နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပီအက်စ်ဂျီနဲ့ မန်စီးတီး | ကလပ်ကမ္ဘာ့ဖလား

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်း ကလပ်ပေါင်း ၃၂ နှစ်သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ၄ သင်း တစ်အုပ်စုစီ စတင် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီးတော့ အဲဒီကနေမှ အုပ်စု ထိပ်ဆုံး ၂ သင်းစီက ရှုံးထွက်အဆင့်ကို တက်လှမ်းပြီး ဆက်လက် ယှဉ်ပြိုင်ကြရမှာပါ။

ဖီဖာဟာ ယခင်က ပရိသတ် စိတ်ဝင်စားမှု လျော့ကျနေခဲ့တဲ့ ဒီပြိုင်ပွဲကို ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ဆုကြေးငွေ ကိုလည်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ (ပေါင်သန်း ၇၅၀) အထိ ပေးအပ်သွားမှာ ဖြစ်ပြီး ချန်ပီယံ ဖြစ်တဲ့ အသင်း ကတော့ အမေရိကန် ဒေါ်လာ ၁၂၅ သန်း (ပေါင် ၉၂ သန်း) အထိ ရရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ ထိပ်တန်း ကလပ်တွေ ပါဝင်နေတာနဲ့ ၄ နှစ်မှ တစ်ကြိမ် ကျင်းပတော့မှာ စတဲ့ အချက်တွေ အပြင် မြင့်မားတဲ့ ဆုကြေးငွေကြောင့်လည်း ကမ္ဘာပေါ်က ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲ တစ်ခု အဖြစ် မှတ်တမ်းဝင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ဒီလို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မစတင်ခင်မှာတော့ ဘယ်အသင်း ဗိုလ်စွဲမလဲ ဆိုတာ ကြိုတင် ခန့်မှန်းမှုတွေ ရှိနေပြီး Opta ရဲ့ စူပါကွန်ပြူတာ ကလည်း အခုလိုပဲ တွက်ချက်ပေးခဲ့ပါတယ်။

ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၅ ရက်နေ့ စနေနေ့မှာ စတင် ကျင်းပမှာ ဖြစ်ပြီးတော့ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီနဲ့ အီဂျစ် ကလပ် အဲလ်အာလီတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ထိပ်တန်း ကလပ်ပေါင်း ၃၂ သင်း ပါဝင် ယှဉ်ပြိုင်မယ့် ကလပ် ကမ္ဘာ့ဖလား

Opta ရဲ့ စူပါကွန်ပြူတာ တွက်ချက်မှုမှာ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီးတော့ ဒုတိယနေရာ မှာတော့ မန်ချက်စတာစီးတီး ရှိနေပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် လိဂ် အဆင့်မှာ တွေ့ဆုံခဲ့ကြပြီး ပါရီ ကလပ်က ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီ အတွက် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ ယုံကြည်ချက်ပေးခဲ့တဲ့ နိုင်ပွဲလို့တောင် ပြောလို့ ရပါတယ်။ တစ်ဖက် မှာတော့ ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

စူပါကွန်ပြူတာရဲ့ တွက်ချက်မှု အရ ဆိုရင်တော့ ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်တဲ့ ထိပ်ဆုံး ၅ သင်း အဖြစ် ပီအက်စ်ဂျီနဲ့ မန်စီးတီး ပြီးရင်တော့ ဘေယန်မြူးနစ်၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ရှိနေပါတယ်။ ဒီအသင်းတွေ ပြီးရင်တော့ ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ချဲလ်ဆီးက အဆင့် ၆၊ ဒေါ့မန်က အဆင့် ၇၊ အက်တလက်တီကိုမက်ဒရစ်က အဆင့် ၈၊ ဂျူဗင်တပ်စ်က အဆင့် ၉ နဲ့ ဘင်ဖီကာက အဆင့် ၁၀ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

အဆင့် ၁၀ ပြင်ပက အသင်းတွေ ကတော့ ကလပ်ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်နိုင်ချေ ၁ ရာခိုင်နှုန်းထက် မပိုတာလည်း တွေ့ရပါတယ်။ ထူးခြားချက်က Opta ရဲ့ စူပါကွန်ပြူတာ ရွေးချယ်မှုမှာ ဗိုလ်စွဲနိုင်ခြေ ရှိတဲ့ ကလပ် ၁၀ သင်းဟာ ဥရောပ ထိပ်တန်း ကလပ်တွေသာ ဖြစ်ပြီး တခြား တိုက်ကြီးတွေက ထိပ်တန်း ကလပ်တွေ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၅ ရက်နေ့ စနေနေ့မှာ စတင် ကျင်းပမှာ ဖြစ်ပြီးတော့ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီနဲ့ အီဂျစ် ကလပ် အဲလ်အာလီတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်က Hard Rock ကွင်းမှာ ကစားမှာ ဖြစ်ပြီး French Montanaနဲ့ Swae Lee တို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ အတူ ဖွင့်ပွဲအခမ်းအနားလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်