Opta ရဲ့ စူပါကွန်ပျူတာ ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ ယူရိုပါလိဂ်မှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံးလဲ ဆိုတာကို ခန့်မှန်းလိုက်ပါတယ်။ Opta ရဲ့ စူပါကွန်ပြူတာ တွက်ချက်မှု အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာက ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း များနေပြီး နှစ်ပေါင်း များစွာ အကြာမှ ဥရောပ ပြိုင်ပွဲ ပြန်လည် ကစားခွင့် ရရှိခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် ကလည်း ထိပ်ဆုံး ၃ သင်း စာရင်းမှာ ပါရှိနေပါတယ်။
Opta ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ကစားခဲ့ရပြီး ဒီနှစ်မှာ ယူရိုပါလိဂ် ဆင်းကစားရတဲ့ အူနိုင်း အမ်မရီရဲ့ အသင်းက ချန်ပီယံ ဖြစ်နိုင်ခြေ ၂၁.၆ ရာခိုင်နှုန်း ရှိနေပါတယ်။ ဗီလာက ကွာတားဖိုင်နယ် တက်ရောက်နိုင်ခြေ ၇၁.၉ ရာခိုင်နှုန်း အထိ ရှိပြီး ဆီမီးဖိုင်နယ် အတွက် ၅၁.၄ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲ ကိုတော့ ၃၅.၂ ရာခိုင်နှုန်း တက်ရောက်နိုင်ခြေ ရှိနေပါတယ်။
ဗီလာ ပြီးရင်တော့ အတ္တလန္တာနဲ့ အတူ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ယူရိုပါလိဂ် ချန်ပီယံဆု ယူထားတဲ့ ဂတ်စ်ပီရီနီ ကိုင်တွယ်နေတဲ့ ရိုးမားက ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ ရိုးမားဟာ ကွာတားဖိုင်နယ် အဆင့်ကို ၅၉.၈ ရာခိုင်နှုန်း၊ ဆီမီးဖိုင်နယ် အတွက် ၃၈.၂ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲ ကိုတော့ ၂၃.၁ ရာခိုင်နှုန်းနဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ ကတော့ ၁၂.၈ ရာခိုင်နှုန်း ရှိနေပါတယ်။

ထူးခြားတာက ဥရောပ ဘောလုံးနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ အလားအလာ ဖြစ်ပါတယ်။ တကယ်တော့ နော့တင်ဟမ်ဖောရက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၇ နေရာသာ ရရှိခဲ့ပြီး ယူရိုပါကွန့်ဖရင့်လိဂ် ခြေစစ်ပွဲ ကနေ စတင် ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်က ပိုင်ရှင်တူ ပြဿနာကြောင့် ကွန့်ဖရင့်လိဂ်ကို ဆင်းကစားခဲ့ရချိန် မှာတော့ ဖောရက်စ်က ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက် တစ်ခုက မနှစ်က စပါးကို ယူရိုပါလိဂ် အရယူပေးခဲ့တဲ့ အန်ဂျီ ပိုစတီကိုဂလူးဟာ ဖောရက်စ်ကို ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ Opta ကတော့ ဖောရက်စ်ရဲ့ လက်ရှိ စုဖွဲ့မှု၊ နည်းပြရဲ့ စွမ်းဆောင်ရည်တွေ အပေါ် မူတည်ပြီး ချန်ပီယံ ဖြစ်နိုင်ခြေ ၁၁.၃ ရာခိုင်နှုန်း သတ်မှတ်ပေးခဲ့ပါတယ်။ ဖောရက်စ် အနေနဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခြေ ၅၈.၁ ရာခိုင်နှုန်း ရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခြေ ကတော့ ၃၆.၁ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနောက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခြေ ကတော့ ၂၁.၂ ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။
ဒီ ၃ သင်း ပြီးရင်တော့ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး အသင်းတွေ အဖြစ် ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီနဲ့ လိုင်ယွန်တို့ ရှိနေပါတယ်။ ဖီယင်နော့ဒ်၊ ဘိုလော့ဂ်နာ၊ ပေါ်တို၊ စတုဂတ်၊ ဘက်တစ် တို့လည်း ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်နေပါတယ်။ ချန်ပီယံ ဖြစ်နိုင်ခြေ အနည်းဆုံး အသင်းတွေ အဖြစ်တော့ မစ်ဂျယ်လန်းက ၁ ရာခိုင်နှုန်းနဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး ဒိုင်နမိုဇာဂရက်ဘ်က ၀.၈ ရာခိုင်နှုန်း အူထရစ်ချ် ကတော့ ၀.၅ ရာခိုင်နှုန်းနဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.