မနေ့ညက မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ ပီအက်စ်ဂျီကို ဂိုးပြတ် အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါပြီ။ ဒီပွဲမှာ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီဟာ ပီအက်စ်ဂျီကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ပဲ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာပါ။
ဒါပေမယ့်လည်း အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက သူတို့ အသင်း ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း ပုံရိပ်ကောင်း တစ်ခု ချန်ထားနိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မက်ဆီက “သူတိုက အင်အားကြီး ကလပ် အသင်း တစ်သင်းပါ။ အမြင်သာဆုံး ကတော့ သူတို့ဟာ နောက်ဆုံး ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်နေတာပါပဲ။ ဒါကြောင့် အရမ်းကောင်းပါတယ်။ ပွဲက ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ပုံရိပ်ကောင်း တစ်ခု ချန်ထားနိုင်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဆင့်မှာ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ ရှုံးပွဲ မရှိ ရလဒ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒီအဆင့် မှာတော့ ဥရောပရဲ့ အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အားမတန် မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ အင်တာမိုင်ယာမီဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာသာ ပါလ်မီးရက်စ်ကို အနိုင်ရခဲ့ရင် ၁၆ သင်း အဆင့်မှာ ပီအက်စ်ဂျီကို ရှောင်လွှဲပြီး ဘိုတာဖိုဂိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပီအက်စ်ဂျီကို မရှောင်လွှဲနိုင်ခဲ့တာနဲ့ ပတ်သတ်လို့တော့ မက်ဆီက စိတ်မပျက်ကြောင်း ပြောကြားခဲ့သလို ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စဉ်းစားရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အင်တာမိုင်ယာမီရဲ့ ဝါရင့် နောက်ခံလူ ယော်ဒီ အဲလ်ဘာ ကလည်း အုပ်စုတွင်းမှာ အရမ်းကို တောင့်တင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အားလုံးထက် ပိုကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဲလ်ဘာက “ကောင်းပါပြီ၊ ကျွန်တော် တို့မှာ အရမ်း အားကောင်းတဲ့ အုပ်စုတွင်း ပြိုင်ဘက် ၃ သင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပါတယ်။ ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော် တို့ဟာ အုပ်စု ပြိုင်ဘက် ၃ သင်းစလုံးထက်ကို ပိုကောင်းခဲ့တာပါ။ ဒီနေ့ ငါတို့က အရမ်းကောင်းတဲ့ ပြိုင်ဘက် အကြောင်း ပြောနေကြရတာပါ။ သူတို့က ကျွန်တော် တို့ကို အရှိန်အဟုန်နဲ့ ကျော်ဖြတ်သွားပေမယ့် ဂုဏ်ယူစရာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ဇူလိုင်လ ၅ ရက်နေ့မှာ မေဂျာလိဂ် ပွဲစဉ် အဖြစ် မွန်ထရီရယ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမိုင်ယာမီက မေဂျာလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားထားပြီးတော့ တခြား ပြိုင်ဘက်တွေထက် ၄ ပွဲလျော့ ကစားထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်ထားနိုင်တဲ့ အင်တာမိုင်ယာမီက ကစားဖို့ ကျန်ရှိတဲ့ လက်ကျန် ၄ ပွဲမှာသာ ရလဒ်ကောင်းခဲ့မယ် ဆိုရင်တော့ မေဂျာလိဂ် ဇယား ထိပ်ကို ပြန်လည် တက်လှမ်းနိုင်မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.