွဲချိန် ၉ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲလ်ဟီလာက ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာပဲ မားကို့စ် လီယိုနာဒို၊ မဲလ်ကွန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဟီလာတို့ ဦးဆောင်ပြီး ၃ မိနစ် အကြာမှာပဲ ဟာလန်းက ၂-၂ ဖြစ်စေမယ့် ဂိုးကို သွင်းယူပေးခဲ့လို့ ပွဲက ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။

ဒီလိုနဲ့ မိနစ် ၉၀ ပြည့်လို့ အချိန်ပို မိနစ် ၃၀ ဆက်လက် ကစားခဲ့ရပြီး အဲလ်ဟီလာက ကူလီဘလီရဲ့ ဂိုးနဲ့ ထပ်မံ ဦးဆောင်ကာ ဖီးလ် ဖိုဒန်က ၁၀၄ မိနစ်မှာ ပြန်လည် ချေပခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဟီလာ အတွက် အဖိုးတန် အနိုင်ဂိုး ကိုတော့ မားကို့စ် လီယိုနာဒိုက သွင်းယူခဲ့တာကြောင့် ၃-၄ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး မန်စီးတီးတို့ အသဲကွဲခဲ့ရပါတယ်။ အဲလ်ဟီလာ အတွက် ဘိုနိုရဲ့ ကာကွယ်မှုတွေက အဓိကကျခဲ့သလို ကူလီဘလီ၊ လီယိုနာဒို တို့ရဲ့ ခြေစွမ်းပြမှုတွေက နိုင်ပွဲနဲ့ ထိုက်တန်စေခဲ့ပါတယ်။ မန်စီးတီးနဲ့ တွေ့ဆုံချိန်တိုင်း အသာရလေ့ ရှိတဲ့ အဲလ်ဟီလာဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆီမြွန်နီ အင်ဇာဂီကို ဒီပြိုင်ပွဲ အမှီ ခေါ်ယူခဲ့တာက အဲလ်ဟီလာ အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပြီး ဒီခြေစွမ်းနဲ့ စိတ်ဓာတ်ကို လာမယ့် ပွဲစဉ်မှာ ဆက်ထိန်းထားနိုင်ရင်တော့ ဗိုလ်လုပွဲ အထိတောင် ရောက်ရှိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနေ့ ပွဲစဉ်တွေ အပြီးမှာတော့ ဖလူမီးနန့်စ်နဲ့ အဲလ်ဟီလာတို့ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားနိုင်ခဲ့ပြီးတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်