နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပိန်ကို ပင်နယ်တီနဲ့ အနိုင်ယူပြီး နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်္ဂလန် | အမျိုးသမီး ယူရို ၂၀၂၅

ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အမျိုးသမီး ယူရို ၂၀၂၅ ပြိုင်ပွဲ မှာတော့ အင်္ဂလန်က စပိန်ကို ပင်နယ်တီ အဆုံးအဖြစ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ လက်ရှိချန်ပီယံ အင်္ဂလန်ဟာ ဥရောပ ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ တတိယ အအောင်မြင်ဆုံး အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်က ဝီလီယမ်ဆန်၊ ဘရွန့်ဇ်၊ ကာတာ၊ ဂရင်းဝုဒ်၊ တွန်း၊ ဂျိမ်းစ်၊ ရူဆို တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီးတော့ စပိန် ကလည်း ကဲလ်ဒန်တေး၊ ဂွန်ဇာလက်ဇ်၊ ကတ်စတီလို၊ ဘွန်မာတီ၊ ပါရီဒက်စ်၊ ကိုးလ် တို့လို ကစားသမားကောင်းတွေကို ပွဲထုတ်လာခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့် ထိပ်ဆုံး ၅ သင်း စာရင်းဝင် နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်တာနဲ့ အညီ ပွဲက အကြိတ်အနယ် ရှိခဲ့ပြီး စပိန်က ခြေစွမ်းပိုင်း ပိုကောင်းခဲ့တာ တွေ့ရပါတယ်။ ဦးဆောင်ဂိုး ကိုလည်း စပိန်ကပဲ စတင် ရရှိခဲ့ပြီး အာဆင်နယ် ကစားသမား ကဲလ်ဒန်တေးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ အင်္ဂလန်တို့ ချေပဂိုး ရရှိခဲ့ပြီး ထူးခြားတာက ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ချန်ပီယံ အာဆင်နယ် ကစားသမားပဲ ဖြစ်တဲ့ ရူဆိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ယူရို ၂၀၂၅ အတွက် အကောင်းဆုံး ကစားသမားဆုကို စပိန် ကွင်းလယ် ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကို အင်္ဂလန် တိုက်စစ်မှူး အက်ဂ်ယီမန်းက ရရှိခဲ့ပါတယ်။
စပိန်က ကမ္ဘာ့ဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့ အင်္ဂလန်

၁-၁ ဖြစ်ပြီးတဲ့နောက် စပိန်က သိသိသာသာ ကစားအား တင်လာခဲ့ပြီးတော့ အင်္ဂလန် ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝီလီယမ်ဆန် ဦးဆောင်တဲ့ ခံစစ်နဲ့ ဂိုးသမား ဟမ့်ပ်တန်ရဲ့ တည်ငြိမ်တဲ့ တားဆီးမှုတွေကြောင့် စပိန်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပြီး အင်္ဂလန် ကလည်း ပွဲချိန် ကြာလာတာနဲ့ အမျှ ကစားအား သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်ပို ကစားပြီးချိန် အထိ အနိုင်အရှုံး အဖြေ မပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ အင်္ဂလန် ဘက်က ဘက်သ် မိဒ်၊ လီယာ့ ဝီလီယမ်ဆန် တို့ နှစ်ဦး လွဲချော်ခဲ့ပေမယ့် စပိန် ဘက်တော့ ကဲလ်ဒန်တေး၊ ဘွန်မာတီ၊ ပါရယ်လီယိုလို တို့ ၃ ဦး အထိ လွဲချော်ခဲ့တာကြောင့် အင်္ဂလန်တို့ ၃-၁ ရလဒ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

ဒါကြောင့် အင်္ဂလန်က စပိန်ကို အမျိုးသမီး ယူရို ၂၀၂၅ မှာတော့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရှုံးကြွေးကို အချိုမြိန်ဆုံး ပြန်ဆပ်နိုင်ခဲ့ပြီး နှစ်ကြိမ် ဆက်တိုက် ယူရို ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီး ယူရို ၂၀၂၅ အတွက် အကောင်းဆုံး ကစားသမားဆုကို စပိန် ကွင်းလယ် ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကို အင်္ဂလန် တိုက်စစ်မှူး အက်ဂ်ယီမန်းက ရရှိခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမား ဘွန်မာတီ ကတော့ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆိုကို ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် တို့မှာ ၂ နှစ် ဆက်တိုက် ရရှိခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲ မတိုင်ခင် ဆေးရုံတက်ခဲ့ရတာကြောင့် ကြံ့ခိုင်မှု မပြည့်ဝခဲ့ကြောင်း သိရပါတယ်။အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့တဲ့ အက်ဂ်ယီမန်း ကတော့ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးပြီး အာဆင်နယ် ကစားသမား ဖြစ်ပါတယ်။ အက်ဂ်ယီမန်းဟာ ဒီပြိုင်ပွဲမှာ အရန် ကစားသမား အဖြစ် စုစုပေါင်း ၁၃၈ မိနစ်သာ ကစားခဲ့ရပေမယ့် အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးဆု ကိုတော့ စပိန် တိုက်စစ်မှူး အက်စ်သာ ဂွန်ဇာလက်ဇ်က သွင်းဂိုး ၄ ဂိုးနဲ့ ရရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်