နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Comeback ရလဒ်နဲ့ ဆဲလ်ဘတ်ကို အနိုင်ရရှိခဲ့တဲ့ အက်စတွန်ဗီလာ | ယူရိုပါလိဂ်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာက ရက်ဘူးလ် ဆဲလ်ဘတ်ကို ၂ ဂိုး – ဂိုးမရှိနဲ့ ရှုံးနိမ့်နေရာ ကနေ ၃-၂ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဗီလာက ယူရိုပါလိဂ် လိဂ်အဆင့် အမှတ်ပေးဇယားမှာ လိုင်ယွန်ရဲ့ နောက် ဒုတိယနေရာ ကနေ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့ပါတယ်။ 

 

ပွဲစဉ်အကျဉ်း

ပွဲအစ ပထမပိုင်းမှာ ဗီလာရဲ့ အဓိက တိုက်စစ်မှူး အိုလီ ဝက်ကင်းန် ဒဏ်ရာကြောင့် လူစားလဲခဲ့ရသလို၊ နောက်ခံလူ တိုင်ရုန် မင်းဂ်ရဲ့ အမှားကနေ တစ်ဆင့် ဆဲလ်ဘတ်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၃၃ မိနစ်မှာ မင်းဂ်ရဲ့ ဂိုးသမားထံ ပေးပို့မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘိုင်ဒူးက ကာရင်မ် ကိုနာတေးထံ ဖန်တီးပေးခဲ့ရာ ကနေ ဆဲလ်ဘတ်တို့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်း ပွဲပြန်စပြီး ၄ မိနစ် အကြာမှာလည်း မူဆာယိုက ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့တာကြောင့် ဗီလာတို့ ၂ ဂိုးပြတ်နဲ့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၆၅ မိနစ်မှာ ဝက်ကင်န် အစား ဝင်ကစားခဲ့တဲ့ မော်ဂန် ရော်ဂျာစ်က ဗီလာ အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ၇၆ မိနစ် မှာတော့ အမှားလုပ်ခဲ့တဲ့ တိုင်ရုန်း မင်းဂ် ကပဲ မက်တီ ကက်ရှ်ရဲ့ ဖန်တီးပေးမှု ကနေ ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် ၂ ဂိုးစီ သရေ ဖြစ်သွားခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ဖို့ ၃ မိနစ်သာ လိုတော့ချိန် မှာတော့ အသက် ၁၉ နှစ် အရွယ် လူငယ် ကစားသမား ဂျာမဲလ်ဒင်း ဂျီမို အလိုဘာက အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ဗီလာ စီနီယာ အသင်းမှာ ပထမဦးဆုံး သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အက်စတွန်ဗီလာဟာ ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ အိမ်ကွင်း ၇ ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ စံချိန်သစ်ကို သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ်စီ တူညီခဲ့ပေမယ့် ဗီလာက ဂိုးပေါက်တည့်မှု ၉ ကြိမ်နဲ့ ပိုမိုထိရောက်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဗီလာတို့ အုပ်စု ဒုတိယနေရာကို ခိုင်မာစေခဲ့ပြီး ရှုံးထွက်အဆင့်တွေမှာ အိမ်ကွင်း အားသာချက် (ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမယ့် အခွင့်အရေး) ရရှိသွားခဲ့ပါတယ်။ ဆဲလ်ဘတ် ကတော့ ယူရိုပါလိဂ် ပြိုင်ပွဲ ကနေ စောစောစီးစီးပဲ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဗီလာဟာ ယူရိုပါလိဂ် လိဂ်အဆင့်မှာ လိုင်ယွန်နဲ့ ဂိုးကွာခြားချက်သာ ရှိပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗီလာ အတွက် ဥရောပပြိုင်ပွဲကြီးတွေမှာ ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ပြန်လည် အနိုင်ရရှိခဲ့တဲ့ တတိယမြောက် မှတ်တမ်းလည်း ဖြစ်ပါတယ်။ (၁၉၉၈ ခုနှစ်က စထရွမ်ဂေါ့ဆက်၊ ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိခဲ့)

