နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုးပြတ် နိုင်ပွဲနဲ့ အဖွင့်လှခဲ့တဲ့ ရေးဗားပလိတ်၊ မွန်တာရေးနဲ့ တစ်မှတ်စီ ခွဲယူခဲ့တဲ့ အင်တာမီလန် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု E ရဲ့ ပွဲစဉ်တွေ မှာတော့ ရေးဗားပလိတ်က အူရာဝါရက်ဒ်ဒိုင်းမွန်းကို ဂိုးပြတ် အနိုင်ရခဲ့ပြီး မွန်တာရေးနဲ့ အင်တာမီလန် ကတော့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

အာဂျင်တီးနား ထိပ်သီး ရေးဗားပလိတ်နဲ့ ဂျပန် ကလပ် အူရာဝါရက်ဒ်ဒိုင်းမွန်း တို့ရဲ့ ပွဲစဉ် ကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ဘောလုံးက ကွင်းလယ်မှာ အပျက်များနေခဲ့ပြီး နှစ်သင်းစလုံး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ရေးဗားပလိတ်က ပွဲချိန် ၁၂ မိနစ်မှာတင်ပဲ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး အကူနာရဲ့ ကန်တင်ပေးပို့မှုကို ကိုလီဒီယိုက ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး တိုက်စစ် ပိုမြှင့်လာခဲ့ပြီးတော့ ပွဲပြန်စပြီး ၃ မိနစ် အကြာမှာ ရေးဗားပလိတ်က ဒရူအစ်ဆီရဲ့ သွင်းဂိုးနဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာတော့ ဂျပန် ကလပ်က ချေပဂိုး ပြန်ရခဲ့ပြီး ပင်နယ်တီက တဆင့် မတ်ဆူအိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အူရာဝါရက်ဒ်ဒိုင်းမွန်းတို့ ဂိုးတွေ ထပ်မံ ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးထပ်ရသွားခဲ့တာက ရေးဗားပလိတ်ပဲ ဖြစ်ခဲ့ပါတယ်။ ရေးဗားပလိတ် အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ မီဇာက ပွဲချိန် ၇၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ရေးဗားပလိတ်တို့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဖွင့်က လှပခဲ့ပါတယ်။

အင်တာမီလန်ဆီက တစ်မှတ် ခွဲယူနိုင်ခဲ့တဲ့ မွန်တာရေး

အုပ်စု E ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ မွန်တာရေးနဲ့ အင်တာမီလန်တို့ ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ နည်းပြသစ် ချီဗူးနဲ့ အင်တာမီလန် ကတော့ မက္ကဆီကို ကလပ် မွန်တာရေးကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အခွင့်အရေးလည်း သိပ်မရခဲ့ပါဘူး။ ဒီပွဲ အတွက် အဖွင့်ဂိုးကို ဆာဂျီယို ရာမို့စ်က သွင်းယူပေးခဲ့ပြီး မွန်တာရေး အနေနဲ့ ပထမပိုင်းမှာ ရရှိတဲ့ အခွင့်အရေး ၂ ကြိမ် ကနေ သွင်းဂိုး ၁ ဂိုး ရအောင် ယူနေခဲ့တာ ဖြစ်ပါတယ်။ မွန်တာရေးဟာ လာလီဂါ အခြေစိုက် ကစားသမားတွေ ဖြစ်ခဲ့တဲ့ ကာနဲလ်လက်စ်၊ အိုလီဗာ တောရက်စ်၊ လူးကပ်စ် အိုကမ်ပို့စ်၊ ဆာဂျီယို ရာမို့စ် တို့နဲ့ ပွဲထွက်လာခဲ့ပြီးတော့ အင်တာမီလန်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန် အတွက် ချေပဂိုးကို ပထမပိုင်းမှာပဲ လော်တာရို မာတီနက်ဇ်က သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ကစားပုံ ပိုကောင်းလာခဲ့ပြီး ဂိုးပေါက် ကန်ချက်တွေလည်း အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက် တည့်မှု ၁ ကြိမ်တောင် မရှိခဲ့တာ ကတော့ တော်တော်လေး ဆိုးရွားပါတယ်။

အင်တာမီလန်ဟာ ပီအက်စ်ဂျီကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ခြေစွမ်းအတိုင်း လေးလံနေခဲ့ပြီး နည်းပြသစ် ချီဗူးရဲ့ လက်အောက်မှာ သိပ်ပြီး အသားမကျသေးတာ တွေ့ရပါတယ်။ တစ်ဖက်က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ဆာဂျီယို ရာမို့စ် ဦးဆောင်တဲ့ ခံစစ်ကြောင့်လည်း အင်တာမီလန်တို့ သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရတာပါ။ ချီဗူးဟာ ဆီမြွန်နီ အင်ဇာဂီရဲ့ အသင်းကို သိပ်ပြီး အပြောင်းအလဲ မလုပ်ခဲ့ပဲ လူစာရင်း ကိုသာ အနည်းငယ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အဖွင့်ပွဲစဉ်မှာ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ရေးဗားပလိတ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု E ကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မွန်တာရေးနဲ့ အင်တာမီလန် တို့ကတော့ တစ်မှတ်စီ ခွဲယူခဲ့ကြပြီးတော့ အဆင့် ၂ နဲ့ ၃ နေရာမှာ ရပ်တည်နေကာ အူရာဝါရက်ဒ်ဒိုင်းမွန်း ကတော့ ဇယား အောက်ဆုံးကို ရောက်ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်