နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ပွဲပြီးသုံးသပ်ချက်များ)

ယူရိုပါလိဂ်နဲ့ တစ်ချိန်တည်းမှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွန့်ဖရင်လိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ဟာလည်း အကြိတ်အနယ် ရှိခဲ့ပြီး ကျဉ်းမြောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲ မှာတော့  နယ်သာလန် ကလပ် ဖီယင်နုက ပြင်သစ် ထိပ်သီး မာဆေးလ်ကို ကျော်ဖြတ်နိုင်ခဲ့သလို ရိုးမား ကလည်း လက်စတာစီးတီးကို အနိုင်ယူပြီး ဗိုလ်လုပွဲကို အသီးသီး တက်လှမ်းသွားနိုင်ခဲ့ကြပါတယ်။

 

ရိုးမား ၁-၀ လက်စတာစီးတီး

(နှစ်ကျော့ပေါင်း ရလဒ် ၂-၁)

ပရိသတ်တွေ သတိထား စောင့်ကြည့်ခဲ့ကြတဲ့ ဒီပွဲမှာတော့ ဂျိုဆေးမော်ရင်ဟိုရဲ့ အသင်းက ပထမအကျော့နဲ့ မတူပဲ ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပါတယ်။ အိမ်ရှင် ရိုးမားတို့ ခံစစ် ၃ ယောက်တန်း အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ တမ်မီ အေဗရာဟမ် တစ်ဦးတည်းကို အထောင်ထားကာ ဇန်နီယိုလို၊ ပယ်လီဂရီနီ၊ ခရစ္စတန်တီ၊ ကားစ်ဒေါ့ပ်၊ အိုလစ်ဗီယာရာ၊ စမောလင်း၊ အီဘာနက်ဇ်၊ မန်ချီနီ တို့နဲ့ အတောင့်တင်းဆုံး ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်စတာစီးတီး ကလည်း ၄-၃-၃ ကစားကွက်နဲ့ကိုမှ ဂျေမီ ဗာဒီ၊ လွတ်ခ်မန်း၊ ဟာဗေး ဘန်းစ်၊ ဒရူးဘရီဟောလ်၊ တေးလီမန့်စ်၊ မက်ဒီဆင်၊ ဂျက်စတင်၊ အီဗန့်စ်၊ ဖိုဖာနာ၊ ပရဲရား၊ ရှမိုက်ကယ်တို့ ပါတဲ့ ပွဲထွက်လူစာရင်းနဲ့ ရိုးမားကို အသာရဖို့ ကြိုးပမ်းခဲ့ပါတယ်။

ရိုးမား အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တမ်မီ အေဗရာဟမ် က ပွဲချိန် ၁၁ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပြီး အဲ့ဒီ သွင်းဂိုး ၁ ဂိုး ကပဲ ဂျိုဆေး မော်ရင်ဟိုရဲ့ အသင်း အတွက် ဗိုလ်လုပွဲ တက်ဖို့ လုံလောက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ရိုးမားတို့ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် လက်စတာစီးတီး ကတော့ ဒုတိယပိုင်းမှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး လိုအပ်နေတဲ့ ချေပဂိုး အတွက် အားစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုးမားရဲ့ ခံစစ်ကြောင်းက လက်စတာစီးတီး အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခု ဖြစ်ခဲ့ရပြီး ဘရန်ဒန် ရော့ဒ်ဂျားစ် အနေနဲ့လည်း သွင်းဂိုးတွေ ရရှိရေး အဖြေရှာမရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ ရိုးမားတို့ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ လက်စတာစီးတီး ကတော့ ဒီနှစ် ဘောလုံးရာသီဟာ သူတို့ အတွက် အတော်လေးကို ခက်ခဲတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့ရပြီး ဆုဖလား တစ်လုံးမှ ကိုင်မြှောက်နိုင်ဖို့ မရှိတော့သလို လာမယ့် ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့်လည်း ရတော့မှာ မဟုတ်ပါဘူး။ ရိုးမားကို ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး မော်ရင်ဟို ကတော့ ယူအီးအက်ဖ်အေ က ကြီးမှူးကျင်းပတဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ၃ ခုစလုံးမှာ ဗိုလ်လုပွဲ တက်နိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။ အကယ်၍ ချန်ပီယံ သာ ဖြစ်ခဲ့မယ် ဆိုရင် အဲ့ဒီ ပြိုင်ပွဲ ၃ ခုစလုံးမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဦးဆုံး နည်းပြ ဖြစ်လာဦးမှာပါ။

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
အဲဗာတန်
ဂိုးပေါ် 2.50 @ 2.00
1X2 သရေ (Draw) @ 3.15
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

မာဆေးလ် ၀-၀ ဖီယင်နု

(နှစ်ကျော့ပေါင်း ရလဒ် ၂-၃)

ပထမအကျော့ နယ်သာလန်မြေမှာ ၃-၂ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရထားခဲ့တဲ့ ဖီယင်နုတို့ ပြင်သစ်မြေမှာ ခံစစ် စုဖွဲ့မှု ကောင်းကောင်းနဲ့ မာဆေးလ်ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာတဲ့ မာဆေးလ်မှာ ဒီမီထရီ ပါရတ်၊ ဒီရန်၊ ဟာရစ်၊ ဂါရာ၊ ဂွန်ဒိုဇီ၊ ဂါဆန်၊ ဆယ်လီဘာ၊ ပီရက်စ်၊ ကာမာရာ၊ ရွန်ဂီယာ၊ မန်ဒန်ဒါ တို့ ပါဝင်ခဲ့ပါတယ်။ ဖီယင်နု ကလည်း ၄-၃-၃ နဲ့ အတူ ရီးစ်နဲလ်ဆင်၊ ကော့ချူ၊ ဒက်ဆား၊ ဆန်ဆီ၊ ထရော်နာ တို့လို အမာခံတွေနဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ ကိုတော့ မေလ ၂၆ ရက်နေ့ ကျင်းပသွားဖို့ ရှိပြီး ရိုးမားနဲ့ ဖီယင်နုတို့ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး အကြိမ် ဥရောပြိုင်ပွဲ တစ်ခုရဲ့ အမြင့်ဆုံး အဆင့် တစ်ခုကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ ဖီယင်နု

မာဆေးလ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် ဖီယင်နု ခံစစ်ကြောင်းကို ထိုးဖောက်ဖို့ ခက်ခဲခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေလည်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဓိက ကတော့ မာဆေးလ်တို့ တစ်ဦးချင်းရော၊ အသင်းလိုက် ကစားပုံပါ မကောင်းခဲ့ပဲ ဖီယင်နု ကတော့ စနစ်တကျ ပြန်လည် ခုခံသွားနိုင်ခဲ့လို့ ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂-၃ နဲ့ ဖီယင်နုတို့ ပထမဦးဆုံး အကြိမ် ကျင်းပတဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ တက်လှမ်းသွားနိုင်ခဲ့သလို နှစ်ပေါင်း ၂၀ အကြာမှာ ဥရောပပြိုင်ပွဲ တစ်ခုရဲ့ အမြင့်ဆုံး အဆင့်ကို ပြန်လည် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်များ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ ကိုတော့ မေလ ၂၆ ရက်နေ့ ကျင်းပသွားဖို့ ရှိပြီး ရိုးမားနဲ့ ဖီယင်နုတို့ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရိုးမားတို့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ဖီအိုရင်တီးနားနဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဖီယင်နု ကတော့ ပီအက်စ်ဗွီနဲ့ နယ်သာလန် ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်