နည်းပြ အူနိုင်း အမ်မရီ ကတော့ ယူရိုပါလိဂ်ဖလားကို ၄ ကြိမ် အထိ ဆွတ်ခူးထားပြီး တခြားသေည နည်းပြတွေထက် ပိုမို အောင်မြင်ထားသူ ဖြစ်ပါတယ်။
ယူရိုပါလိဂ်မှာ ပွဲပေါင်း ၁၀၁ ပွဲ အထိ ကိုင်တွယ်ခဲ့တဲ့ အူနိုင်းအမ်မရီ

ဒါ့အပြင် ဗီလာက ၂၀၂၃-၂၄ ဘောလုံးရာသီက စပြီး ဥရောပ ပြိုင်ပွဲကြီးတွေမှာ အိမ်ကွင်း ၁၆ ပွဲ ကစားရာမှာ ၁၄ ပွဲ အထိ အနိုင်ရရှိထားပြီး တခြား ဘယ်အသင်းထက်မဆို အိမ်ကွင်း နိုင်ပွဲ ပိုမိုရရှိထားပါတယ်။ ၁၆ သင်း အဆင့် မှာတော့ ဗီလာက ရက်ဒ်စတား ဘဲလ်ဂရိတ်၊ ဆဲလ်တာဗီဂို၊ PAOK သို့မဟုတ် လိုင်လီ တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

နည်းပြ အူနိုင်း အမ်မရီ ကတော့ ယူရိုပါလိဂ်ဖလားကို ၄ ကြိမ် အထိ ဆွတ်ခူးထားပြီး တခြားသေည နည်းပြတွေထက် ပိုမို အောင်မြင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒီပြိုင်ပွဲမှာ ပွဲပေါင်း ၁၀၁ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီး စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဂျီမို အလိုဘာ ကတော့ အသက် ၁၉ နှစ်နဲ့ ၁၁၉ ရက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဗီလာရဲ့ သမိုင်းတလျှောက် ဥရောပရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ စာရင်းမှာ နံပါတ် (၄) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

ပွဲပြီးပြောစကားများ

ပွဲအပြီးမှာတော့ ဗီလာ အတွက် အရေးပါတဲ့ ပထမ ချေပဂိုးကို သွင်းယူပေးခဲ့သူ မော်ဂန် ရော်ဂျာစ်က နည်းပြ အူနိုင်း အမ်မရီကို ချီးကျူးစကားတွေ ပြောခဲ့ပါတယ်။ အက်စတွန်ဗီလာဟာ နည်းပြ အူနိုင်း အမ်မရီရဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အတွေ့အကြုံတွေကြောင့် တခြား ပြိုင်ဘက်တွေထက် ထူးခြားတဲ့ အားသာချက် တစ်ခု ရှိနေကြောင်း ရော်ဂျာစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သူဟာ ပြိုင်ပွဲတစ်ခု (အထူးသဖြင့် ယူရိုပါလိဂ်) ကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ ကောင်းကောင်း သိသူပါ။ သူ့လိုလူမျိုးက ကျွန်တော်တို့ကို လမ်းညွှန်ပေးနေတာဟာ အသင်း အတွက် အင်မတန် အားကိုးရာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ကျွန်တော်တို့ ကိုယ်တိုင် ဘယ်လောက် ကြိုးစားအားထုတ်မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။” လို့ TNT Sports ကို ပြောကြားခဲ့ပါတယ်။

ဝါရင့်နောက်ခံလူ တိုင်ရုန်း မင်းဂ် ကတော့ ဂျီမို အလိုဘာနဲ့ ပတ်သက်ပြီး အခုလို ချီးကျူးခဲ့ပါတယ်။ “ဒါဟာ ဂျီမို အတွက် အရမ်းလှပတဲ့ အခိုက်အတန့်ပါ။ သူ နေ့တိုင်း ကြိုးစား အားထုတ်နေတာတွေကို ကျွန်တော်တို့ မြင်ပါတယ်။ နည်းပြရော၊ ကျွန်တော်တို့ ကစားသမားတွေပါ သူ့ကို ပြင်းပြင်းထန်ထန် တွန်းအားပေးကြတယ်၊ ဘာလို့လဲ ဆိုတော့ သူ့မှာ ရှိတဲ့ အရည်အချင်းကို ကျွန်တော်တို့ သိနေလို့ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်