မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကတော့ သူ့အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး အဖြစ် ဆက်လက် ကစားပေးဖို့ အဆင်သင့် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ လိုင်ယွန်ကို အချိန်ပို ၁၂၁ မိနစ်မှာ သွင်းယူခဲ့တဲ့ အံ့အားသင့်ဖွယ် အနိုင်ဂိုးနဲ့ အတူ အသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဆီ တက်လှမ်းစေခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ကတော့ နည်းပြ ရူဘင် အမော်ရင် လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေပြီးတော့ အသင်း အတွက် အရေးပါတဲ့ ဂိုးတွေလည်း သွင်းယူပေးနေသူ ဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်မှာ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီး ဒဏ်ရာ ရနေသလို ဟွိုက်ဂျ်လန်း ကလည်း ပြိုင်ပွဲစုံ နောက်ဆုံး ၂၇ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီရာသီမှာ ယူနိုက်တက် အတွက် အရေးပါတဲ့ သွင်းဂိုး ၄ ဂိုး သွင်းယူထားတဲ့ မက်ဂွိုင်းယားက “ကျွန်တော်တို့ တိုက်စစ်ပိုင်းက လူအင်အားနည်းနေတာကို ခင်ဗျားတို့ သတိထားမိမှာပါ။ အလက်ဟန်ဒရို ဂါနာချိုနဲ့ ရက်စ်မက်စ် တို့ပဲ တိုက်စစ်မှာ ရှိနေပြီးတော့ သူတို့လည်း အစွမ်းကုန် ကစားခဲ့ကြပါတယ်။ ဂျော်ရွှာ ကိုလည်း ကျွန်တော်တို့ လက်လွှတ်လိုက်ရတယ်။ ဒါကြောင့် နည်းပြက ကျွန်တော့်ကို ရှေ့တန်းမှ တက်ကစားဖို့ တောင်းဆိုလာရင် ကျွန်တော် အဲ့ဒီနေရာမှာ ကစားဖို့ အသင့် ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး မက်ဂွိုင်းယားက “ကျွန်တော် ကိုယ့်ကိုယ်ကို ဂိုးဧရိယာထဲမှာ အန္တရာယ်ပေးနိုင်သူလို့ မြင်ပါတယ်။ ဖြတ်တင်ဘောတွေ ဝင်လာချိန်မှာ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ပြီး ဂိုးသွင်းနိုင်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် တိုက်စစ်မှာ မိနစ် ၃၀ လောက်ပဲ ကစားခဲ့ရပေမယ့် နောက်တန်း ခံစစ်မှူး အဖြစ် ကစားရတာထက်တော့ အများကြီး ပိုပြီး ခက်ခဲပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
အမော်ရင် အနေနဲ့ ဟယ်ရီ မက်ဂွိုင်းယားကို ပွဲအစကတည်းက တိုက်စစ်မှူး အဖြစ် အသုံးပြုဖို့ အစီအစဉ် မရှိပေမယ့်လည်း အသင်းက တိုက်စစ်ပိုင်းမှာ လိုအပ်နေချိန်မှာ အင်္ဂလန်သားရဲ့ သက်ရောက်မှု ကိုတော့ သဘောကျလျက် ရှိနေပါတယ်။ အမော်ရင်က ပေါင် သန်း ၈၀ တန် နောက်ခံလူကို လိုအပ်လာရင် အသုံးဝင်တဲ့ တိုက်စစ် လက်နက် တစ်ခု အဖြစ် လေ့ကျင့်ရေးကွင်းနဲ့ ပွဲစဉ်တွေကို ကြည့်ပြီး ကောင်းကောင်း ရှုမြင်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် အခု ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခြင်းက ယူနိုက်တက်ကို လာမယ့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ငွေကြေး အကျိုးအမြတ် ရရှိနိုင်မယ့် ဝင်ခွင့် လက်မှတ်ကို ရရှိစေမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုအရ လာမယ့် ရာသီ ဥရောပဝင်ခွင့် ရရှိနိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့တာကြောင့် ယူရိုပါလိဂ်ကို အပြည့်အဝ အာရုံစိုက်ဖို့ လိုအပ်နေတာပါ။ ယူနိုက်တက် အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် ဆိုရင်တော့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲမှကို ရမှာ ဖြစ်ပါတယ်။
လာမယ့် ပွဲစဉ်တွေမှာ မက်ဂွိုင်းယားကို ရှေ့တန်း ကစားသမား အဖြစ် အသုံးပြုမယ့် အလားအလာနဲ့ ပတ်သက်လို့ မေးမြန်းရာ မှာတော့ နည်းပြ ရူဘင် အမော်ရင်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အမော်ရင်က “ပုံမှန် ပွဲစဉ် တစ်ခုကို ကစားဖို့ အတွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို အရေးပေါ် အခိုက်အတန့်တွေမှာ ဒါက တကယ် အရေးပါတဲ့ အရာ တစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဟယ်ရီ့ကို ကြည့်ပြီး သူ့ကို တိုက်စစ်မှူး အဖြစ် ထားလိုက်တဲ့ အခါမှာ ဂိုးဧရိယာထဲ ကောင်းကောင်း ကစားနိုင်တဲ့ ကစားသမား တစ်ယောက် အဖြစ် မြင်တွေ့ရပါတယ်။ သူက အဲ့ဒီနေရာမှာ ဘယ်လိုမျိုး ပြုမူရမယ် ဆိုတာ သိတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.