နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သူဟာ ဘယ်လွန်ဒေါဆုနဲ့ မဝေးတော့ကြောင်း ယုံကြည်မှု ရှိစွာ ဖွင့်ဟလာတဲ့ ဒမ်ဘီလိ

အူစမန်နီ ဒမ်ဘီလီ ကတော့ ပီအက်စ်ဂျီနဲ့ အတူ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပြီးနောက် ဘယ်လွန်ဒေါဆုကို ဆွတ်ခူးဖို့ သိပ်မလိုတော့ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

ဒမ်ဘီလီဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်နေတဲ့ အသင်း အတွက် အာရုံစိုက်ထားပေမယ့် ဘယ်လွန်ဒေါ အကြောင်းကိုတော့ တွေးတောနေကြောင်း ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီက DAZN နဲ့ အင်တာဗျူးမှာ “ကျွန်တော် ဘယ်လွန်ဒေါ အကြောင်းကို စဉ်းစားနေပါတယ်။ ကျွန်တော့်မှာ ဒီရာသီ ဖြတ်သန်းခဲ့ပုံအရ ဘယ်လွန်ဒေါနဲ့ မဝေးဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်း မတွေးခင်မှာ အသင်း အတွက် ရည်မှန်းချက်တွေကို အာရုံစိုက်ထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ အတူ လီဂူးဝမ်း၊ Coupe de France နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ရရှိထားပြီး ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံးက ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အတွက် ၃၃ ဂိုး သွင်းယူထားခဲ့ပြီး ၁၃ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါပေမယ့်လည်း ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ မိုဟာမက် ဆာလာ (၅၇ ကြိမ်)၊ ရာဖင်ညာ (၅၆ ကြိမ်)၊ ဟယ်ရီကိန်း (၄၉ ကြိမ်)နဲ့ ကီလီယန် အမ်ဘာပေး (၄၈ ကြိမ်) တို့ထက် ဒမ်ဘီလီ (၄၆ ကြိမ်) က ဂိုးပါဝင် ပတ်သတ်မှု နည်းပါးနေတာ တွေ့ရပါတယ်။ သူဟာ ချန်ပီယံလိဂ် မှာတော့ ၈ ဂိုး သွင်းကာ ၆ ဂိုးဖန်တီးပြီး ဂိုးပါဝင် ပတ်သတ်မှု ၁၄ ကြိမ် ရှိထားပါတယ်။ ပြိုင်ပွဲ တစ်ခုမှာ ဘယ် ပီအက်စ်ဂျီ ကစားသမားကမှ အခုလိုမျိုး စွမ်းဆောင်ထားနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒမ်ဘီလီဟာ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ အတူ လီဂူးဝမ်း၊ Coupe de France နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ရရှိထားပြီး ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံးက ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီနဲ့ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ဒမ်ဘီလီ

ဘရက်ဒ်လီ ဘာကိုလာ ကတော့ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အတွက် အထင်ကြီး လေးစားစရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အင်တာမီလန်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မှာလည်း ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ပြိုင်ပွဲ အရပ်ရပ်မှာ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ကာ ၂၁ ဂိုး သွင်းယူထားပြီး သူ့ထက် ဂိုးပိုသွင်းထားသူ ဆိုလို့ ဒမ်ဘီလီ (၃၃ ဂိုး) သာ ရှိတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒမ်ဘီလီ (၁၁၁ ကြိမ်) နဲ့ ဟာကီမီ (အကြိမ် ၁၀၀) တို့ပြီးရင် ဘာကိုလာ (၈၂ ကြိမ်) ဟာ ပီအက်စ်ဂျီ အတွက် တစ်ရာသီလုံးမှာ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ပြင်သစ်သား ကို‌တော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ချဲလ်ဆီး အပြင် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေပြီးတော့ ဘာကိုလာ အနေနဲ့ ဒီနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာသွားနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း လူးဝစ္စ အန်နရီကေး ကတော့ သူ့ရဲ့ ကစားသမားကို ပါရီမှာပဲ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားပါတယ်။ အန်နရီကေးက ဘာကိုလာနဲ့ ပတ်သတ်ပြီး “သူက ကျွန်တော် တို့ရဲ့ ကစားသမား အဖြစ် ဆက်ရှိနေမယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ကျွန်တော် တို့ရဲ့ ကစားသမားတွေကို တခြား ကလပ် အသင်းတွေက စိတ်ဝင်စားနေကြတာ ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ဆီမှာ ပြုစုပျိုးထောင်ခဲ့တဲ့ လူငယ်ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီမှာ နောက်ထပ် နှစ်ပေါင်း များစွာ ဆက်လက် ကစားဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်